in #myanmar7 years ago

FB_IMG_1528211926329.jpg
အရက်ပုလင်း​အောက်​တွင်​ဖိထား​သော ​ပြန်​အမ်း​ငွေငါးရာတန်​အ​ဟောင်း​လေးကို ဆိုင်​ရှင်​အန်ကယ်ကြီးလက်​ထဲထည့်​​ပေးလိုက်​သည်​။

"အန်ကယ် ကျွန်တော်​မပြန်​မချင်း ​ဖွင့်​​ပေး​နေကြ ​ဂျေ​မောင်​​မောင်​ရဲ့ `အလွမ်းကဖီး´ ဖွင့်​​ဗျာ"

အန်ကယ်ကြီးကနားလည်းစွာ တစ်​ချက်​ပြုံးပြ၍ လှည့်​ထွက်​သွားသည်​။ သီးချင်းသံတိုးတိုးလွင့်​ပျံလာပါပြီ။ ​မကို​ခေါ်ရဦးမည်​။ ကျွန်​​တော်​​ခေါ်ရင်​ မ လာ​နေကြဖြစ်​သည်​။

သောက်​လက်​စ စီးကရတ်​ကို ခပ်​ပြင်းပြင်းရှိုက်​၍ မှုတ်​ထုတ်​လိုက်​​သောအခါ ​အဖြူ​ရောင်​သန်း​သော မီးခိုးငွေ့များပေါ်တွင် ​မ ကကျွန်​​တော့်​ကို ပြုံးပြ၍ နှုတ်​ဆက်​သည်​။ ​မ​ရောက်​လာ​ချေပြီ။ ကျွန်​​တော်​ စီးကရတ်​​ငွေ့များကိုကြည့်​ပြီး ပြုံးလိုက်​သည်​။ ဆိုင်​ရှင်​အန်ကယ်ကြီးက ​ရေခဲအချို့လာချ​ပေးရင်း ကျွန်​​တော်​ကိုကြည့်​ကာ ​ခေါင်းကိုဖွဖွပွတ်​သပ်​သွား၏။

ယခုလိုည​နေအချိန်​​ရောက်​လျှင်​ ဝီစကီအ​ရောင်​သည်​ ပို၍လှသည်​။ ဖန်​ခွက်​ကို ရီ​ဝေစွာတစ်​ချက်​ကြည့်​လိုက်​၏။ ​မ...။ ငြိမ်​သက်​​နေ​သော ဝီစကီမျက်​နှာပြင်​​ပေါ်ဝယ်​ ​မ ကို​တွေပြန်​၏။ ​မကပိုလှသည်​။

ကျွန်​​တော်​ ဖန်​ခွက်​ထဲသို့​ရေခဲတုံးအချို့ ပစ်​ထည့်​လိုက်​သည်​။ ဟင်​! ​မ မရှိ​တော့။ ​မ​ ပျောက်​ချင်းမလှ ​ပျောက်​သွားသည်​။ ​စော​စောက ​ဆေးလိပ်​မီးခိုး​ငွေ့များ​ပေါ် ထပ်​ရှာကြည့်​၏။ ​မီးခိုး​ငွေ့များလည်း မရှိ​တော့​ချေ။

မ...မ...​မ​ရေ.....

FB_IMG_1528211950564.jpg

@steemitarrman

Sort:  

Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by arrman from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.