ခရီးရောက်မဆိုက်ပင် မလွန်း ချစ်သူရောက်လာကာ လက်ထပ်ဖို့ကိစ္စအဆင်ပြေလျှင် ချက်ချင်း လက်ထပ်ချင်ကြောင်း ပြောလာတော့ မလွန်းမှာ စိတ်မောရပါသည်။ အကျိုးအကြောင်းပြောပြကာ နှစ်သိမ့်ပေမဲ့ ထိုသူမှာ လက်မခံပါ။ မိမိအား တကယ်မချစ်သောကြောင့်သာ အချိန်ဆွဲထားခြင်း ဖြစ်ကြောင်းနှင့် မလွန်း မိဘများမှာ သဘောမတူသောကြောင့်သာလျှင် ထိုသို့ပြောဆိုတာဖြစ်ကြောင်း အခြေအတင်ပြောဆိုနေလေသည်။ ချစ်သူမျက်နှာညိုတော့ မလွန်းလည်း မျက်ရည် ခပြီပေါ့။ မနော်ထူးနှင့်တိုင်ပင်သောအခါ မိဘများပြောကြားချက်သည် သင့်လျှော်ကြောင်းနှင့် ထိုသူ့ အကြောင်းကိုလည်း သေချာစုံစမ်းစေချင်သေးကြောင်း အကြံပေးလာပါသည်။
တစ်ညလုံးပေါက်နီးပါး ငိုထားသောကြောင့် မလွန်း ဒီမနက် အိပ်ယာထနောက်ကျသည်။ နှင်းငွေ့ဝေနေသော ပြတင်းပေါက်ကို ငေးရင်း ညက အဖြစ်အပျက်ကို ပြန်တွေးနေမိသည်။ ထိုသူသည် သူ၏ မွေးရပ်ဇာတိသို့ ပြန်တော့မည်ဖြစ်ကြောင်းနှင့် မလွန်းလိုက်လိုပါက လက်ထပ်ပြီးခေါ်သွားမည် ဖြစ်ကြောင်း ပြောပါသည်။ မလွန်းကလည်း ယခုအရွယ်သည် ငယ်ရွယ်သေးသည့်အပြင် မိဘများကိုလည်း ငဲ့ညှာရအုံးမည် ဖြစ်သည့်အတွက် လက်မထပ်နိုင်သေးကြောင်း ပြောပြလိုက်ပါသည်။ မလွန်း၏ သဘောထားကို သိရသောအခါ ထိုသူမှ ချစ်ပင်ချစ်သော်လည်း မိမိသည်လည်း မိဘများထံပြန်ရမည်ဖြစ်သဖြင့် ဒီနေရာမှာ လမ်းခွဲကျပါစို့ဟုပြောကာ ထွက်ခွါသွားလေသည်။
ချစ်ရသူ၏ ကျောပြင်ကိုကြည့်ရင်း မလွန်း မျက်ရည်တို့တလိမ့်လိမ့်ဆင်းသက်လာပါသည်။ ရင်ထဲမှာနာကျင်ရသော ထိုဝေဒနာသည် ပြောမပြတက်အောင် ပြင်းထန်လွန်းလှသည်။ မည်သူမှား၍ မည်သူမှန်သည်ကို မလွန်း မဝေခွဲတက်ပါ။ မိမိသည်လည်း မပြစ်မကင်းလှသလို ထိုသူသည်လည်း မမှန်ဟု မလွန်း တွေးမိပါသည်။ အငိုမျက်နှာနှင့် ပြန်လာသော မလွန်းအား အခန်းဖော်များက ဝိုင်းဝန်းနှစ်သိမ့်ကျတော့ မလွန်း ပိုငိုမိသည်။ အသည်းဆိုင်တစ်ခုလုံး ဆွဲဆုတ်ထားသလို ရင်ထဲက မွန်းကျပ်စွာ ခံစားရပါသည်။ ရှိုက်၍ ရှိုက်၍ ငိုနေသော မလွန်းကို မနော်ထူးက ချော့မော့ဖျောင်းဖျရှာသည်။ မိမိတို့၏ ဘဝများသည် မိသားစု အရေးထက် မိမိအရေးကို စတေးခံကျရမှာ ဖြစ်ကြောင်း နှစ်သိမ့်လေသည်။
