သူတို့ဆီက တမ္မတ စကား

in #myanmar7 years ago

အမေရိကန်တွေကိုကျောပြီး ရုရှားက စပွတ်နစ်ဂြိုဟ်တု လပေါ်လွှတ်လိုက်တော့ "ဟာ .. ငါတို့တော့ သွားပြီ" ဆိုပြီးတော့ အမေရိကန်တွေ ပြူးပြာသွားကြတယ်။ လပတ်လမ်းပေါ်ကို အမေရိကန်ထက် ရုရှားတွေရောက်သွားတာဟာ သူတို့အတွက် အလွန်အရှက်ရစေတဲ့ ကိစ္စဖြစ်ခဲ့တယ်။ ဒါကို ဘာကြောင့်လဲလို့ ပြန်သုံးသပ်ကြတော့ သိပ္ပံမှာ နောက်ကျနေတယ်ဆိုတာ တွေ့ကြတယ်။ အဲဒီအချိန် (၁၉၅၇ ခုနှစ်) လောက်က အမေရိကန်တွေ သိပ္ပံကို အားပေးရမှန်း မသိသေးဘူး။ NASA လည်း မရှိသေးဘူး။ ဒါနဲ့ ခေါင်းဆောင်တွေ ခေါင်းချင်းရိုက်ပြီး ငါတို့ သိပ္ပံကို လုပ်မှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်ကြတယ်။ အဲဒီအချိန်ကစပြီး ဆိုဗီယက်ရုရှားကို သိပ္ပံဘက်မှာ ပြန်ကြောသွား အောင်လုပ်ကြတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းဆောင်တွေရဲ့ အမြော်အမြင်ပဲ။

အမေရိကန်မှာ စီးပွားပျက်ကပ်တွေဆိုက်တော့ လူငယ်တွေ ကျောင်းမတက်နိုင်ကြဘူး။ အလုပ်တွေ ထွက်လုပ်၊ အလုပ်တွေကလည်း ပြုတ်ဆိုတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘ၀ပျက်တာတွေ အများကြီးပဲ။ အထက်တန်းအဆင့် မပြီးဘဲ ကျောင်းထွက်ကုန်ကြရတာ။ နိုင်ငံတကာနဲ့ယှဉ်လိုက်ရင် သိပ္ပံနဲ့ သင်္ချာမှာ အမေရိကန်ဟာ အများကြီး နောက်ကျခဲ့တယ်။ ဘွဲ့ရပညာတတ်အဆင့်ကို နိုင်ငံတကာနဲ့ယှဉ်လိုက်ရင် အဆင့် ကိုးလောက်ပဲချိတ်ခဲ့တယ်။ ဒီအတိုင်းသွားနေရင် နိုင်ငံအတွက် ရင်လေးစရာကောင်းတယ်။ ပညာရေးကစပြင်မယ်ဆိုပြီး ပြင်ခဲ့ကြတယ်။

တောင်ကိုရီးယားမှာ ဆရာတွေကို "နိုင်ငံတည်ဆောက်သူများ" လို့သတ်မှတ်ကြတယ်။ ဆရာတွေဘ၀မြှင့်တင် ရေးကို အမေရိကန်တွေလိုက်လုပ်ကြတယ်။ သူတို့အဲဒီအချိန်က ဆရာတွေကို နှစ်မျိုးပဲဆက်ဆံတယ်။ တော်ရင် လစာကောင်းကောင်းပေးပြီး ချီးမြှောက်တယ်။ ညံ့ရင် ချွင်းချက်မရှိ ထွက်တော့လို့ပြောပြီး ဖြုတ်လိုက်တယ်။ လူတော်တွေကို လူတော်တွေနဲ့ပဲ မွေးဖို့ဆုံးဖြတ်လိုက်ကြတာ။ လူတော်တွေကို လူညံ့တွေနဲ့ မွေးထုတ်ရင် ခရီး ကြာတယ်။ သွားရမယ့်ခရီးက အမြန်ဆုံးနဲ့ ရှေ့ဆုံးရောက်အောင် လုပ်ကြရမှာဆိုတော့ လက်တွဲခေါ်လို့ လိုက်နိုင်ရင်လိုက်၊ မခေါ်နိုင်ရင် လက်တွဲဖြုတ်ခဲ့ပဲ။

အဲဒီအချိန်ကတည်းက သမ္မတခေတ်အဆက်ဆက် ဆရာတွေကို မွေးလာလိုက်ကြတာ ခုဆိုရင် အဲဒီဆရာကြီး တွေက ပင်စင်ယူတဲ့အရွယ်တွေဖြစ်ကုန်ပြီ။ သမ္မတအိုဘားမား လက်ထက်ကျတော့ တစ်ခါပြန်ပြီးတော့ STEM အတွက် သိပ္ပံဆရာ၊ နည်းပညာဆရာ၊ အင်ဂျင်နီယာဆရာ၊ သင်္ချာဆရာတွေကို ပြန်ပြီး မွေးထုတ်ရတယ်။ ဆရာ တစ်သိန်းလောက်ကို မျိုးဆက်သစ်ဆိုပြီး ထပ်မံမွေးထုတ်ခဲ့တာ။

အိုဘားမားက ဘယ်လိုပြောပြီးစည်းရုံးသလဲဆိုတော့

"ခင်ဗျားတို့ ကျွန်တော်တို့နိုင်ငံကို သူများနိုင်ငံတွေနဲ့ မတူအောင်ဖြစ်ချင်သလား၊ ကျွန်တော်တို့ ကလေးတွေရဲ့ ဘ၀ကို သူများနိုင်ငံတွေက ကလေးတွေထက်ပိုပြီးတော့ တော်စေ့ချင်သလား၊ ဆရာတွေဝင်လုပ်ကြပါ။ တိုင်းပြည်က ခင်ဗျားတို့ကို လိုပါတယ်။ ပညာရေးဆိုတာ မရပ်မနား ပြိုင်နေကြရမှာ။ ဒါကြောင့် ဘွဲ့ရပြီဆိုတာ ပညာရေးနိဂုံးမဟုတ်ဘူး။ ခင်ဗျားတို့ပညာတွေ ကလေးတွေကိုမျှဝေပြီး အမေရိကန်ကို ကမ္ဘာ့ထိပ်တန်း ရောက်အောင် လုပ်ကြစမ်းပါ" တဲ့။

image

Credit by google image

Writer by @soesandar
MSC-161

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by xwelcoz from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Good knowledge

Thank sis