ယနေ့ နံနက် ၅နာရီခွဲမှာတော့ ခရီးဆက်ဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။ အထုတ်အပိုးတွေ ကားပေါ်တင်ပြီးတာနဲ့ မြစ်ကြီးနား မြို့တွင်းဘုရားများကို လှည့်လည် ဖူးမျှော်ခဲ့ကျပါတယ်။ ရွှေသာလောင်းနဲ့ ဆုတောင်းပြည့်ဘုရားကို ဖူးမျှော်ကန်တော့ပြီး ရွှေတောင်တန်းမှာ ရေစိမ်ဝင်စားခဲ့ကျပါတယ်။ အဲ့နောက်မှာတော့ နံနက် ၇နာရီမှာ အင်းတော်ကြီးဒေသသို့ ခရီးဆက်လက်ထွက်ခွါလာခဲ့ပါတော့တယ်။
https://steemit.com/myanmar/@suhlaing/bauyaapau-khyais-1-cb9c17fcec496
https://steemit.com/myanmar/@suhlaing/bauyaapau-khyais-2-07d09aed353a6
နံနက် ၈ နာရီကျော်မှာတော့ နမ္မတီးမြို့လေးကို ရောက်ရှိလာပါတယ်။ နမ္မတီးမြို့လေးမှ ဆက်လက်ထွက်ခွာခဲ့ရာ နံနက် ၈နာရီ ၄၅မှာ မိုးကောင်းမြို့ကို ရောက်ရှိခဲ့ပါ။ အဲ့နောက်မှာတော့ နံနက် ၉း၁၅မှာ ဆားမော်မြို့ ကို ကျော်လွန်ခဲ့ပြီး ဟိုပင်မြို့မှာ ထမင်းစားရပ်နားခဲ့ကျပါတယ်။ ၁၂း၁၂မှာတော့ လုံးတုံမြို့ကို ရောက်ရှိခဲ့ပါတယ်။ လုံးတုံမြို့လေးကိုရောက်တာနဲ့ အင်းတော်ကြီးရေပြင်ကို ခပ်ရေးရေးလှမ်းမြင်နေရပါပြီ။အဲ့နောက်မှာတော့ ကျမတို့ရဲ့ ဒုတိယ ခရီးစဉ်ဖြစ်တဲ့ အင်းတော်ကြီးကန်နဲ့ အင်းတော်ကြီး ရေလယ်ဘုရားကို နေ့လယ် ၁း၀၀မှာ အားပါးတရဖူးတွေ့ခဲ့ရပါတယ်။
ကြည်လင်သန့်ရှင်းတဲ့ ကန်ရေပြင်နဲ့ လှပအေးချမ်းတဲ့ သဘာဝတောတောင်ရေမြေကို နောက်ခံထားပြီး အင်းတော်ကြီး ရွှေမဉ္ဇူ ရေလယ်ဘုရားကို ဖူးမြှော်ရပါတယ်။ အင်းရေပြင်မှ ဇင်ယော်ဌက်ကလေးများနဲ့ တစ်ပျော်တစ်ပါး စက်လှေစီးနေကျတဲ့ ဘုရားဖူးတွေကိုလည်း ကြည်နှုးဖွယ်ရာတွေ့မြင်နိုင်ပါတယ်။ အင်းရဲ့ ပတ်ဝန်းကျင်မှာတည်ရှိတဲ့ နှီးဘုရား မုဆိုးမစေတီများကိုလည်း လှည့်လည်ဖူးမြှော်ခဲ့ကျပါတယ်။ ညနေ ၄ နာရီခွဲမှာတော့ ဇလုံတောင်သို့ ဆက်လက်ချီတက်ရန် အဆင်သင့်ဖြစ်နေကျပါပြီ။ ပျော်ရွှင်စွာခရီးဆက်လက်ထွက်ခွါလာခဲ့ပါတော့တယ်။
