Steemit မိတ်ဆွေများသို့ Upvote Group ဖွဲ့စည်းရန် အကြံပြုချက်

in #myanmar7 years ago

welcome-members.jpg
Steemit Platform ပေါ်သို့ရောက်ရှိလာခဲ့သည်မှာ ရှစ်လရှိလာခဲ့ပါပြီ။ လူငယ်အများအပြားလည်း ဝင် ရောက်လာကြသည်ကိုတွေ့ရ၏။ တချို့တက်တက်ကြွကြွ၊ တချို့စိုးတစ်ထိတ်ထိတ်၊ တချို့ စမ်းတဝါးဝါး။ မည်သို့ပင်ဖြစ်စေ Steemit Platform ပေါ်သို့ယုံကြည်ချက်ဖြင့် လျှောက်လှမ်းလာကြကုန်သော မိတ်ဆွေ သူငယ် ချင်းများကို မိမိလျှောက်လှမ်းခဲ့သော ၈ လတာအတွေ့အကြုံအရ ပြောပြစရာကလေးများရှိလာပါသည်။ မိမိတို့စတင်လျှောက်လှမ်းခဲ့ကြစဉ်က Steemit Platform ပေါ်တွင် Brand တစ်ခုဖြစ်လာသည်အထိ ကြိုးစားမည်။ မိမိအောင်မြင်လာသည့်အခါ မိမိထံ Upvote တွေအများကြီးလာကြလိမ့်မည် စသည့်ယုံကြည် ချက်များဖြင့် တတ်နိုင်သမျှ အကောင်းဆုံး ပို့စ်များဖန်တီးရေးသားကြပါသည်။ မိမိရေးသားသောပို့စ်များထက် ဆရာတင်လှိုင်ဦး၏ ပို့များဆိုလျှင် အဖိုးတန်ဆောင်းပါးများများစွာပါဝင်သည်ကိုတွေ့နိုင်သည်။သို့သော် တကယ် တန်းတွင် Promotion တင်သောအခါများ၌သာ မလွဲသာမရှောင်သာ မန့်ကြ Vote ကြသော်လည်း နောက် ရက်များတွင် ကိုယ်ကအစတကူးတကဆိုသလို Vote ခြင်း မန့်ခြင်းများမပြုမိကြတော့ပဲ၊ မတော်တဆတွေ့မိ မြင်သမျှကိုသာ အပြင်းပြေဆိုသလို မန့်ကြ Vote ကြကြောင်းကိုသိသာထင်ရှားစွာတွေ့မြင်နေရပါသည်။ ဤသို့ဖြစ်ရခြင်းကြောင့်တစ်ဦးတစ်ယောက်ကိုမျှအပြစ်တင်ပြောဆိုလိုခြင်းမရှိပါ။ သူလည်းသူ့အကြောင်း နဲ့သူဖြစ်ပြီးကိုယ်လည်းကိုယ်အကြောင်းနဲ့ကိုယ်သာဖြစ်ပါသည်။ သို့သော် ကိုဟင်နရီအပါအဝင် Upvote အများ အပြားရရှိသူများ၏ Post များသည် Post တင်ပြီးသည်နှင့် Vote အများအပြားရရှိသွားခြင်းကို လေ့လာကြည့် ရန်လိုအပ်လာမည်ဖြစ်ပါသည်။
DQmdZ8BUxtHRUKDFWhsaEoB3GmZ565c77iU1Ffy85u9C4kx_1680x8400.png
အွန်လိုင်းပေါ်တွင် အချိန်ပြည့်မည်သူကစောင့်ကြည့်၍ ဘယ်သူတွေ ပို့စ်တင်လာ လျင်အမြန် Vote ပေးလိုက်မည်ဟု စောင့်ကြည့်ပြီး Vote ပေးနေပါမည်နည်း။ ဘယ်သူ၏ Post တွေကို အစ အဆုံးဖတ်၍ ကောင်းလိုက်တာ၊ မကောင်းပါဘူးဟုဆုံးဖြတ်ပါမည်နည်း။ စက္ကန့်နှင့်အမျှ တင်နေသော Steemit Post များအား အကောင်းအဆိုးဝေဖန်ရန်ဖတ်ရူနေနိုင်ပါမည်နည်း။ ကိုယ်တွေပင်လျှင် Promotion တင်သော Post များကိုသာ မလွဲမရှောင်သာဖတ်ရှု၍ Vote ,Comment ပေးနေကြသည်ဖြစ်ကြောင်းရိုးသားစွာဝန်ခံရပါမည်။ သို့ဆိုလျှင် အဘယ့်ကြောင့်ပို့စ်တင်လိုက်လျှင် Upvote အများ အပြားရရှိသူများရှိနေကြပါသနည်း။ စဉ်းစားကြည့်လျှင် Auto upvote ကိုသွားမြင်မိသည်။ Auto upvote ကြောင့်ဖြစ်လျှင် Auto upvote ကို မည်သူတွေအားရွေးချယ်ထားရှိမည်နည်း။ ကိုယ်အတွေးဖြင့်ဆိုလျှင် ကိုယ့်ကိုပြန်ပြီး Auto upvote ပေးထား မည့်သူများကို ရွေးချယ်ထားရှိမိမည်ထင်ပါသည်။ နောက်တစ်ချက်မှာ ကိုယ်နှင့် Steem Power တူသူများ(သို့တည်းမဟုတ်) ကိုယ်ထက် Steem Power မြင့်သူများကိုရွေးချယ်ထားကြလိမ့်မည်ထင်ပါသည်။ ဥပမာအားဖြင့် ကျွန်တော့တွင် Steem Power 300 ကျော်ရှိပါသည်။ Post တစ်ပုဒ်ကို upvote ပေးလျှင် Steem 0.07$ ခန့်ရရှိနိုင်ပါသည်။ Steem Power 30000 ကျော်ရှိပါကမူ တစ်ခါ upvote ပေးလျှင် Steem 7 $ ခန့်ရရှိပါလိမ်မည်။သို့ဆိုလျှင် Account 50 ခန့်အား 80% မျှလောက်ဖြင့် Auto upvote ပေးထားလျှင် Post တစ်ခုအတွက် ပျှမ်းမျှ Steem 5$ ခန့်ရှိနိုင်မည်ထင်ပါသည်။ သို့ဆိုလျှင် Account 50 မှ လာရောက်၍ Autovote ပေးသွားလျှင် Steem 250$ ရရှိ မည်ဖြစ်ပါသည်။ တစ်ထစ်လောက်လျှော့၍ပြောရလျှင် Steem Power 30000 ကျော်မဟုတ်ဘဲ 3000 ကျော် လောက်ဆိုလျှင်ပင် Steem 25$ ခန့်ရရှိမည်ဖြစ်ရာ ကျွန်တော်ကဲ့သို့ Steem Power 300 ကျော်သူများစု၍ Auto upvote ထားကြလျှင်ပင် Steem 2.5$ ရရှိနိုင်ပါမည်။ထိုအုပ်စုသည် Steem Power မြင့်သည်ထက်မြင့်လာလေ လေ Steem ရရှိနိုင်မှုလည်းပိုမိုလာမည်ဖြစ်ပါသည်။
DQmbr5JqAMXHXJfZir2iNMvPkurBCHyFKreoiBnvv8wxBmL.png
လက်ရှိတွင် Steem Power တစ်ထောင်ကျော်ရှိသူများ ပင်ရှိ နေကြပြီဖြစ်ရာ မိမိတို့တူရာတူရာ Steem power များစု၍ Auto upvote Group များထူထောင်သင့်ပြီဖြစ်ပါသည်။ သို့ရာတွင် Promotion နေ့ရက်များအတွက် မိမိ Steem Power များ လျော့နည်းမှုမရှိစေရန် Promotion နေ့ရက် နှင့် ထိုနေ့ရက်မတိုင်မီ ရက်တို့တွင် Auto upvote များကိုဖြုတ်ပေးထားရမည်ဖြစ်ပြီး Auto upvote Group အဖွဲ့ဝင်များသည် တစ်ရက်လျှင် တစ်ပုဒ်သာအများဆုံး