ချစ်သူ၏ ကျောခိုင်းခြင်းကို လိမ့်၍ ခံစားနေရသော မလွန်း၏ ဘဝတွင် ကံကြမ္မာအလှည့်အပြောင်းသည်လည်း တိုးဝင်၍ လာခဲ့ပါသည်။ မလွန်းတို့၏ ဆန္ဒသဘောအရ မလွန်းတို့အဖွဲ့ ဆိုင်သစ်သို့ ပြောင်းရွှေ့ခဲ့ကျရပါသည်။ ဆိုင်သစ်သည် ယခင်ဆိုင်ထက်များစွာ ကြီးမားကာ Night Clabလည်း ပါဝင်လေသည်။ ထိုဆိုင်ရောက်တော့ သီချင်းဆို ဝါသနာပါသော မလွန်း ဖြိုးစံပယ်နှင့် မိုးထက်တို့က အဆိုလိုင်းဘက်ကူးသွားသလို မနော်ထူးက အရက်ဘားတွင် တာဝန်ယူလိုက်သည်။ ဆိုင်တွင် မန်နေဂျာကသာကြီးစိုး၍ ဆိုင်ရှင် လောပန်းကိုမူ မတွေ့ရပေ။ နေရာစီစဉ်ပေးသည်မှစ၍ အလုပ်ခွဲဝေခြင်း လစာပေးခြင်းများကို မန်နေဂျာနှင့်သာ ပြောရသည်။ မနော်ထူးနှင့်မလွန်းလည်း နေရသည့် အဆောင်မတူတော့။ အဆိုတော်တွေသပ်သပ် ဆိုင်ဝန်ထမ်းတွေသပ်သပ်ထားသည်။
ဆက်ရန်...
msc 175
@suhlaing
ဖတ်မိပြန်တော့ ဆက်ရန်သိချင်ပြန်ရော
စိတ်ဝင်စားဖို့ကောင်းတယ်
ကျေးဇူးပါ ညီမရေ လာဖတ်ပေးတဲ့အတွက်ကော ဆက်ပြီးအားပေးနေတဲ့ အတွက်ကော
မိဘတွေအပေါ် သိတတ်လွန်းတဲ့မလွန်းရယ်
ကံကောင်းပါစေ
ဝဋ်ကြွေးပါလာတော့လည်း အကျေဆပ်ရမှာပေါ့ အောင်ကြီးရယ်
Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
thanks
ဟား နိုက်ကလပ်ရောက်သွားပီ။
ပိုက်ဆံနောက်လိုက်ပြီလေ မလွန်း
ဆက်လက်သိချင်ပါသေးသည်
ဟုတ်ကဲ့ ဆက်လက်ရေးသားပါမည်
သိချင်လာပြန်ပြီ။
ဆက်ရေးမယ် မအိရေ
လွမ်းရေးထက် ဝမ်းရေးလေဆက်ပြန်ပေါ့
ဝမ်းရေးက ပူရှာတော့ လွမ်းကျောမရှည်နိုင်ပါဘူးအေ
အွန်း ဇာတ်လမ်းရှည်ကြီး ရေးလဲရေးနိုင်တယ်။
အပိုင်း ၃၀ကျော်လေမလားဘဲ ကွီးရွှေ
ဆိုင်ပြောင်းသွားတာပေါ့
ဟုတ်တယ် မမမြန်မာရေ ပိုက်ဆံပိုရတော့ ပြောင်းပေးလိုက်ပြီ
လွမ်းလာပီ မေမေ့ကို
မိသားစုအတွက် အလုပ်လုပ်နေတော့လည်း ဖြေသာပါတယ်
သိပ်ကောင်းတာပဲသမီး
ဘဝကိုဦးစားပေးရွေးချယ်ရတော့ ရင်နာရပြီပေါ့
ကျေးဇူးပါမာမီ မိသားစုအတွက်ဘယ်လိုတွေ အနစ်နာခံမလဲဆိုတာ ဆက်လက်ဖတ်ရှု့ပေးပါအုံး
မြန်မြန်ထပ်တင်ပါ . . . အခု ထပ်တင်ပါ . . .တော်ကြာ ထပ်တင်ပါ . . . ဖတ်ချင်နေပါပြီ
အသာလုပ်ပါ ဦးအင်း
အဲ့ဂလိုငိုရင်းနဲ့ ဆက်စောင့်ပါဦးမည် ။
အဲ့ဂလိုလေးငိုရင်းနဲ့ ထပ်တင်ပါအုံးမည်။