တစ်နိုင်ငံလုံး မိုးတွေ အဆက်မပျက်ရွာသွန်းကာ ရေတွေ ကြီးနေပါတယ်။ မတ်မတ်စုတို့ မြို့မှာလည်း နားနားပြီး ရွာနေသလားမှတ်ရပါသည်။ ရွာလိုက်တဲ့မိုး။ အိမ်နားက တာပိန်မြစ်ကြီးနဲ့ နမ့်ဖားအင်းကြီးလည်း ရေတွေဖောင်လို့။ တာပိန်မြစ်ရိုးတလျှောက် ရေကျချိန်သောင်ထွန်းတဲ့နေရာတွေမှာ အခင်းစောင့် ရှည်တံရှည်တဲလေးတွေတောင် အမိုးဘဲမြင်ရတော့တယ်။ ပျိုးပင်တွေလည်း ရေတွေမြှပ်လို့ပါဘဲ။ မြစ်ရေတွေဟာ နောက်ကျိပြီး ရွှံ့နီရောင်ထနေပါတယ်။ နမ့်ဖားအင်းထဲကို တိုးဝင်လာတဲ့ ရေလုံးတွေဟာ ဝဲဂယက်ထပြီး ဒေါသကြီးကြီးနဲ့ တိုးဝင်နေသယောင်ပါ။
ရာသီပေါ်ဈေးတန်းလေးမှာလည်း နာနတ်သီးကလွဲရင် ဟင်းသီးဟင်းရွက်တွေ ရှားပါးနေပါပြီ။ အခင်းတွေ ရေမြှတ်ကုန်တာကြောင့် ဒေသထွက် သီးနှံတွေဖြစ်တဲ့ ပဲသီး မုန်ညှင်း အာလူး ဂေါ်ရခါးညွန့် ရွှေဖရုံညွှန့် ဘူးညွန့်တွေဟာလည်း ရှားပါးကုန်ပါပြီ။ ကုန်ဈေးနှုန်းကလည်း တဖြည်းဖြည်းမြင့်တက်လာပါတယ်။ ဆန်ဈေးလည်း အနည်းငယ် မြင့်တက်လာပြီး ကြက်သွန်ဖြူ ကြက်သွန်နီဈေးလည်း မြင့်တက်လာပါပြီ။ မတ်မတ်စုကတော့ တော်သေးသည် ပြောရမလား။ ဆန် ဆီ ဆား ၂လစာလောက်ဖူလုံအောင်ဝယ်ထားတက်ပေလို့။
ကိုယ်တွေနေတဲ့ မြို့လေးက သဘာဝဘေးအန္တရာယ်တွေတော့ ဒီအရွယ်အထိ ကြီးကြီးမားမားကြုံ ရတယ်လို့တော့ မရှိပါဘူး။ ရေကြီးတယ်ဆိုလည်း ကမ်းနားလမ်းတစ်လျှောက်နဲ့ တဖက်ကမ်းက ရွာတွေပေါ့။ ဒါပေမဲ့လည်း ရွာလုံးကျွတ် ရေဘေးဒုက္ခသည်ဆိုတာ မရှိသလောက်ပါဘဲ။ ရေနစ်လည်း လေး ငါးဆယ်အိမ်ပါ။ ငလျှင်ဒဏ်လည်း အကြီးအကျယ်ခံစားရတယ်လို့ မရှိပါဘူး။ ငလျှင်လှုပ်တယ်သာပြောကျတာ ကိုယ်တွေ သိတောင် မသိလိုက်ဘူး။ မိုးများတယ်ဆိုပေမဲ့ အင်းအိုင်ချောင်းတွေထဲ စီးဝင်သွားကျတော့ မြို့ပေါ်ရေတင်တယ်ဆိုတာ မရှိသလောက်ပါဘဲ။ စစ်ဘေးဒဏ်ခံရတယ်ဆိုပေမဲ့ မြို့နဲ့ အလှမ်းဝေးလှတဲ့ တောင်ပေါ်တွေမှာ ပစ်ကျခတ်ကျတာပါ။ လမ်းပန်းဆက်သွယ်ရေး အကောင်းကြီးမဟုတ်ပေမဲ့ ဒေသထွက် ကုန်လေးတွေနဲ့ အသက်ဆက်နိုင်ပါတယ်။ ဒါကြောင့် အဆိုးထဲက အကောင်းလို့ ပြောရမလိုပါဘဲ။
