နှင်းစက်တို့က မိုးပေါက်များသဖွယ် တစ်စက်စက်ကျဆင်းနေ၏ မြင့်မားလှသော တောင်တန်းကြီးများကြားတွင် လူတစ်ကိုယ်စာမျှ ဖောက်လုပ်ထားသော လမ်းကျဉ်းထက်တွင်မတော့ ပလိုင်းများကို ခေါင်းထက်တွင် သိုင်းလွယ်ထားသော အမျိုးသမီးငယ်တစ်စု။ ပလိုင်းထဲတွင် သယ်ပိုးလာသော သစ်များကို တစ်ဖက်နိုင်ငံသို့ သယ်ပို့၍ ဝမ်းစာရှာဖွေနေရသော ထိုမိန်းမငယ်တစ်စုသည် အအေးဒဏ်ကိုလည်း အံ့တု။ မောပန်းရသည်ကိုလည်း မမှု။ ဥပဒေလည်း နားမလည်။ အသက်နှင့် အရှက် အန္တရာယ်ကိုလည်း ပဓာဏမထားဘဲ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ကြိုးစားရုန်းကန်နေကျရသည်။
မလွန်းသည် နဖူးထက်က စီးကျလာသော ချွေးစက်တို့ကို ဘယ်လက်ဖမို့ဖြင့် ပင့်သုတ်လိုက်ရင်း ခေါင်းထက်တွင် သိုင်းလွယ်ထားသော ပလိုင်းကို လက်နောက်ပြန်ထိမ်းမကာ ရှေ့က မြင်နေရသည့် အတက်ကို တက်လှမ်းနိုင်ဖို့ အားတင်းလိုက်ပါတယ်။ ထိုအတက်မှာ မိမိတို့လို သစ်ပိုးသမများ မာန်ချရသော အတက်ဖြစ်သည်။ တောင်အမြင့်ကို မော်မကြည့်အား။ ခြေလှမ်းကိုသာ ငုံ့ကြည့်တက်ကျရသည်။ တစ်ဖက်တွင်တော့ အဆင်းဖြစ်၍ အတက်လမ်းလောက် မောပန်းခြင်းမဖြစ်ဘဲ ထိန်းဆင်းရုံသာ။ ဒီတစ်ခေါက် သစ်ပိုးပြီးလျှင်တော့ ၁ပတ်ခန့် နားအုံးမည်ဟု မလွန်း စိတ်ကူးထားသည်။မနားလို့ကလည်း မဖြစ်။ ပန်းနာသည် အဖေ့အတွက် မြို့တက်ကာ ဆေးဝယ်ရအုံးမည်။ မောင်လေး နှင့် ညီမလေးအတွက်လည်း လိုအပ်သော စာအုပ်များဝယ်ပေးရအုံးမည်။ အမေ့တွင်လည်း လုံခြည်ကောင်းကောင်းမရှိ။ ရိုးရာဆင် တပတ်နွမ်းလေး၂ထည်ကို ဖာတေးဝတ်နေတာ မြင်တော့ မလွန်းစိတ်မကောင်း။ ဒီခေါက်ပို့ပြီးလျှင် လိုအပ်တာတွေဝယ်ဖို့ ပိုက်ဆံပြည့်လောက်ပေပြီ။ လောပန်းထံတွင် ခေါက်ကြေးများထုတ်ရမည်။ အတွေးနှင့်ပင် အပျော်လေးများကြောင့် မလွန်း မျက်နှာလေး ပြုံးရိပ်သန်းလာသည်။
credit image source
ဆောင်းရာသီမို့ နေဝင်ပျိုးပျ အချိန်ရောက်လာသည်နှင့် အအေးဓာတ်က လွှမ်းမိုးလာသည်။ ဒီည မိသားစု ထမင်းဝိုင်းလေးက စိုပြေလှသည်။ ဆက်သားခြောက်ကို ရှလက်ရွက် ငရုတ်သီးစိမ်းတို့ဖြင့် ကချင်ချက် ချက်ထားကာ ပန်းဥထောင်းထားသည်။ ကျောက်ဂျင်းကို လောဂျစ်နှင့် ချစ်ကာ အစိမ်းသုတ်ထားသည်။ ခေါင်းမဖော်တမ်းစားနေကျသော မောင်လေးနှင့် ညီမလေးများကိုကြည့်ရင်း ထမင်းလက်ကျန်နည်းနေပြီမို့ မလွန်းတစ်ယောက် စားလက်စအရှိန်ကို သတ်လိုက်သည်။ စားသောက်ပြီးသည်နှင့် အိမ်ရှေ့ ဝါးကွပ်ပျစ်ပေါ်တွင် မိသားစု ဝိုင်းထိုင်လိုက်ကျသည်။
credit image source
ဆက်ရန်....
msc 175
@suhlaing
အရမ်း စိတ်ဝင်စားဖို့ကောင်းပြီး တိုင်းရင်သားတွေရဲ့ လူနေမှုဘဝတွေကို မြင်ရတော့မယ် ထင်တယ်မစုရေ ..အားပေးနေပါတယ်ဗျ ..
လွန်ခဲ့တဲ့ ၁လလောက်ထဲက ဖျက်လိုက်ပြင်လိုက်နဲ့ သေချာလေးရေးထားပါတယ် အားပေးပါလို့
ဇာတ်လမ်းက အစဖတ်လိုက်တာနဲ့ဆွဲဆောင်သွားလိုက်တာဗျာ ...
