အချိန်ကား ၁၉၄၀ခုနှစ်။ မြန်မာနိုင်ငံကို ဗြိတိသျှ ကိုလိုနီတို့ အုပ်စိုးချိန်ဖြစ်သည်။ အင်္ဂလိပ်အစိုးရသည် အေးချမ်းသော ဒေသများတွင် နွေရာသီ အပန်းဖြေအိမ်များထားရှိကာ အလွန်ပူပြင်းသော နွေရာသီကာလများတွင် သွားရောက် အပန်းဖြေလေ့ရှိပါသည်။ ကချင်ပြည်နယ် ဗန်းမော်မြို့လေးသည် တောင်ပေါ်မြို့လေးဖြစ်ကာ အေးချမ်းလှသောကြောင့် အင်္ဂလိပ်အစိုးရသည် နွေရာသီ အပန်းဖြေ အိမ်တော်များ ထားရှိလေသည်။ ထိုမြို့လေးတွင် အုပ်ချုပ်သည့် အင်္ဂလိပ် အရာရှိကြီးများလည်း ရှိရာ မြို့ပိုင်နှင့် ရဲမင်းကြီးမှာ အာဏာအရှိဆုံး ဖြစ်လေသည်။
ရဲမင်းကြီး၏ အိမ်တော်မှာ ခြံဝန်းကျယ်ကြီးထဲတွင် ပျဉ်ထောင်ဖြင့် ၂ထပ်ဆောက်လုပ်ထားသော နှစ်ဆောင်ပြိုင် အိမ်ကြီး ဖြစ်လေသည်။ အိမ်ကြီးကို ရေနံချေး ဝ အောင်သုတ်ထားသည်။ အိမ်ရှေ့ စင်ဝင်ကြီးကာ ပန်းကနုတ်များဖြင့် ပုံဖော်ထားပြီး အိမ်ဘေးတွင် ကြောင်လိမ်လှေကားလည်း ရှိလေသည်။ ခြံထဲသို့ အဝင်လမ်းဘေးဝဲယာတစ်လျှောက်တွင် ထင်းရှုးပင်များကို စိုက်ပျိုးထားရာ အဝင်လမ်းသည် တောအုပ်တစ်ခုထဲ ဝင်ရသည့်နှယ်ပင်။ ခြံရှေ့ဆိုင်းပုဒ်ကြီးကို ကြေးပြားဖြင့် ပြုလုပ်ထားပြီး မင်းကြီးအိမ်တော်ဟု ရေးထိုးထားလေသည်။
ဗန်းမော်မြို့ကလေးသို့ ရဲမင်းကြီး အဖြစ် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသော ၃ဆက်မြောက် မင်းကြီးသည် ထူးခြားစွာပင် အင်္ဂလိပ်လူမျိး မဟုတ်ဘဲ မြန်မာ အမျိုးသား တစ်ဦး ဖြစ်လေသည်။ မင်းကြီးကတော်မှာ အင်္ဂလိပ်သွေးစပ်သူဖြစ်ပြီး ဗိုလ်ကပြားမလေး တစ်ဦးဖြစ်လေသည်။ မင်းကြီးတို့ မိသားစုသည် ၃ယောက်သာရှိပြီး သမီးကလေးတစ်ဦးသာ ရှိလေသည်။ သမီးလေးမှာ ဖခင်ဖြစ်သူ၏ အရပ်အမောင်းနှင့် မိခင်ဖြစ်သူ၏ အသားအရည်နှင့် မျက်နှာပေါက်မျိုးပိုင်ဆိုင်ကာ ဗိုလ်ကပြားမလေးပီပီ မြင့်မားသောကိုယ်နေဟန်ထားနှင့် ချစ်စဖွယ်သော မျက်နှာ ဟန်ပန်ကို ပိုင်ဆိုင်လေသည်။ မင်းကြီး သမီးလေး၏ လှပတင့်တယ်မှုသည် အရာရှိအသိုင်းအဝိုင်းတွင်သာမက မင်းစိုးရာဇာများပင် ချီးမွမ်းပြောဆိုရလေသည်။
