မမမြန်မာ အနေဖြင့် ပြန်လည် ဖြေရှင်း သော အကြောင်းအရာများမှာ ကြောင်းကျိုး ဆီလျော်မှုမရှိပါ။ မိမိ ဖြတ်ညှပ်ကပ် မလုပ်ထားကြောင်း ဖြေရှင်းချက် မဟုတ်ပဲ အကြောင်းပြချက်များသာ ဖြစ်ပါတယ်။ Steem-myanmar comment မှာ link ချထားပေးတဲ့ အပြင် ဘယ် စာကြောင်းများကို တိုက်ရိုက် copy ယူထာကြောင်း သက်သေပြနိုင်ရန် မူရင်း link များကို ချထားပေးထားရခြင်းပါ။
သူလည်း ဒီဟင်းချက်တာ ငါလည်း ဒီဟင်းချက်တာမို့ စာသာတွေ တူသွားတယ် မပြောပါနဲ့ နော်။ ဒါဟာ အကြောင်းပြသက်သက်ပါ။ ဆရာတင်လှိုင်ဦး steemit Platform အကြောင်းရေးတယ် ကိုစောလွင် လည်း steemit Platform အကြောင်းရေးပေမယ့် စာသားတွေ မတူကြပါဘူး။ ဘာဖြစ်လို့ ဆိုတော့ တင်ပြပုံခြင်း မတူလို့ပါ။ မသိလို့ စာအုပ်လှန်ပြီး ကူးယူထားတယ်ဆိုရင်တောင် မှီငှမ်းဆိုတာ ထည့်ပေးရပါတယ်။ပုံစံတူ အချက်အပြုတ် ဆောင်းပါး တခုတည်း မဟုတ်ပါ။ အခြားသော ဆောင်းပါးများလည်း ဖြတ်ညှပ်ကပ် လုပ်ထားကြောင်း မူရင်း link နှင့်တကွ တင်ထားပေးပါတယ်။
မမမြန်မာ အနေနဲ့ MSC အောင်မြင်ခြင်း မအောင်မြင်ခြင်းသိချင်ပါသေးလျင် ယခုကဲ့သို့ စည်းကမ်း မလိုက်နာသူများကို လိုက်လံ ရှာဖွေ စီစစ်နေရသည့် အတွက် ထင်သလောက် ခရီး မပေါက် ဖြစ်နေရခြင်းပါ။ လက်ရှိ MSC မှာ original content ရေးသာသူ အများအပြားကျန်ပါသေးတယ်။ MSC လူနည်းလာတာ မမမြန်မာ အနေနဲ့ စိတ်ပူ စရာမလိုပါဘူး။ လက်ရှိ MSC number လျှောက်ထားသူ အယောက် ၁၅၀ ကျော် စားရင်း ရှိပါသေးတယ်။ ပေးနိုင်တဲ့ အကူအညီထက် များနေလို့ လူသစ်များ လက်မခံခြင်းပါ။
မမမြန်မာ အနေဖြင့် MSC မှ အပြစ်ယူခါမှ မြန်မာများကို ချိုးနှိမ်တယ် ဖြစ်လာပါတယ်။ ကိုယ်တိုင် ဖြတ်ညှပ်ကပ် copy ယူ တုန်းက ဤ အလုပ်သည် ရှက်စရာကောင်းသော ၊ မလုပ်သင့်သော အလုပ်၊ MSC စည်းကမ်းနှင့် မလွတ်သော အလုပ်များ ဖြစ်ကြောင်း အဘယ့်ကြောင့် မတွေးမိပါသလဲ။
မမမြန်မာ သိထားဖို့က MSC သည် စည်းကမ်း နှင့် ပါတ်သက်လာလျင် လူဟောင်းမို့ ညှာတာ မည် မထင်ပါနှင့် Admin များကိုပင် ထုတ်ပယ်ခဲ့တာ မမမြန်မာ ကိုယ်တိုင် ကြုံဖူးပါလိမ့်မည်။ အချုပ်အနေဖြင့် ထပ်ပြောပါမည်။ အကြောင်းပြချက် ပေးခြင်းသည် ဖြေရှင်းခြင်း မဟုတ် ပါမမမြန်မာ။