ပယောဂ မဟုတ်ဘူးကွယ်
နာတာရှည်လို ကင်ဆာလိုမျိုးပေါ့ ။
ရွှေရည်စိမ် ဒိုင်းနမိုက်ကို
အတောင့်လိုက်မျိုချ
ဝုန်းခနဲ့ တစစီပေါက်ကွဲမှ
မင်း ကို မီးခိုးလုံးအဖြစ်နဲ့ ပြုံးပြမယ် ။
ပျော်ပါရဲ့လား ချစ်သူ
နေပြည်တော်မှာမိုးခါးတွေရွာနေတယ် ။