လောကလောက ဆိုပြီးလူတွေပြောပြောနေကျတယ် လူတွေတော်တော်များများပြောနေကျတာပတော့ ရုပ်လောက နာမ်လောက ပရလောက
တိရိစ္ဆာန်လောက အမျိုးမျိုးပြောနေကြတယ် ကျွန်တော်ကတော့ ကျွန်တော်သိတဲ့လောကအကြောင်းပဲပြောပါ့မယ်
လောက ၃ပါး ရှိတယ် သတ္တလောက သြောကာသလောက သင်္ခါရလောကတို့ဖြစ်တယ် လောကသုံးပါးလုံးမှာ တူတဲ့အရာက မမြဲခြင်းပြောင်းလဲနေတဲ့သဘာလက္ခဏာ ဖြစ်တယ်
သတ္တလောကဆိုတာ လူနတ် တိရိစ္ဆာန် ၃၁ ဘုံမှာရှိတဲ့ သက်ရှိသတ္တ၀ါတွေ အာလုံးကိုပါဝင်တယ် ဘယ်သတ္တ၀ါမှ မမြဲဘူး မွေးပြီးသေကြရတယ် သူတို့လက္ခဏာကိုပိုင်ပိုင်နိုင်နိုင်သိရင် သံဝေဂဥာဏ် ရမယ်
အပင်တွေသက်မဲ့ပစ္စည်းတွေ ကိုတော့ သြကာသလောကလို့ခေါ်တယ် လူတို့လက္ခဏာကတော့ သစ်ဟောင်း မမြဲခြင်းလက္ခဏာရှိတယ် သြကာသလောကရဲ့မမြဲခြင်း ကိုကြည့်ရင်လည်း
သံဝေဂဥာဏ် ရမယ်
သင်္ခါရဆိုတဲ့ ရုပ်သဘော နာမ်သဘောတွေရဲ့ ဖြစ်ပြီးပျက်နေတဲ့ လောကသဘာဝကိုတော့ သင်္ခါရလောကလို့ခေါ်တယ် သင်္ခါရတို့ရဲ့ သဘာဝလက္ခဏာတွေရဲ့ အဆုံးမှာ အသင်္ခါရ ဓာတ်ရှိတယ်သတ္တ၀ါအားလုံးရဲ့ပန်တိုင်ဆိုလည်း မမှားဘူးပေါ့
သံဝေဂဥာဏ်မပါရင်တရား မရှာနဲ့ဆိုတဲ့စကား ကိုကြားဖူးကြမှာပါ
သတ္တလောက သြကာသလောကကအခြေခံ သင်္ခါရလောက ကအဖြေမှန်ပါ ဒါကြောင့် လောက၃ပါးစလုံးကိုနားလည်ပြီး အခြေခံတွေနဲ့မနေပဲ အဖြေမှန်ကိုပါဖော်ထုတ်နိုင်ကြပါစေလို့ဆုတောင်းရင်း.....
steemit member များအားလုံးကိုကျေးဇူးတင်လျှက်
Msc 236
Photo facebook
@soeyan
အသိတရားတွေရပါတယ်ဗျာ
good