ဟိုပင်မြို့ကနေ လမ်းခွဲလာပြီး မိုးညှင်းမြို့ ၁၀မိုင်မှာတော့ ထမင်းစားနားခဲ့ကျပါတယ်။ အချိန်အားဖြင့် ည ၆း၃၀ ရှိပါပြီ။ မြစ်ကြီးနားထက်စာလျှင် မိုးညှင်းက ပိုအေးတယ်လို့ ခံစားရပါတယ်။ အေးစိမ့်စိမ့်လေးနဲ့ တမျိုးလေး နေလို့ကောင်းနေပြန်ပါတယ်။ ၇း၃၀မှာတော့ ဇလုံတောင်တည်ရှိရာ ဗန်းမောက်မြို့သို့ ဆက်လက်ထွက်ခွါလာခဲ့ပါတယ်။ ည ၉နာရီခွဲမှာတော့ ဗန်းမောက်မြို့ကို ရောက်ရှိပြီး ၁၂ခန့်ဝေးသော ဇလုံတောင်ခြေသို့ ခရီးဆက်ခဲ့ကျရာ ဘုန်းတော်ကြီးကျောင်းမှာ နားခို အိပ်စက်ရပ်နားခဲ့ကျပါတယ်။
မနက် ရနာရီမှာတော့ တောင်ခြေရှိ ယာဉ်ရပ်နားစခန်းသို့ ထွက်ခွာလာပြီး တောင်တက်ကားများဖြင့် တောင်ပေါ်သို့ ခရီးဆက်ခဲ့ကျပါတယ်။ နံနက် ၁၀နာရီ အချိန်မှာတော့ တောင်ပေါ်ကျောက်မဏ္ဍပ်ကို ရောက်ရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ ဇလုံတောင်မကြီးဆီကို ရောက်ရှိခဲ့ပါတယ်။ ကျောက်တောင်ပေါ်သို့တက်ရန် နေ့လယ် ၁၁း၃၀ မှ တန်းစီစောင့်ဆိုင်းနေရပြီး ညနေ ၃နာရီခွဲကျော်မှသာ ကျောက်တောင်ပေါ်သို့ ရောက်ရှိကာ ဖူးမြှော်ခွင့်ရရှိခဲ့ပါတယ်။ ရုံးပိတ်ရက်နှင့် ပွင့်လင်းရာသီဖြစ်သောကြောင့် ဘုရားဖူးများ များပြားနေသောကြောင့် ဖြစ်ဟန်တူပါသည်။ ကျောက်တောင်ပေါ်တွင် ဘုရားဖူးများသည် တောင်ပေါ်ရောက်အမှတ်တရအနေနဲ့ လည်စီး ပုဝါလေးများကို ဘုရားလက်ရမ်းများနှင့် အပင်တချို့တွင် ချည်နှောင်ထားသည်ကို ထူးထူးဆန်းဆန်းတွေ့ရပါတယ်။
အပြန်ခရီးတွင် မန်လည်ဆရာတော်ကျောင်းတိုက်သို့ ဝင်ရောက်ဖူးမြှော်ပြီးခဲ့ကျပြီး ညအိပ်ရပ်နားခဲ့ကျပါတယ်။
မန်လည်ကျောင်းတိုက်ကြီးဟာ ခမ်းနားကျယ်ဝန်းပြီး အံ့သြဖွယ်ရာ ကျောင်းဆောင်ကြီးကို တွေ့ရှိခဲ့ရပါတယ်။ မန်လည်ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်ထားရှိရာ စံကျောင်းတော်ကြီးနဲ့ တိုင်လုံးရေ ၁၇၂တိုင်ဖြင့် တည်ဆောက်ထားတဲ့ ကျောင်းဆောင်ကြီးအပြင် စည်တော် ၂လုံးကိုလည် တွေ့မြင်နိုင်ပါတယ်။ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို ဖူးမြှော်ကန်တော့ကျပြီး ငလျှင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားတဲ့ စံကျောင်းတော်ဟောင်းကြီးကို လေ့လာခဲ့ကျပါတယ်။ အဲ့နောက်မှာတော့ လက်ရှိကျောင်းတိုင်ဘုန်းကြီးထံ လှူ ဝယ်အစုစုတို့ကို လှူ ဒါန်းပြီးတော့ မန်လည်မှ ပြန်လည်ထွက်ခွါခဲ့ကျပြီး ကျမတို့ရဲ့ အပြန်ခရီးကို စတင်လိုက်ပါတယ်။
