မြူ နှင်းလွှာခြုံအုပ်ထားတဲ့
ဆောင်းငွေ့သက်တွေက
တစ်ကျော့ပြန်လာတဲ့ ဒီနေ့
ရှိခဲ့ဘူးတဲ့အတိတ် နှုတ်ဆိတ်နေခဲ့တယ်
နွေလယ်ညတွေထက်က
နေ့ရက်တစ်ချို့ထဲမှာ
အချိန်တန်တော့ ရင်ဘတ်ထဲက နှင်း
ရာသီစက်ဝန်းလည်နေတဲ့အထဲ
ဘယ်လွန်ဆန်နိုင်ပါ့မလဲ
တမ်းတခြင်းနှလုံးသားနဲ့
ရေးခြစ်ခဲ့တဲ့ ဆောင်းပန်းချီ
ဇွတ်မေ့ရင်းနဲ့ဘဲ အပြင်ကိုငေးနေတုန်း
နှင်းသက်ငွေ့ဝတ်ရုံနဲ့
အိမ်ရှေ့က မနှင်းဆီတောင်
အပျိုဖော်ဝင်ခဲ့ပြီဘဲ
photo by me
msc 175@suhlaing
Posted using Partiko Android
Ok တယ် အရင်လိုမန့်လို့ရပြီ
Posted using Partiko Android
မန့်လို့ရတော့ ပျော်ပြီလေ
အရင်လိုမန့်လို့ရပီ
Posted using Partiko Android
အင်း..ဘယ်လိုတောင်ပြောရပါ့...:-)
ဘိုမှ ပြောနက်တော့
တကယ့်ကို ထိမိတဲ့ ကဗျာလေးပါပဲ မစုရေ
အားပေးလို့ ကျေးဇူးပါ မောင်လေးရေ
အို မနှင်းဆီ မနှင်းဆီရယ်
အသံကောင်းတာကွယ်
တမ်းတခြင်းနဲ့နှလုံးသား. Woo😍😍😍😋😋
Posted using Partiko Android
လာဖတ်ပေးတာ ကျေးဇူးပါ ညီမငယ်
လှနေရော နှင်းဆီလေး😊
ကိုယ်တိုင်စိုက်ထားတာ မယ်ကြည်ရေ ဒီနေ့မှ စ ပွင့်တာ