သတိရနေပါကြောင်း
လွမ်းနေပါကြောင်း
ချစ်နေပါကြောင်း
ပြောခဲ့တာလည်း
အက်ကြောင်းထပ်ခဲ့ပြီ။
်ဝမ်းသာပာတယ်
စကားပြောခွင့်ရနေသေးတာ။
်ဝမ်းသာပာတယ်
ချစ်ခွင့်ရနေသေးတာ။
်ဝမ်းသာပာတယ်
မနာမည်လေး
တဖွဖွရေရွတ်ခွင့်ရနေသေးတာ။
ဘာမှန်းမသိတဲ့အကြောင်းအရာတွေ
စိတ်ကူးကြည့်ရတာလည်းကြည်နူးရပါရဲ့။
ဥပမာ မနဲ့ မောင်
လက်ထပ်ဖြစ်ခဲ့ရင်ဆိုတာမျိုး။
ဥပမာ မရင်ခွင်ထဲ
ခေါင်းထိုးပြီး အိပ်စက်ခွင့်ရရင် ဆိုတာမျိုး။
အချစ်ဆိုတာ သတိရနေရရုံနဲ့
လုံလောက်ရင် မပိုင်ဆိုင်လိုခဲ့ပါ။ ။