နံနက် ၇း၁၀မိနစ်အချိန်တွင် ဗန်းမော်သို့ ပြန်လည်ခွါခဲ့ကျပြီး အပြန်လမ်းမှာတော့ ထီးချိုင့် မြတောင်လမ်းကနေ ပတ်လို့ ဧရာဝတီ မြစ်ကူးတံတားကြီးပေါ်က ဖြတ်ကာ ပြန်ခဲ့ကျပါတယ်။ ဒုတိယမြစ်ကျင်းနေရာကနေ ကျော်လွန်လာပြီး ဥဒေါင်းတောင်ကို ကားပေါ်မှ ဖူးမြှော်ခဲ့ကျပါတယ်။ ညနေ ၃နာရီခွဲမှာတော့ ဇာတိမြေ ဗန်းမော်သို့ ပြန်လည်ရောက်ရှိကာ ပျော်ရွှင်ဖွယ် ဘုရားဖူး ခရီးစဉ်လေး ပြီးဆုံးခဲ့ပါတယ်ရှင်။
အားလုံးကို ကျေးဇူးတင်ပါတယ်...
msc-175
photo by me & facebook credit
@suhlaing
ကျေးဇူးပဲ အမရေ တစ်ချိန်ချိန်တော့ ရောက်အောင်သွားဦးမယ်ဗျာ။
သွားဖြစ်အောင်သွား ကလင်းရေ စိတ်ရဲ့ ချမ်းမြေ့ပျော်ရွှင်ခြင်းက ငွေနဲ့ မလဲနိုင်ဘူး
မြန်မာပြည်မြောက်ဖျား အကုန်အနှံသွားခဲ့တာပါလား
အားကျလိုက်တာဗျာ
ကချင်ပြည်နယ်ရဲ့ တန်ခိုးကြီးဘုရားတွေ အကုန်ဘဲ ဦးထွေး
မိသားစုဆွေမျိုးတစ်သိုက်နဲ့အာ့လိုနေရာတွေသွားဖူးချင်မိတာအမှန်ပါ
ပျော်စရာကောင်းသလို ပိုပြီးလည်း စည်းလုံးစေတယ်
ဗန်းမောက်ကိုနှစ်ခေါက်ရောက်ခဲ့တယ်။ ဖူးခွင့်ြုခဲ့ဘူး
၁၂မိုင်ဘဲ ဝေးတော့တာကို မသွားဖြစ်ခဲ့ဘူးပေါ့
ဘုရားဖူး များတာပေါ့ တန်းစီစောင့်ရတဟ်ဆိုတော့
ဇလုံတောင် ကို တစ်ခါမှ မရောက်ဖူးဘူး၊
ရုံးပိတ်ရက်ရယ် အင်းတော် ဘုရားပွဲရက်ရယ် တိုင်ဆိုင်သွားလို့ ဘုရားဖူး အရမ်းများတယ် အင်းတော်ကြီးကနေ ဇလုံတောင်ဝင်ကျတယ်လေ
Nice post
thanks
ဇလုံတောင်ဘုရား တကယ်ကို အပြင်မှာ ဖူးချင်မိပါတယ် တစ်နေ့တော့ ဖူးဖြစ်အောင် အရောက်သွားမယ်
အမတို့လည်း မနှစ်ကတည်းက အဲ့လိုမှန်းထားတာ ဒီနှစ်တကယ်ရောက်တယ်
မစုရေးပြတာနဲ့ ပုံတွေနဲ့ကြည့်ပြီး ရောက်ဖူးချင်နေပြီ ခုကတော့ စစ်ကိုင်းရောက်နေပြီ မြစ်ကြီးနားဘက် ခရီးစဉ်ထပ်ဆွဲရတော့မယ်
တင်ပါ့ဘုရား မန်လည်ကျောင်းတိုက်လည်း ဝင်ဖြစ်အောင်ဝင်ပါ ဘုရား
ခုလိုပြန်လည် ပြောပြပေးသော အစ်မကို အရမ်းကျေးဇူးတင်ပါတယ်ဗျာ ..မရောက်ဖူးသေးပေမယ့် တောတော်များများ သိလိုက်ရပါတယ် ..
