လင်းကြက်တွန်သံကြောင့် အေးမိတစ်ယောက်အိပ်ယာမှကမန်းကတန်းထလိုက်သည်။အင်တုံထဲမှ ရေ ဖြင့်မျက်နှာကိုပြီးစလွယ်သစ်လိုက်၏။မီးဖိုကာညက ကျန်သောထမင်းကြမ်းခဲကိုအိုးကင်းထဲထည့်သည်။ လက်ကျန်ဆီကို လက်ဝါးဖြင့်ရိုက်ချကာထည့်လိုက် သော်လည်း တစ်စက်နှစ်စက်သာ ကျတော့လေ သည်။နေရောင်ခြည်သည် မီးဖိုမှမီးညွန့်ရဲရဲ နှင့် အ ပြိုင် တရှိန်ရှိန်ဖြင့် အရှေ့ မှ ထွက်ပေါ်လာချေပြီ။ အုတ်ဆောင်းကို လှန်လိုက်သော် ညက စားခဲ့သော ကန်စွန်းရွက်ရေလုံပြုတ်ဟင်းကပြောင်သလင်းခါနေ ၏။သက်ပြင်းကိုဟင်းခနဲချလိုက်မိသည်။မိသာစုက များလှသည်မို့  တစ်နေ့ တစ်နေ့  ဟင်းချက်စရာ ရှာရသည်က အလုပ်တစ်ခုပင်။ပိုက်ဆံချမ်းသာလျှင် ခံသာသော်လည်း အေးမိတို့လို ငမွဲများအဖို့ မိသားစုစားအိုးကြီးကို ခေါင်းခြောက်အောင်ရုန်းကန်ဖြေရှင်း ရလေသည်။ နေရသည်က အမေ့အိမ်ဝိုင်း ကျဉ်းကျဉ်းလေးထဲကနောက်ဘေးအဖီလေးထဲမှာ။အမေ့မှာလည်း သားသမီး၎ယောက်ရှိကာအားလုံးကအိမ် မပိုင် ၀ိုင်းမပိုင် ဘ၀မို့  ဆီမီးခွက်လောက် အိမ်ဝိုင်းကျဉ်းလေးကို လေးစိတ်ပိုင်းထားရသည်။ အမေ့မှာ ပိုက်ဆံမချမ်းသာသော်လည်း မြေးချမ်းသာသည်ဟု ပြောရပေမည်။ အေးမိတစ်ယောက်တည်းကပင် ၅ယောက်မွေးထားသည်လေ။
ကလေးအကြီးဆုံးက ၁၂နှစ် ၂နှစ်ကြီး၂နှစ်ငယ်များ ဖြစ်ကာအားကိုးလို့ရသည့်အရွယ်သို့ မရောက်သေး ပေ။အကြီးဆုံးကလေးမလေးကတော့ထင်းခွေရေ ခပ် ဟင်းရွက်ခူးလောက်တော့ရလေ၏။ယောက်ျား ဖြစ်သူကလည်း အရက်နာကျနေသည်။ ဘယ်အလုပ်မှလက်ကြောတင်းအောင်မလုပ်။တစ်နေ့တစ် နေ့အရက်သောက်ဖို့လောက်သာ ခေါင်းထဲရောက် နေသူ။ မိသားစု၏ စားဝတ်နေရေးက အေးမိအပေါ် ပုံကျနေသည်။မတတ်နိုင်ဒီမနက်စာကို ဒေါ်ဘုမဆီက ပဲပြုတ်ဝယ်ရပေတော့မည်။ လက်ဖက်ခြောက်ဘူးလေးထဲက အကြွေများကို ရေတွက်ကြည့်တော့ စုစုပေါင်း၂၀၀ကျပ်တိတိ။ပဲပြုတ် ၁၀သားကို ၄၀၀။ ၁၀သားလောက်ဝယ်မှ မိသားစု ၇ယောက် စားဖို့ အနိုင်နိုင်။ ဒါတောင် မနေ့ က သူများလယ်ကွက်ထဲက