ကျွန်တော်ဒီနေ့ရေးမဲ့ အကြောင်းအရာကတော့ သားသမီးများ က မိဘကျေးဇူးဆပ်နိုင်အောင် ကြိုးစားစေချင်လို့ ဒီပို့လေးရေးလိုက်ပါတယ်
သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းမကနားလို့ရတယ်ဆိုတဲ့ဆို ရိုးစကားလိုပဲ ကျွန်တော်ကိုယ်တိုင်နဲ့ ကျွန်တော့်ပတ်ဝန်းကျင် မှာ မိဘက သား သမီးဆယ်ယောက်လောက်ကိုလုပ်ကျွေးနိုင်ပေမဲ့ သားသမီး ဆယ်ယောက်က မိဘနှစ်ပါးကို ကောင်းကောင်းလုပ်ကျွေးနိုင်သူရှားတယ်ဗျာ တစ်ချို့ဆိုမိဘကျေးဇူးဆပ်ဖို့နေနေသာသာ ကျေးဇူးတောင်ကန်းနေကျတော့ ကျွန်တော် ရင်နာမိပါတယ်
ကျွန်တော်မိဘကိုကျေးဇူးကို စပြီး သိတတ်တဲ့အ ချိန်က.နဝမတန်းကျောင်းသားဘဝ မှောင်ရီပျိုးပျက်မီးပျက်တဲ့ညတစ်ည ရဲ့ ၇ နာရီခန့်အချိန်စကျက်နေတုန်း ကျွန်တော်နားထဲတရားသံကိုကြားလိုက်ရတယ် မီးကပျက် ဖယောင်းတိုင်နဲ့ဆိုတော့ စာကိုဘည်းစိတ်မဝင်စား တော့ဘူး တရား သံကိုပဲနားစွင်နေမိတော့တယ် ဆရာတော်က အမေဆိုတာ ကလေးတစ်ခါမွေးတိုင်းသင်္ချိုင်းကုန်းကို ခြေတစ်ဖက်လှမ်းထားရ တယ်တဲ့ ကျွန်တော်တရားကိုပိုနားစိုက်ထောင်နေမိတယ် ဗုဒ္ဓဘုရားရှင်က ငါဘုရားကို ဆွမ်းမကပ် မရှိခိုးရင်နေ ကိုယ့်မိဘကို လုပ်ကျွေးပြုစုကြပါ မိဘကိုရှိခိုးကြပါတဲ့ အဲ့အချိန်မှာ ကျွန်တော်စဉ်းစားမိတာက ငါဒီအချိန် မှာ မိဘမလုပ်ကျွေးနိုင်သေးဘူး မိဘကိုလည်း မရှိခိုးဘူးလို့တွေးနေမိတယ် တရားသံကို ပိုပြီးနားစိုက်ထောင်လိုက်တယ် ဆရာတော်က ကဗျာတစ်ပိုဒ် ရွတ်လိုက်တယ် " အမေ မရှိခိုးအိပ်တဲ့သူ ခွေးအိပ်ချင်းနဲ့တူ ခွေးလိုလူ မဖြစ်ချင်က အမေ့ရှိခိုးကြ " ကျွန်တော် ကြက်သီးမွှေးသီးတွေထသွားတယ် စိတ်ထဲမှာလဲငါခွေးလိုလူ အဖြစ်မခံနိုင်ဘူး ဒီနေကစပီး မိဘရှိခိုးပီးအိပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ် တရားသံကိုဆက်နားစွင့်လိုက်တယ် ဆရာတော်ကနောက် ကဗျာတစ်ပိုဒ်ကိုဆက်ဆိုတယ် "မိဘနှစ်ဖြာ ရှိနေပါလည်း ကျေးဇူးမသိ မဆပ်သည့်က တစ်သက်လုံးလုံး လူဖြစ်ရှုံး၏ " တဲ့ ငါကြီးလာရင် ငါ့မိဘကိုကျေးဇူးပြန်ရ မယ်ဆိုတဲ့အသိဝင်လာပါတယ် ကျွန်တော်အဲ့ညကစာ မကျက်ဖြစ်လိုက်ဘူး တရားဆုံးတော့ ည ၉နာရီ လောက်ဖြစ်သွားတယ်ပင်ပန်းလို့အိပ်နေတဲ့ အမေနဲ့အဖေရဲ့ ချည်နှောင်နားကိုဖြည်းဖြည်းချင်း ခြေသံမကြားအောင်သွားတယ် ပီးတော့ အမေ့ ခြေထောက်နဲ့နဖူးထိအောင် ကန်တော့လိုက်တယ် ဒီအကြောင်းအရာလေးဟာ ကျွန်တော့အတွက်တော မှတ်တမဲ့ဆိုပေမဲ့ ကျွန်တော့် ဘဝအတွက် အခုထိအမှတ်ရနေသလိုနောင်လည်း အမှတ်ရနေဦးမှာပါ အဲ့ဒီအချိန်ကစပီး ဘုရားရှိခိုးရင် ဦး သုံးကြိမ်ချတဲ့ ကျွန်တော် ဦးငါးကြိမ် စချပါတောတယျွန်တော့်လိုပဲလူတိုင်း အမှတ်တမဲ့ကနေ အမှတ်တရ တွေရှိနေကြမှပါ
ဒီပိုစ်လေးကို ဖတ်တဲ့လူတိုင်း အသိတစ်ခုရပီ မိဘကျေးဇူးကိုဆက်နိုင်တဲ့ သားကောင်း ရတနာ သမီးကောင်းရတနာတွေဖြစ်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်းsteemit အဖွဲ့အားလုံးကို မျှဝေလိုက်ရပါတယ်
အားလုံးကိုကျေးဇူးတင်လျှက်
Msc 236
@soeyan
မိဘတန်ဘိုးကို ကိုယ်တိုင် မိဘ ဖြစ်ရင် ပိုသိလာလိမ့်မယ်။ဒီPost ရေးတာ ကုသိုလ်ရမှာပါ။
ဟုတ်ကဲ့ကိုမဟော်
ကောင်း ပါတယ် ဆရာစိုးရေ
ကျေးဇူးပါဗျာ
ဟုတ်ကဲ့ပါရှင်၊အရမ်းကောင်းပါတယ်
ကျေးဇူးပါ
မိုက်တယ်ဗျာ အားပေးနေပါတယ်
မမိုက်ပါဘူးဗျာ:-) :-)
အရမ်းကောင်းပါတယ်။
Thank
မိဘကျေးဇူးဆပ်ခွင့်ကြုံတာ ဘုရားပေးတဲ့ကုသိုလ်ကံပါ
ဟုတ်ကဲ့ပါ
ကောင်းပါတယ်ဗျာ..
ကျေးဇူးပါ
မိဘကျေးဇူးအထူးဆပ်နိုင်ကြပါစေဗျာ
ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ
အရမ်းကောင်းတဲ့ post ပါ bro
Thank
မိဘတန်ဖိုး သိတတ်နားလည်မှ ဖြစ်မှာပါ i v and c u...plz v and c me back!!
@mgtoetat 👍
ဟုတ်ကဲ့ပါ
ဟုတ် ရေးတာ good ပါတယ်ဗျ
Thank
Fighting ! အာပေနေပါတယ် ။
ကျေးဇူးပါ
အောင်မြင်ပါစေ
ကျေးဇူးပါ
မိဘ ကျေးဇူးကို ဒိ့ထက်မက ပိုဆပ်နိုင်ပါစေဗျာ...
ဟုတ်ကဲ့ပါ
မိဘများကို မသေခင် အလုပ်အကျွေးပြုပါ သေမှ ငိုမနေပါနဲ့
မှန်ပါတယ်အကိုရေ
အရမ်းကောငါ်းပါတယ်
လာရောက်ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်