ဖခင်ကို မုန်းနေသော သားတစ်ယောက်

in #myanmar7 years ago (edited)

photo-1498079022511-d15614cb1c02.jpg

လူငယ်တစ်ဦးသည် ကောလိပ်မှ ဘွဲ့လက်ခံရယူရန် အဆင် သင့် အခြေအနေတွင် ဖြစ်လေသည်။သူသည် အရောင်းပြခန်း တစ်ခုမှ လှပသော ဇိမ်ခံကားတစ်စီးကို လပေါင်းများစွာ သဘောကျ နှစ်ခြိုက်နေခဲ့ပြီး သူ၏ ဖခင်က ၎င်းအတွက် ကောင်းစွာ ကြိုးပမ်းပေး လိမ့်မည် ဖြစ်ကြောင်း သိနေခဲ့ကာ သူအလိုရှိသမျှအရာအားလုံး သည် ထိုအရာဖြစ်ကြောင်း ဖခင်ကို ပြောပြခဲ့ပါသည်။

ဘွဲ့ယူရန် နေ့သည် နီးကပ်လာပြီ ဖြစ်သောကြောင့် လူငယ် သည် သူ့ဖခင်၏ ကားအတွက် ငွေပေးချေ ဝယ်ယူပြီးမည့် အရိပ် အယောင်ကို မျှော်လင့်လျက် ရှိနေပါတော့သည်။နောက်ဆုံးတွင် သူဘွဲ့လက်မှတ် လက်ခံရယူမည့် မနက်၌ သူ့၏ဖခင်က သူ့ကို ကိုယ်ပိုင် စာကြည့်ခန်းသို့ ခေါ်လိုက်လေသည်။ဖခင် ဖြစ်သူက ယခု လို ထူးချွှန်သော သားတစ်ယောက်ရှိနေခြင်းအတွက် မည်မျှ ဂုဏ်ယူ မိ ကြောင်း သူ့ကို မည်မျှ ချစ်မြတ်နိုးကြောင်း ပြောပြ၏။ ထို့နောက် ဖခင်က လှပစွာထုပ်ပိုးထားသော လက်ဆောင် ဗူးငယ် ကလေး ကို သားဖြစ်သူထံသို့ လက်ကမ်းပေးလိုက်သည်။

photo-1494426383302-7b9d36a1a028.jpg

သိလိုစိတ်ပြင်းစွာဖြင့် လူငယ်သည် ဗူးကလေးကို ဖွင့်လိုက် ချိန်တွင် နှစ်သစ်မြတ်နိုးဖွယ် သားရေအဖုံးဖြင့် ချုပ်ထားသော သမ္မာ ကျမ်းစာအုပ်ကိုသာ တွေ့ရှိရသောကြောင့် အတော် စိတ်ပျက်လက် ပျက် ဖြစ်ခဲ့ရလေ၏။လူငယ်သည် စိတ်ဆိုးမာန်းဆိုးဖြင့် ဖခင်ကို " အဖေ့ရဲ့ ငွေ အားလုံးနဲ့ဝယ်ပြီး ပေးခဲ့တာက ဒီ စာအုပ် တစ်အုပ် ပဲ လား´´ ဟူ၍ အော်ပြော လိုက်လေသည်။ထို့နောက် သူဟာ ကျမ်းစာ အုပ်ကို ထားခဲ့၍ အိမ်မှ ကမူးရှုးထိုး ထွက်သွားခဲ့လေ၏။နှစ်ပေါင်း များစွာ ကြာသောအချိန်တွင် လူငယ်သည် ရင်းနှီးမြုပ်နှံမှု နယ်ပယ် တွင် အောင်မြင်လာခဲ့လေ၏။သူ့တွင် လှပသော အိမ်တစ်လုံးနှင့် ကြည်နူးပျော်ရွှင်ဖွယ် မိသားစု တစ်ခုလည်း ရှိနေခဲ့ပြီ ဖြစ်၏။သို့ သော် သူဟာ ဖခင်ရဲ့ အသက်အရွယ် အိုမင်းလာမှုကို သတိပြုမိနေ ခဲ့ပြီး သူ့ထံသို့ သွားရောက်သင့်ကြောင်း အတွေး ရှိနေခဲ့ပါသည်။

သူသည် ဖခင်ကို ဘွဲ့ယူသည့်နေ့မှ စတင်၍ ယခုတိုင်အောင် မတွေမြင်ရတော့ ခြင်း ဖြစ်လေ၏။၎င်းအတွက် စီစဉ်မှု တစ်စုံတစ်ရာ မပြုလုပ်ရသေးခင် အခြေအနေတွင် သူ၏ဖခင်သည် အဝေးတစ်နေ ရာသို့ ထွက်ခွာသွားခဲ့ပြီး သူ၏ ပိုင်ဆိုင်မှုများ အားလုံးကို သားဖြစ် သူထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ကြေးနန်းတစ်စောင်ကို လက်ခံ ရရှိခဲ့လေသည်။သို့အတွက် သူသည် အိမ်သို့ချက်ချင်း သွားရောက်ရန် လိုအပ်ပြီး ပစ္စည်းများကို ထိန်သိမ်းရန် အခြေအနေ ဖြစ်လာခဲ့လေသည်။

photo-1494970611092-14b5370acbf9.jpg

သူသည် ဖခင်ဖြစ်သူ၏ နေအိမ်သို့ ရောက်ရှိသွားချိန်တွင်ကား ရုတ်တရက် ဝမ်းနည်းမှု နှင့် ဆို့နင့်လာမှုက ရင်နှင့် မဆန့် ဖြစ်ခဲ့ရ လေတော့သည်။