မိသားစုများပြီး လက်လုပ်လက်စားသမားများကို စာနာမိပါသည်။ ဒီချိန် ဘယ်လိုစားသောက်နေထိုင်ကျမည်လဲ။ လုပ်စရာ အလုပ်တွေကော ရှိကျရဲ့လား။ ရေကြီးလို့ အလုပ်နားရတဲ့ မိသားစုတွေ အဆင်ပြေပြေကော စားသောက်ကျရဲ့လား။ ဆင်းရဲမွဲတေတဲ့ နိုင်ငံသားဖြစ်ရသည်ကိုပင် အပြစ်တင်ရမည်လား။ သတင်းနားထောင်တိုင်လည်း ကားလမ်း ရေကျော်လို့ ရထားလမ်းရေကျော်လို့နှင့် ရွှံ့ရည်တွေ လွှမ်းနေတာဘဲ မြင်တွေ့ရပါတယ်။ ကိုယ်တွေလည်း ဘာမှ တက်အားသရွှေ့ကူညီမပေးနိုင်တဲ့ အခြေအနေဆိုတော့လည်း ဘေးကင်းကျပါစေလို့ ဆုတောင်းပေးရုံမှလွဲ၍ မတက်နိုင်ပါတကား။
photo credit- Facebook media
msc 175
@suhlaing
ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းနေရတာပ
ဟုတ်တယ် ဦးထွေးရေ သတင်းတွေကြည့်ပြီး စိတ်မချမ်းသာဘူး
သဘာဝဘေးဆိုတော့လည်း ...... အားလုံးအမြန်ဆုံး အဆင်ပြေကြပါစေ
ဆုတောင်းပေးနေရတယ် ကိုယ့်အမျိုးတွေဆိုတော့ ခြေမဆိတ်လည်း နာတယ်လေ
Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
thanks
အားလုံးဘေးကင်ကြပါစေ ဆုတောင်းရမှာဘဲ အမ
ဟုတ်တယ် ကိုယ့်ဒေသတွေ အဲ့လောက်မဆိုးပေမဲ့ တစ်နိုင်ငံထဲသားချင်းတွေဆိုတော့ စိတ်မကောင်းဘူး
နောင်နှစ်တွေမှာ ဒီထက်အခြေအနေဆိုးလာနိုင်တယ်တဲ့ မတ်စုရေ ကြားရတာ နားမချမ်းသာစရာချည်းပဲ
တဘောင်စကားလည်း ကြားထားတော့ သတိနဲ့နေတာ အကောင်းဆုံးပါ ဘုရား
မာမီတို့နိုင်ငံကရေကြီးနေတာ နှစ်တိုင်းပဲသမီးရေ
ဟုတ်တယ် မာမီ
ဘေးကင်းပါစေ
ဆုတောင်းပေးကျပါ
This post has received a 27.94% upvote from @lovejuice thanks to @suhlaing. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.
သဘာဝဘေးတွေကတော့ တစ်နေ့တစ်ခြား များလို့သာ လာပါတော့တယ်။ ပြည်သူအများ ဘေးရန်ကင်းကြပါစေ။
ဒါနဲ့ အစုလှိုင်ရေ စာက ၃ ပိုဒ်ထဲ ဖတ်ရတာ နဲတယ်ဗျထပ်မံဖြည့်ပေးပါအုန်း။
သဘာဝဘေးတွေကတော့ သစ်တော ပြုန်းတီးလာတာနဲ့အမျှ ယိုယွင်းလာတာပါဘဲ ထပ်ဖြည့်လိုက်ပြီ ကွီးရွှေရေ
ဟုတ်ကဲ့ ကျေးဇူးပါဗျာ။ ဖတ်လို့လဲကောင်း ဗဟုသုတလဲ ရပါတယ်ဗျာ။
ထပ်တူကျေးဇူးတင်ပါတယ်ရှင့်