မင်းကြီး သမီးလေး၏ နာမည်မှာ နယ်လီဖြစ်ပြီး ကွန်ဗင့် ကျောင်းသူလည်း ဖြစ်လေသည်။ နယ်လီသည် နှင်းဆီပန်းများကို အလွန်ကြိုက်နှစ်သက်ကာ ခြံနောက်ဘက်ရှိမြေလွတ်များပေါ်တွင် နှင်းဆီပန်းရောင်စုံများ စိုက်ပျိုးစေလေသည်။ သူမ ကိုယ်တိုင်လည်း ကျောင်းအားသည်နှင့် နှင်းဆီပန်းလေးများကို ဂရုတစိုက်ရေလောင်းတက်လေသည်။ တစ်နေ့တွင် မင်းကြီးသည် အစိုးရကိစ္စတစ်ခုဖြင့် ပြည်နယ်ရုံးရှိရာ မြစ်ကြီးနားမြို့သို့ ခရီးထွက်ရန် အကြောင်းဖန်လာလေတော့သည်။ မင်းကြီးကတော်နှင့် သမီးလေး နယ်လီသည် မြစ်ကြီးနားဒေသသို့ မရောက်ဖူးသဖြင့် အတူလိုက်ပါလည်ပတ်ရန် ပူဆာသောကြောင့် မင်းကြီးတို့ မိသားစုသည် ဗန်းမော်မှ ကသာကို အစိုးရပိုင် သင်္ဘောဖြင့်လည်းကောင်း ကသာမှ နဘားကို ဌာနဆိုင်ရာ ကားဖြင့်လည်းကောင်း နဘားမှ မြစ်ကြီးနားကို ရထားဖြင့်လည်းကောင်း သွားရောက်ခဲ့ကျလေသည်။ မြစ်ကြီးနားတွင် အလုပ်ကိစ္စများ ပြီးစီးကာ မင်းကြီးတို့ မိသားစုသည် မြစ်ဆုံအပါအဝင် မြစ်ကြီးနားဒေသတဝိုက်သို့ အလည်အပတ်ထွက်ပြီးနောက် အပြန်ခရီးကို စတင်ခဲ့ကျလေသည်။
ဆက်ရန်...
ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။
msc 175@suhlaing
မြန်မာနာမည်လေးတွေဆိုပိုကောင်းမှာဇာတ်လမ်းကမိုက်နေပီ။နာမည်မှတ်ရတာခက်တယ်။
အင်္ဂလိပ်ခေတ်ကလေအေ ဗိုလ်ကပြားနာမည်တွေ
နယ်ချဲ့ တွေကို တိုက်ထုတ်ချင်သေးတယ် အယ်လယ်
သီဟတင်စိုးနဲ့ ပူးပေါင်းပါ အယ်လယ့်
စိတ်ဝင်စားစရာကောင်းတယ်မမစုရေ။
ဆက်လက် အားပေးပါအုံး မအိရေ
ဟီး အပေါ်မှာဖတ်ကတည်းက ဖြစ်ရပ်မှန်လားလို့ မေးမလို့လုပ်နေတာ..အောက်ရောက်မှ စိတ်ကူးယဉ်ဇာတ်လမ်းလေးတဲ့..ကောင်းလွန်းလို့ပါမစုရေ..အရေးအသား ကောင်းချက်..မမစုကို မှီအောင် မနည်းကြိုးစားရဦးမယ်ဗျို့
စိတ်ကူးယဉ်ဇာတ်လမ်းလို့ဘဲ ဆိုကျပါစို့ မောင်လေးရေ ဖြစ်ရပ်မှန်ရှိခဲ့ပေမဲ့ အမရဲ့ စိတ်ကူးယဉ်မှုက ပိုများပါတယ် သေဆုံးခဲ့ဖူးတာနဲ့ သရဲခြောက်တယ်ဆိုတာရယ် အုတ်ဂူကွဲတာ ဒါဘဲ အမှန်ဖြစ်ပြီး ကျန်တဲ့ ဇာတ်ဝင်ခန်းအားလုံး ဘာမှ မတူဘဲ စိတ်ကူးနဲ့ ဖန်တီးရေးသားထားတာဖြစ်ပါတယ်
ဒီစာသားလေးတွေ ဖတ်ရတော့ မင်းသိင်္ခ ဝထ္ထုလိုလိုပါ့ ဖတ်ကောင်းပါတယ် မိမိမမှီလိုက်တဲ့ခေတ်စရိုက်ကိုရေးပြရတာ အတော်တော့ခက်မှာပါ၊
လိုချင်တဲ့ ဇာတ်ကောင်စရိုက်နဲ့ နောက်ခံသမိုင်းတွေ အတုယူရေးသားရပါတယ် ဦးယုရေ ကိုယ်ပိုင်ရေးဟန်တစ်ခု ရဖို့ အများကြီး ကြိုးစားရပါအုံးမယ် ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ
ညီမ ဦးနှောက်ထဲမှာ စက်ရှိတယ်ထင်တယ်။စာတွေ ပုံနှိပ်ပြီးထွက်လာသလိုဘဲ။Good.