အလစ်နှုတ်လာသော ကြက်သွန်ဥ ၅ဥကို လှီးထည့်ရမည်။ ပဲပြုတ်ချည်းဆိုလျှင်တော့ သွားကြား တောင်ညပ်မည်မထင်။ ထုံးစံအတိုင်း ဒေါ်ဘုမကို တောင်းတောင်းပန်ပန်နှင့် အကြွေးပေးဖို့  ပြောရမည်။အရင် ၂၀၀ ပေးစရာကျန်သေးသည်။မတတ် နိုင် ပြောရင်တော့ ရမယ်ထင်မိ၏။ ဒေါ်ဘုမဘ၀က တော့ အဆင်ပြေပေမည်။ တစ်ရွာလုံးတွင် ပဲပြုတ်သည်ကသူတစ်ယောက်တည်းမို့ ဝင်ငွေကောင်းနိုင်လေသည်။ပြီးတော့ဒေါ်ဘုမက အေးမိလိုသားသမီး လည်းမများလှ။
ဟောဒီက ပဲပြုတ်။ ပဲပြုတ်ပူပူလေး ယူကြအုံးလား။
ဟော ပြောရင်းဆိုရင်း ဒေါ်ဘုမလာချေပြီ။အနီးတွင်ရှိသောဇလုံပေါက်တစ်ခုကိုကောက်ကိုင်ကာ အေးမိ တစ်ယောက်အိမ်ပေါက်ဝသို့ ထွက်လာခဲ့လေသည်။
အောက်အီးအီး အွတ်…………
ကတက်ပင်မှကြက်ဖကြီးတောင်သွန်ချေပြီ။ ပဲပြုတ်အိုးကို မီးထပ်ထည့်လိုက်ရင်း ဒေါ်ဘုမတစ်ယောက် ထွက်နေသောမျက်ဝတ်များကို တစ်ဘက်စောင်ဖြင့် သုတ်လိုက်၏။ မနက် ၃နာရီခွဲ ကတည်းက ထကာ ပဲပြုတ်နေရသည်မို့ မျက်စိများက စပ်ဖျင်းနေသည်။ နေ့စဉ်နှင့်အမျှ အိပ်ရေးပျက်နေသည်မို့ မျက်လုံးများ လည်း ကျိန်းလှပြီ။ မိရိုးဖလာ ဖြစ်၍ကတစ်ကြောင်း တခြားအလုပ်လည်း မယ်မယ်ရရ မလုပ်တတ်သည်က တစ်ကြောင်းမို့  ပဲပြုတ်ရောင်း နေရသော်လည်း ဘ၀က မထောင်းသာလှ။
တစ်နေ့ တခြား ပဲဈေးများက တက်နေလေသည်။ အမြတ်ကလည်းသိပ်မရလှ။ပဲဈေးတက်ကာအမြတ် အစွန်း နည်းနေရသည့်ကြားထဲ အကြွေးဝယ်ကြသူ များကလည်း တမှောင့် ။အကြွေးဝယ်သူများထဲတွင် အေးမိက အဆိုးဆုံး။ ဘယ်တော့ဖြစ်ဖြစ်အကြွေးယူလေ့ရှိသည်။ ဒေါ်ဘုမကတော့ သူပိုက်ဆံမရှိ၍ အကြွေးယူသည်ဟုမထင်ချေ။ ဒေါ်ဘုမ မွေးထား သော သားနှင့်သမီးကလည်း အသုံးအဖြုန်းကြီးလှသည်။ ၇တန်း ၈တန်းသာ ရှိကြသေးသော်လည်း တစ်နေ့တစ်နေ့တောင်းလိုက်သည့် မုန့် ဖိုး ။ဘ၀က ရုန်းကန်ရတာမလွယ်ကူလှ။ အကြွေးမတင်အောင် အတော်အသင့် စားနိုင်သောက်နိုင်ရုံပင် မနည်းကြိုးစားနေရသည်။ယောက်ကျားဖြစ်သူကလည်းလူမြင် ကောင်းရုံသာ အလုပ်လုပ်ပြသည်။ ခွက်ပုံး တစ် ယောက်။ သူရသော ပိုက်ဆံ သူ့ဘာသာ အရက် သောက်တာနှင့်ကုန်လေသည်။တစ်ချို့ နေ့ တွေဆို ဒေါ်ဘုမဆီကပင်တောင်းလိုက်သေးသည်။စားဝတ် နေရေး ကြပ်တည်းလာလေလေ အကြွေးဝယ်နေသူများကို ဒေါ်ဘုမမုန်းတီးလာလေလေပင်။ကိုယ်ချင်း မစာမနာ သူတို့ မို့ အကြွေးလိုချင်လှသည်။ တစ်ရွာတည်းနေသူများရပ်ဆွေရပ်မျိုးများမို့ မပေးချင်သော် လည်း ပေးနေရသည်။သို့သော် ကိုယ့်ဝမ်းနာ ကိုယ် သာသိဆိုသလို ကိုယ့်မှာ စားစရာမရှိလျှင်ကြ ဘယ်သူ့ ဆီမှ ချေးငှါးမရ။ ဒေါ်ဘုမ ပြတ်သားမှ ဖြစ်မည်။ သူတို့ကိုအကြွေးဆက်ပေးနေလျှင် ကြာရင် ကိုယ်ပါ ငတ်တော့မည်။စိတ်ကိုပိုင်း ဖြတ်ရင်း အိမ်ဝမှ ထွက်ကာ အသံကျယ်ကျယ်ဖြင့် စတင် အော်ဟစ်လိုက်လေသည်။
ဟောသည်က ပဲပြုတ်……
ဒေါ်ဘုမ ချပါအုံး ၀ယ်အုံးမယ်။ အေးမိအသံကြောင့် ဒေါ်ဘုမ မျက်နှာကိုတင်းကာ ပဲပြုတ်တောင်းကို ခပ် ဆောင့်ဆောင့် ချလိုက် ၏။
ဘယ်လောက်ဖိုးလဲ အေးမိ။
အေးမိတစ်ယောက်မျက်နှာချိုသွေးလိုက်ရင်း ၁၀ သားလိုချင်တာ ဒေါ်ဘုမရေ။အဲ့ဒါပိုက်ဆံက ၂၀၀ပဲရှိတော့လို့အရင်ဟာပေးပြီးနောက်ဟာယူမယ်လေ။ ဖြစ်တယ်မလားဟင်။ပဲပြုပ်အိုးထဲမှ ခပ်လက်စ ဇွန်းကို ဒေါ်ဘုမ ဆောင့်ချလိုက်သည်။ အိုးဖုံးကို အသံ မြည်အောင်ပိတ်လိုက်ရင်းထရပ်လိုက်၏။ငါအကြွေး မရောင်းတော့ဘူး အေးမိ .ဒေါ်ဘုမ ခပ်တင်းတင်း ပြောကာ ဆတ်ခနဲ ကောက် ထွက်လာလိုက်သည်။
အေးမိရင်ထဲကျဉ်ခနဲဖြစ်သွား၏။အရင်လိုပဲအကြွေးရမည်ဟု ထင်ထားခဲ့သည်။ တစ်ကယ်ဆို ဒေါ်ဘုမလို လူတစ်ယောက်အဖို့ ပိုက်ဆံ ၄၀၀ က ဘာမှ မဟုတ်သော်လည်း အေးမိတို့ အဖို့ ကြ မနက်စာ ပြေလည်သွားနိုင်သည်။ပဲပြုတ်တောင်းကိုရွက်ကာ ထထွက်သွားသော ဒေါ်ဘုမကျောပြင်ကို နာကြည်းစွာ ကြည့်ရင်း ဇလုံပေါက် ကိုင်ထားသော အေးမိလက်များတုန်လာသည်။ဒီအချိန်ဆိုအငယ်ဆုံးလေး ဗိုက် ဆာနေပေရော့မည်။
