ကိုယ့် အဖြစ်ကိုယ် သည်းခံ

in #myanmar7 years ago (edited)

ကိုယ့်အဖြစ်ကိုယ် သည်းခံ

ကာကာဆိုင် ထိုင်ချင်လွန်းလို့
လက်ဖက်ရည် တစ်ခွက်စာနဲ့
စုံမှိတ် ထိုင်ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု မှာ
စီးကရက် တစ်ဖွာ ရှိုက်ချင်ခဲ့မိတဲ့
ကိုယ့်အဖြစ်ကိုယ် သည်းခံ။

ဖုန်းမျက်နှာပြင် အထက်
ဘားတန်း ထောင့်စွန်းနားလေးက
မှိတ်တုတ် မှိတ်တုတ် H+ သင်္ကေတ ကို
မြင်ရနေသော်လည်း network error ဖြစ်နေခဲ့ချိန်
1 sbd နဲ့ mpt 1000 ကဒ်ကို လှဲလှယ်ဖို့ရာ
ဘေးက သူငယ်ချင်းဆီက wifi တောင်းခံ ခဲ့ရတဲ့
ကိုယ့်အဖြစ်ကိုယ် သည်းခံ။

10$ နီးပါးတန် sbd တွေ တသသကြည့်ရှုရင်း
မထိမတို့ရဲ ဖြစ်နေခဲ့ချိန်
steemit convertor က
5 sbd အတွက် 2.905 steemနဲ့ သာ
လဲလှယ်ပေးခဲ့တဲ့အတွက်
shock အကြီးကြီး ရခဲ့တဲ့
ကိုယ့်အဖြစ်ကိုယ် သည်းခံ။

၁၇၉ မိုင် ဝေးကွာတဲ့
ရန်ကုန် - ပြည် ခရီးလမ်း အတွက်
မွန်းကြပ် ပိတ်လှောင် တဲ့ bus ကားကို ငြင်းပယ်ပြီး
ခန့်ခန့်ထည်ထည် ရထားတွဲကြီး အတွင်းက
မှင်သေသေ မျက်နှာပေးနဲ့
ကိုယ့်အဖြစ်ကိုယ် သည်းခံ။

ကဲ ကိုယ့်အဖြစ်ကိုယ် သည်းခံ။

image

Friendly ,

MSC - 049 @shweyaungmyanmar

Sort:  

I love this poem, original and so creative.. so sorry it has happened to you.. but I also mentioned in 2 of my posts that SBD has mooned.. hope more SBD for you in the future! voted for you but mine isn't so much.. hopefully I am able to vote more in the future...

Oh !
Thank for your supporting , my sis.
God Bless you.

domelayတင်ထားတဲ့ marketနဲ့ပြောင်းတာအဆင်ပြေတယ်bro။

ဟုတ်ကဲ့ ရှာဖတ်လိုက်ပါမယ်ဗျ

ကျွန်မလည်းsteem converter ကြောင့်ခံလိုက်ရတယ်။1sbd ကိုsteem ပြောင်းတာ0.5steemလောက်ပဲရတယ်။သူများတွေလိုအများကြီးဆုံးရှုံးမသွားတာပဲကံကောင်းတယ်ပြောရမယ်။

င့် market ကိုဘာလို့ မသုံးကြတာလဲဟင် ပေါက်ဈေးအတိုင်း အချိန်မဆိုင်း ပြောင်းရနေတာကို

marketကိုဘယ်လိုသုံးရမှန်းမသိလို့လေ။googleမှာရှာတုန်းကနိုင်ငံခြားသားတစ်ယောက်marketမှာပြောင်းတဲ့နည်းရေးထားတာတော့တွေ့တယ်။သူ့နည်းကရှုပ်ရှက်ခက်နေတာနဲ့converterနဲ့ပဲပြောင်းလိုက်တာ။ဟိုနေ့ကမှ domelay ရေးထားတဲ့စာဖတ်ပြီးမှ marketမှာလွယ်လွယ်နဲ့ steemဝယ်လို့ရမှန်းသိတာ။

ဆရာဆီမှာသင်တန်းတက်။

ဟုတ်။

စာမဖတ်တာ နစ်နာတာပဲ နော် ဗျ

အင်း

အာ့လောက်ကြီး ဖြစ်သွားမယ် ထင်မထားဘူး ညေး do

ဘဝတူတွေပါ sis

SBD ​တွေကို Steem ​ပြောင်းခဲ့မိတာကို အသည်း​ပေါက်​တာ 😭😭

စောစော စီးစီး မပြောပြခဲ့ဘူးနော် sis
ဒီမှာ မနေ့ကမှ ဖြစ်သွားတာဗျ

ဟုတ်​ကဲ့ပါ၊ ​နောက်​ဆို steemit နဲ့ပတ်​သတ်​တာ​တွေကို သိသ​လောက်​​ကြိုးစား​ရေး​ပေးပါ့မယ်​။

အလကားမတ်တင်းရှင်းပြနေပါတယ်ဗျာ။

ဟုတ်ကဲ့ပါ ဆရာ
အခုတစ်လော အဆက်သွယ် ပြတ်သွားတယ်ဗျာ