သူသည် ဖခင်ဖြစ်သူ၏ အရေးကြီး စာရွက်စာတမ်းများကို ရှာ ဖွေရန်အစပြုလိုက်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာ အကြာက သူ ချန်ထားရစ်ခဲ့သော ကျမ်းစာအုပ်ကို အသစ်အနေအထား အတိုင်း ရှိ နေသေးသည်ကို မြင်တွေ့လိုက်ရပါတော့၏။ထိုအခါ သူသည် မျက် ရည်များ ကျဆင်းလာမှုနှင့် အတူ ကျမ်းစာအုပ်ကို ဖွင့်လိုက်ပြီး စာ မျက်နှာများကို ဖတ်ရှုရန် စတင် လှန်လှော လိုက်လေသည်။

photo-1498906538030-8da82e61e424.jpg

သူသည် စာအုပ်မှ စာများကို ဖတ်ရှုနေသည် ဖြစ်သောကြောင့် စာအုပ်၏ နောက်ဘက် တွင် တိပ်ပြားဖြင့်ကပ်ထားသော စာအိတ် အတွင်းမှ ကားသော့ တစ်ချောင်း ထွက်ကျလာခဲ့လေ၏။၎င်းနှင့် တွဲ ၍ ကပ်ထားသည်မှာ သူအလိုရှိသော ကားနှင့် အမည်တူ သော့တစ်ချောင်း ဖြစ်၍ နေလေသည်။နောက်ထပ်မံ တွေ့ရ သည်ကား သူဘွဲ့ယူခဲ့သည့် ရက်စွဲနှင့်အတူ ငွေပေးချေပြီး ဖြစ် ကြောင်း အမှတ်အသား စာရွက်စာတမ်း များပင် ဖြစ်နေပါတော့သည်။

ကျွန်တော်တို့ လိုလားတောင့်တသော အရာများကို ကျွန် တော်တို့ မျှော်လင့်ထားသကဲ့သို့ ထုပ်ပိုးထားမှုပုံစံရှိမနေသည့် အခြေအနေတွင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ ပေးခြင်း များ နှင့် အကြိမ်မည်မျှခန့် လွဲချော်နေခဲ့ပြီး ဖြစ်လေသနည်း။

photo >> unsplash.com

source >> https://goo.gl/ETzph8 (play store App) ( Inspiring categories , no-48 ,A son who hated his father)

Friendly ,
@shweyaungmyanmar

Sort:  

Hello & Cheers!! I'm a content detection and information bot. You are receiving this reply because a short link or links have been detected in your post/comment. The purpose of this message is to inform your readers and yourself about the use of and dangers of short links.

To the readers of the post: Short links are provided by url shortening services. The short links they provide can be useful in some cases. Generally their use is benign. But as with all useful tools there are dangers. Short links can be used to hide all sorts of things. Quite frequently they are used to hide referral links for instance. While not dangerous this can be deceptive. They can also be used to hide dangerous links such as links to phishing sites, sites loaded with malware, scam sites, etc. You should always be extremely cautious before clicking on one. If you don't know and trust the poster don't click. Even if you do you should still be cautious and wary of any site you are sent to. It's always better to visit the site directly and not through a short link.

To the author of the post: While short links may be useful on some sites they are not needed on steemit. You can use markdown to format your links such as this link to steemit. It's as simple as [steemit](https://steemit.com) Unlike short links this allows the reader to see where they are going by simply hovering over the link before they click on it.

This message was created by a bot. It is part of the ongoing fight against spam and phishing attacks on steemit. If you did not use short links in your post and feel you have received this message in error you can contact @fubar-bdhr on discord or @fubar.bdhr on steemit chat to report the issue.

@mrainp420 has voted on behalf of @minnowpond.
If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

            To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
            To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
            To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

Good post .. nice writing.
Thank for sharing!

Nice story.

ဖတ်ရှုတာ ကျေးဇူးပါ

အရမ်းကောင်းပါတယ်လို့အဲ

ဟုတ်ကဲ့ပါ ကိုသာအေး ရေ

ဘာသာပြန်ဆိုခြင်းမှာ အန္တရာယ်တော့ရှိတယ်ညီရေ ကိုယ်ဘာသာပြန်သလို ကိုယ့်ထက်အရင် ဘာသာပြန်ထားသူတွေနဲ့ သွားတိုက်နေရင်လည်း ပြသနာဖြစ်နိုင်တယ် သတိပြုပါဗျာ

နောက်ဆို ref အနေလောက်ပဲ ထည့်သုံးတော့မယ် လို့ တွေးထားပါတယ် အစ်ကိုစိုး