Post တင်ပေးရမည်။ အဘယ်ကြောင့်ဆိုသော် သေချာပေါက်ရရှိမည်ဖြစ်သော Auto upvote များအတွက် အရေအတွက်ဆန်သော Post များအား တစ်ရက်ထဲ အများအပြားတင်၍ Upvote ရယူကြမည်ကိုကြိုတင်တားဆီးကာကွယ်မိစေရန်ဖြစ်ပါသည်။ ယခုအခါ SP down ၍ Steem ထုတ်ရောင်းသူများကိုကာကွယ်ရန် (သို့မဟုတ်)Steemit ၏ရည်မှန်း ချက်ပန်းတိုင်သို့ ရောက်ရှိရန် Power down သည့်သည့်ကိစ္စများအားတားမြစ်ထားခြင်းမှာ မပြေးသော်လည်း ကံရာရှိသကဲ့သို့ မိမိလွတ်လပ်ခွင့်ကို MSC က ပိတ်ပင်ထားသလိုရှိ၍ အချို့အမြင်မကြည်လင်ကြကြောင်းလည်း တွေ့ ရှိနေရပေသည်။ ထို့ကြောင့် Steem Power တူသူအခြင်းခြင်း Auto upvote team ဖွဲ့စည်းခြင်းသည်။ SP ကိုရာထူး သဖွယ်သဘောထားလာစေပြီး Power down ခြင်းသည် မိမိရာထူးမိမိချခြင်းပင်ဖြစ်ကြောင်းနား လည်လာ နိုင်စေ ပါမည်။ ရာထူးမတူညီသူများကို အဆင့်ခွဲပြစ်ခြင်းဖြင့် အဆင့်မြင့်ရာထူးများကို တက်လှမ်းရယူရန်လိုအပ်ကြောင်း လည်းသဘောပေါက်နားလည်စေမည်ဖြစ်ပါသည်။ စည်းကမ်းချက်များဖြင့် Power up စေခြင်းသည် အာဏာ အသုံးပြုခြင်းဖြစ်၍ စေတနာနားမလည်ပါက စည်းလုံးမှုကိုပြိုပျက်စေနိုင်ပါသည်။
ယခုကဲ့သို့ Promotion ကာလများကုန်လွန်သွားသည့်အခါ ငွေမပေးတော့သော Free ငွေရှာSite များကို စွန့်လွှတ်ကြသကဲ့သို့စွန့်လွှတ်မကုန်စေပဲ။ မိမိရာထူး(Steem Power) အလိုက်ရပ်တည်ထားနိုင်စေရန် လိုအပ်မည်ဖြစ်ပေသည်။ ယခုအခါ SP များသူကများသည့်အလျောက်၊ နည်းသူလည်းနည်းသည့်အလျောက် ကြုံသလို Vote ပေးစေခြင်းထက် စနစ်တကျ Auto Upvote ဖြင့် SP မြင့်သူများဖြစ်လာစေရန် အပြိုင်အဆိုင်ကြိုးပမ်း လာမှုကိုဖြစ်စေမည် ဖြစ်ပါသည်။ အထက်ပါတင်ပြချက်များသည်မိမိ၏ အတွေးအမြင်များသာဖြစ်ပါသည်။ သဘောတူသူရှိနိုင်သလို သဘောမတူသူများလည်းရှိနိုင်ကြောင်း မည်သူ့ကိုမဆိုနားလည်ပါသည်။ မိမိအားလည်း Admin များမှ နားလည်ပေးနိုင်ကြပါစေကုန်။
images.jpg
ရေးသားသူ - မင်းစိုးနိုင်
Photo - google image

Sort:  

ကောင်းပါတယ် ။ စမ်းကြည့်သင့်တယ်

ခုလိုအကြံပြုပေးတာ ကျေးဇူးတင်ပါတယ်

ပြောသင့်​​ပြောထိုက်​တဲ့စကား​တွေပါဆရာ။

တစ်ယောက်အာ့းမရရင် အများအာ့းယူရမှာပါ။ အရမ်းကောင်းပါတယ်ကိုမင်း

good ပါတယ်
ကျိုးစားကြတာပေါ့