ဒေါ်ဘုမအေးမိကိုမုန်းတီးမိသည်။မိမိဘ၀ကို မစာ နာ အမြဲ အကြွေးယူဖို့လောက်သာချောင်းနေသည်။ တစ်ကယ်ဆိုဒေါ်ဘုမလည်းစားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေရသည်လေ။ယနေ့စားဖို့ဆန်ပင် မ၀ယ်ရသေး။ ပဲပြုတ်ရောင်းက ပြန်လာမှ ဆန်ဝယ်ကာ ထမင်းချက်ရမည်။ ဆာလောင်နေမည့် အိမ်မှ သမီးငယ် မျက်နှာကိုမြင်ယောင်ကာ ပဲပြုတ်အော် ရောင်းလိုက်သော်ငြား မိမိအသံ များ တုန်နေသည်ဟု ထင်မိသည်။
ဟောဒီက ပဲပြုတ်……
ပဲပြုတ်ပူပူလေး ယူကြအုံးမလား……
MSC- 172
Photo credit; Facebook Image
Author- Soe Tha Khin
good writing
Thank you
Nice post!
thank you
လူတွေဆိုတော့လဲ အတ္တကိုဦးစားပေးချင်ကြတယ်
မှန်ပါတယ်ဗျာ
Good bro
thank you
ဖတ့့်လို ကောင်းတယ်
ဟုတ်ကဲ့ခင်ဗျ
ရေးရတာအားတတ်တယ်ဗျို့
ကောင်းတယ် ဗျာ ဖတ်ရတာ
ဟုတ်ကဲ့ပါ
Nice post
thank you
သူ့ဘက်က လက်ဖမိုး ကိုယ့်ဘက်က လက်ဖဝါး ဆိုသလိုပေါ့
ဟုတ်ပါတယ်ဗျ
တကယ်အဲ့လိုဘဝတွေ အပြင်မှာရှိနေတုန်း ချမ်းသာတဲ့သူကလည်းအလွန်ချမ်းသာ
ဆင်းရဲတဲ့သူကလဲ တစ်ရက်စာတစ်ရက်ရုန်းကန်နေရတုန်း
တကယ်တွေ့ကြုံနေရတဲ့အဖြစ်ပျက်လေးတွေပါ
Very good post bro 😁
thank you bro
ခြို့တဲ့သော ဘဝနှစ်ခု
ဆက်ရေးလို့ရသေးတာပဲ
ဆက်ရေးအုံးဗျာ အခုမှ နိဒါန်းပဲရှိသေးတယ်လို့ခံစားမိတယ်ဗျာ
ဟုတ်ကဲ့ခင်ဗျ ဆက်ရေးပါ့မယ်
မျက်စိထဲ မြင်အောင်ကို ရေးပစ်တာပဲ Bro
Very good ပါဗျာ
ဟုတ်ကဲ့ပါခင်ဗျာ ကျေးဇူးတင်ပါတယ်
ဖတ်လို့်ကောင်းတယ် bro အားပေးနေပါတယ်😉
ကျေးဇူးတင်ပါတယ်
ဆက်လက်အားပေးပါဦး
Goodတယ် အားပေးနေပါတယ်ခင်ဗျာ
ကျေးဇူးတင်ပါတယ်
ဆက်လက်ကြိုးစားနေပါတယ်
img credz: pixabay.com
Nice, you got a 60.0% @lrd upgoat, thanks to @ptcmyanmar
Want a boost? Minnowbooster's got your back!
Thank You
Done bro . Please follow and upvote my posts.
အရေးသား ဆွဲဆောင်မှုရှိပါတယ် ။
Plz follow me and upvote my post
ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်