ဇာတ်လမ်းက ဝတ္တု ရှည် ဖြစ်မှာ မောင်လေးရေ ဆက်လက်အားပေးပါအုံးနော်
ဝမ်းစာရေးတွက်ဆိုတော့လည်း လုပ်ကြရရှာမပေါ့ အမ
ဝမ်းတစ်ထွာဘဲရှိလို့တော်သေး အောင်ကြီးရေ
Congratulations @suhlaing! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
To support your work, I also upvoted your post!
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
thanks
ဇာတ်လမ်းက စိတ်ဝင်စားစရာပါဗျာ။နောက်လည်း လာရောက်ဖတ်ရှုပါအုံးမယ်ဗျာ။
ဟုတ်ကဲ့ အခုလို လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါရှင့်
စောစောစီးစီး ဗိုက်ဆာသွာပြီဗျာ
စာအစာလေးတော့ ပြည့်သွားစေမလား
ဇာတ်လမ်းအပျိုးကတော့
မိုက်ပါဗျာ ကြိုက်ပဟနော့
မြန်မာတိုင်းရင်းသူလေးတစ်ဦးရဲ့ ဝမ်းစာရေးရှာဖွေရ ခက်ခဲပုံနဲ့ ကြမ်းတမ်းတဲ့ သူ့ဘဝအကြောင်းလေးကို ဖြစ်ရပ်မှန်နဲ့ရောပြီး ရေးဖွဲ့ထားတာပါ ဦးထွေး
You got a 50% upvote from @aungzawhtwe courtesy of @suhlaing ! its cool fee free .
thanks, ကထွေး
ဆက်ရန်ပေါ့နော်
ဒါနဲ့ ပန်းဥ ဆိုတာ ဘာပန်းရဲ့ဥလည်းဟင်
စားကြည့်ချင်တာ
ပန်းဥဆိုတာ ကချင်ပြည်နယ်မှာဘဲပေါက်ပြီးတော့သူ့ အနံ့က နည်းနည်းပြင်းတယ် အပင်သေးသေးလေးတွေကနေ ဥတာ ဂျင်းနဲ့ ခပ်ဆင်ဆင်တူတယ် ညီမ ဆေးဘက်ဝင် သစ်ဥထဲမှာပါတယ် စာချင်းရင် ပါဆယ်ပို့ပေးလိုက်မယ်
မယ်စုရေ
မတွေ့တာကြာပီ how are you sis ?
နေကောင်းတယ် မယ်ပြည့်ရေ လာလည်တာကျေးဇူးနော် ညီမလေး
စိတ်ဝင်စားစရာကောင်းပါတယ်။
နောက်ပိုင်း အခန်းလေးတွေက ပိုစိတ်ဝင်စားစရာကောင်းမယ် ထင်တယ် ညီမရေ ဆက်လက်အားပေးပါအုံးနော်
တိုင်းရင်းပေါင်စုံတို့စုစည်းကြလေပြီ
တိုင်းရင်းသားတွေရဲ့ ဘဝနေမှုကို ကိုယ်တိုင်ခံစားကြည့်တာ
မက်လွန်းနေရာမှာ မက်စုဖြစ်ရမှာ။
ဇာတ်ကောင်အတိုင်း စာရေးသူက လိုက်ခံစားနေရတာ
အရေးအသားတွေအားကျတယ် sis
ကြိုးစားပါ ညီမ
မြန်မြန်လူဖြစ်ပါစေလိုစ့်
ဟုကဲ့ပါ humanကြီးရယ် လာကူပေးတာ ကျေးဇူးပါ
ကောင်းပါတယ်ဗျာ၊ တင်ပြပုံလေးညက်နေတာပါပဲ၊ ဒီလိုအကြောင်းအရာတိုတိုလေးတွေကို ကြိမ်ဖတ်များစွာလေ့ကျင့်ရင်းအရေးအသားတိုးတက်လာမှာပါ။
အမြဲတိုးတက်အောင် ကြိုးစားနေပါတယ် ဆရာ အားပေးတဲ့အတွက် ကျေးဇူးပါရှင့်
အို အစ်မရေ ကချင်လူမျိုးတွေ အကြောင်း ရေးနေတာထင်ပ၊ ကချင်ပြနးည်နယ် ခဲ့တုန်းက တွေ့ ခဲ့ဖူးတယ်။ ပလိုင်းတစ်လုံးမှာ မီးသွေးအိတ် သုံးလုံးတင်ပြီး မြို့ထဲမှာ မီးသွေးသွားရောင်းတာ သူတို့ လာတဲ့ တောထဲက အဝေးကြီးပဲ
ဟုတ်တယ် မောင်လေးရေ ကချင် လူမျိုးတွေရဲ့ ဒုက္ခဆင်းရဲတွေအကြောင်း ဇာတ်အိမ်တည်ထားတာပါ မလွန်း အမည်ခံ အမျိုးသမီးလေးရဲ့ အဖြစ်မှန်နဲ့ရောယှက်နေတဲ့ ဝတ္တုလေးပါ သနားစရာလည်း ကောင်းသလို နာကျဉ်းစရာလည်း ကောင်းလှပါတယ်
ဒါမျိုးဇာတ်လမ်းလေးတွေဖတ်ချင်တာ။
သစ်ပိုးသမတွေဘဝကို အနီးကပ်လေ့လာထားတာပေါ့ မက်မက်စု
ဟုတ်တယ် ညီမရေ သေချာလေ့လာပြီးမှ ဇာတ်အိမ်တည်လိုက်တာ
ဘ၀သရုပ်ဖော်ဝတ္ထုလေးဖတ်ရတော့မယ်ပေါ့... (y)
သရုပ်ဖော်ဘက်လေး ကူးလိုက်အုံးမယ်အေ ဒီဇာတ်လမ်းလေးက ရင်ထဲသိမ်းထားတာ ကြာပြီ