ဟုတ်ကဲ့ပါ ပုံတော်တွေနဲ့ အရင်ဆုံး ဖူးခွင့်ရတာပေါ့
ဘုရားဖူးသွားရတာပျော်စရာကောင်းတယ်။မရောက်ဘူးတဲ့နေရာတွေလည်းရောက်တယ်။Fighting Sis.
ကျေးဇူးပါ
မနှစ်က ဇလုံတောင် လာသေးတယ်။ လမ်းအရမ်းဆိုးနေလို့ တောင်တက်မရခဲ့ဘူး
အင်းတော်ကြီးဘုရား ဖူးပြီး ပြန်ခဲ့ရတယ်ဗျာ
လမ်းတွေကတော့ ဆိုးတယ် အသက်အပ်ဖူးရတာ
ခရီးသွားရတာ ပျော်ဖို့ကောင်းပါတယ်။
ပုံလေးတွေလည်းအရမ်းလှတယ်အမ။
အရမ်းပျော်ခဲ့တယ် မောင်လေးရေ
မခေါ်ဘူးပေါ့။ရတယ်ကျနော်သွားလဲခေါ်မယ်မထင်နဲ့မမစု။
ဟိဟိ လက်တို့သွားပါတယ်အေ
ကျေးဇူး မမလည်း ဒီတစ်ပတ်ထဲသွားမို့
သွားဖြစ်အောင်သွားပါ အမ
ရောက်ဖူးသေးဘူး
ရောက်ဖူးသင့်တဲ့ ဒေသပါ
ဇလုံတောင်သွားချင်လို့ ပိုက်ဆံဆုပြီလေအမ
အကုန်အကျလည်း သိပ်မများဘဲနဲ့ တကယ်အကျိုးရှိတဲ့ ခရီးစဉ်ပါ အောင်ကြီးရေ
ဟယ် ဒို့တွေလည်း ဒီလ ၂၈ ရက်နေ့ကို အင်းတော်ကြီး နဲ့ ဇလုံတောင်ခရီးစဉ်သွားမလို့ ဒေတာတွေ စုနေတာနဲ့ ဒီပို့စ်ကိုဖတ်မိတာနဲ့ အတော်ပဲ .. ကျေးဇူးတင်ပါတယ်နော့ ။ have a great trip !
သိချင်တဲ့ အကြောင်းအရာနဲ့ ခရီးစဉ်ကို cbကနေ မေးလို့ရပါတယ်နော် ညီမ အရမ်း ပျော်ရွှင်စရာကောင်းတဲ့ခရီးစဉ်လေး ဖြစ်မှာပါ ဖိုက်တင်း
ကျေးဇူပါအစ်မရေ ဘုရားဖူးခရီးစဉ်လေးဖတ်ရတာ သွားရောက်ဖူးမြော်ချင်စရာပါ သွားဖြစ်အောင်လည်း ကြိုးစားအုံးမယ်ဗျာ
ကျန်းမာတုန်းသွားထား မောင်လေးလေ အသက်တွေရလာရင် ဒီတောင်မျိုးတက်ဖို့ မလွယ်တော့ဘူးလေ