စာရေးကျင့် ရသွားတယ် ပြောရမှာပါဘဲ ကိုမဟော် နေ့စဉ်စာမရေးရရင် မနေတက်တော့ပါဘူး
ဆက်ဖတ်ပါမည်
ဟုတ်ကဲ့ ကျေးဇူးပါ
စိတ်ကူးယဉ် သက်သက်ဆိုပေမယ့်မြင့်တယ်ဗျာ ကိုလိုနီခေတ်ရေးဖို့ဆိုတာတော်ယုံမဟုတ်ဘူး တကယ်တော်လွန်းတယ်
ချီးကျူးအားပေးတဲ့ အတွက် ကျေးဇူးအထူးပါ ဦးမင်းရေ ဆက်လက်အားပေးပါအုံး
စိတ်ကူးယဉ်သက်သက်ဆိုပေမဲ့စိတ်ဝင်စားဖို့ကောင်းလို့ဆက်ဖတ်ချင်မိတယ်....ဆက်အားပေးပါ့မယ်.. ....
ဟုတ်ကဲ့ အမ နောက်အပိုင်း ပိုကောင်းအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ်
စိတ်ကူးလေးတွေက ယဉ်ကောင်းတယ်။
steemitမှာ စာရေးထဲက စိတ်ကူးယဉ်ပြီး ဇာတ်လမ်းရေးတက်လာတယ်
Wow.. amazing မစု အရေးအသားမိုက်တယ် ..ဇာတ်လမ်းကလည်း စိတ်ဝင်စားစရာ..စာပိုဒ်အ. ဆုံးသတ် ဖြစ်လေသည်။လုပ်လေသည်၊ လို့ တောက်လျောက်မသုံးပဲ ဖြစ်သည်၊ လုပ်သည် လို့ ပြောင်းပြောင်း သုံးပေးရင် ပိုအဆင်ပြေလောက်မလား လို့...သေချာသိ လို့ရယ်မဟုတ် ဝေဖန်ကြည့် တာပါ 😁
ဝေဖန်ပေးတာ ကျေးဇူး ကထက်ရေ ဝေဖန်မှုရှိတော့ ကိုယ့်အမှားကို မြင်ပြီး ပြုပြင်သင့်တာ ပြုပြင်ရတာပေါ့
ဆက်ဆက်ရေးပါဗျာ ပါဝါနည်းနေလို့ vote တော့မပေးခဲ့တော့ပါ နောင်များမှ
ရတယ် ကစိုးရေ မန့်ရေးရင်ကို ဝမ်းသာလှပြီ
နာမည်လေးတွေက ဘိုဆန်တယ်ဗျာ
ဗိုလ်မလေးတွေကိုးအေ့
ဟိုးအချိန်တွေကိုမျက်စိထဲ ပြန်မြင်ရတာပေါ့ ☺ ☺
ဟုတ်ကဲ့ မြင်ယောင်နိုင်ပါသည်
အင်...ကိုလိုနီခေတ် ဗန်းမော်သမိုင်း ဖတ်ရတော့ မလားလို့...
စာဆုံးမှ စိတ်ကူးဇာတ်လမ်းတဲ့
ဗန်းမော် သမိုင်းရေးဘု သရဲအကြောင်းရေးတာပါ
နှစ်ပိုင်းတော့ ဖတ်ပြီးသွားပြီ။ရှေးခေတ်နောက်ခံနဲ့ ဇာတ်လမ်းတည်တတ်တာ အားကျပါတယ်။ဇာတ်လမ်းလေးကလည်း ဆွဲဆောင်နိုင်ပါတယ်။
တက်စွမ်းသမျှ ကြိုးစားရေးထားပါတယ် အားပေးတဲ့အတွက် ကျေးဇူးပါ
တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖတ်ရတော့မယ်လို့ ယုံကြည်မိတယ်ဗျာ
ဒုတိယပိုင်းလေးလည်း ဆက်လက်အားပေးပါအုံးလို့
တကယ်ဖြစ်ရပ်မှတ်နေတာ အဆုံးကျမှ စိတ်ကူးယဉ်သက်သက်ဆိုတော့ hee hee
ဖြစ်ရပ်မှန်ကို အခြေခံထားပေမဲ့ စိတ်ကူးယဉ်တဲ့အပိုင်းက ခပ်များများမို့ပါ ကိုသားပေါက်ရေ
ကိုယ်ကြိုက်တဲ့ဇာတ်အိမ်မျိုးပါလား
ဇာတ်သိမ်းအထိ အားပေးပါအုံး ဒုတိယပိုင်းလည်း တင်ထားပါပြီ
အင်္ဂလိက်ခေတ်ကို ပြန်ရောက်သွားသလားမှတ်နေရတယ်ဗျာ။
အရေးပိုင်လုပ်မလား ကွီးရွှေ ဇာတ်အိမ်ထဲ ထည့်ရေးပြိုက်မယ်
အမလေး မလုပ်ပါနဲ့ သရဲကြောက်တယ်