ယိုယွင်းနေသော မြန်မာ့ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း ပြု ပြင်ရအောင်

in #myanmar7 years ago

ကမ္ဘာ့ မြေပုံတွင် ကြည့်မည်ဆိုပါက ဒေါင်းပျိုလေး ခေါင်းမော့နေဟန် မြန်မာ့မြေပုံလေးသည် လှပတင့်တယ်စွာ တွေ့မြင်နိုင်ပါသည်။ စေ့စပ်သေချာစွာပြန်ကြည့်မည်ဆိုပါက စိမ်းမြမြအကွက်လေးများ ဝါကျင့်ကျင့် အကွက်ကလေးများနဲ့ အကွက်ကျကျစီချယ်ထားတာကို တွေ့မြင်နိုင်ပါသည်။ အစိမ်းရောင်အကွက်လေးများကတော့ သစ်တောများကို ကိုယ်စားပြုပါသည်။ အထူးသဖြင့် ပြည်နယ်များကို ဖော်ကျုးထားပါသည်။ ဝါကျင့်ကျင့် အကွက်လေးများကတော့ တိုင်းဒေသကြီးများကိုဖော်ကျူးထားတာ ဖြစ်ပြီး သစ်တော ပြုန်းတီးနေတဲ့ သင်္ကေတများ ဖြစ်ပါသည်။ အမိမြန်မာပြည်သည် စိမ်းမြမြမှ ဝါကျင့်ကျင့်သဏ္ဍာန် ပိုမိုပေါ်လွင်လျှက်ရှိပါသည်။ ဒီအချက်ကို ထောက်ရှု့ခြင်းအားဖြင့် မြန်မာ့ သဘာဝတရားများ ပြုန်းတီး ယိုယွင်းနေပြီ ဖြစ်ကြောင်း ထောက်ရှု့နိုင်ပါသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ယှဉ်သော် အမိ မြန်မာပြည်သည် ယိုယွင်းပျက်စီးစပင်ရှိသေးသည်ဟု ကောက်ချက်ချနိုင်ပေသည်။ သဘာဝပတ်ဝန်းကျင် ပြောင်းလဲရခြင်း၏ အဓိက အကြောင်းအရင်းများမှာ သစ်တောများပြုန်းတီးခြင်းနှင့် ဓာတုဗေဒ စွန့်ပစ်ပစ္စည်းများပြားလာမှုကြောင့်ဟု ဆိုပါလျှင် မှားမည် မဟုတ်ပါ။ သစ်တောများပြုန်းတီးခြင်းကြောင့် ရာသီဥတုကို ဖောက်လွဲဖောက်ပြန်ဖြစ်လာစေပါသည်။ ရာသီဥတုဖောက်ပြန်လာခြင်းကြောင့် နာဂစ်ကဲ့သို့သော မုန်တိုင်းကြီးများ အယ်လ်နီညို လာနီညာကဲ့သို့သော ရာသီဥတုအခြေအနေများ မြေပြိုခြင်း ငလျှင်လှုပ်ခြင်း ရေကြီးခြင်း မိုးခေါင်ခြင်းစသည့် ပုံသဏ္ဍာန်မမှန်သော ရာသီဥတုအခြေအနေများကို ခံစားကျရပါသည်။ မိမိတို့ မြန်မာနိုင်ငံအနေဖြင့် ဇီဝစက်ရုံများ ပေါများခြင်းမရှိသဖြင့် မြန်မာ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းလာရခြင်း၏ အဓိက အကြောင်းအရင်းမှာ သစ်တောပြုန်းတီးခြင်းကြောင့်ဟု ဆိုလိုချင်ပါသည်။

image

ယိုယွင်းပျက်စီးခြင်းများ စတင်နေပြီဖြစ်သော မြန်မာ့ သဘာဝပတ်ဝန်းကျင်နေရာဒေသ အချို့အားထောက်ပြချင်ပါသည်။ ပထမဦးစွာ မိမိတို့ ကချင်ပြည်နယ်အတွင်းရှိ ပျက်စီးယိုယွင်းနေသော နေရာဒေသများအကြောင်း ပြောပြလိုပါသည်။ ဧရာဝတီမြစ်ကြီး စတင်ရာနေရာဖြစ်သော မေခနှင့် မလိခ မြစ်နှစ်စင်းပေါင်းဆုံရာနေရာတွင် တည်ဆောက်ခဲ့သော မြစ်ဆုံစီမံကိန်းကြောင့် ကမ္ဘာကျော် မြစ်ဆုံသဘာဝအလှတရား တိမ်မြှပ်ပျောက်ကွယ်လု ဖြစ်ခဲ့ရပါတယ်။ ဒေသခံများနှင့် အမိ မြန်မာပြည်အဖို့ တန်ဖိုးမဖြတ်နိုင်သော သဘာဝတရားတစ်ခု ဆုံးရှုံးလိုက်ရသည်ဟု မြင်မိပါသည်။ ဘူမိဗေဒ ပညာရှင်များ၏ တွက်ချက်မှုများကို လေ့လာကြည့်သော အခါ ကောင်းကျိုးထက် ဆိုးကျိုးသာများကြောင်းလေ့လာသိရှိခဲ့ရပါသည်။

image

လှပဝိုင်းစက်သော ကျောက်ဝိုင်းဝိုင်းလေးများနဲ့ အလှဆင်ထားသည့် မြစ်ဆုံအလှသည် မှိုင်းပြပြတောင်တန်းကြီးများနောက်ခံထားပြီး ဧရာဝတီကို စတင်မွေးဖွားပေးခဲ့ပါသည်။ ရှု့မဆုံးအောင် သာယာလှပတဲ့ အပန်းဖြေ နေရာလေးတစ်ခုအဖြစ် ကမ္ဘာကျော်ခဲ့ဖူးပါတယ်။ ယခုတော့ဖြင့် မြေထိုးစက်များနှင့် ဟိုတစ်စုဒီတစ်စု စုပုံထားတဲ့ ကျောက်ပုံများကြောင့် အကျည်းတန် အရုပ်ဆိုးစေပါပြီ။ မြစ်ဆုံ သဘာဝအလှတရား ပြန်လည်ပေါ်ပေါက်လာရေး အတွက် ဒေသခံများနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများက ထိန်းသိမ်းပြုပြင်နိုင်ရန် ဆောင်ရွက်လျှက်ရှိပါသော်လည်း အမျိုးသားရေးတရပ် အမြင်ဖြင့် နိုင်ငံတော်အနေနဲ့ ပူးပေါင်းဆောင်ရွက်မှသာလျှင် ပြန်လည်ဖွံ့ဖြိုးလာမည်ဟု ထင်မြင်မိပါသည်။

image

ကချင်ပြည်နယ် ဖားကန့်ဒေသသည် မြန်မာ့ကျောက်စိမ်း အများဆုံးထွက်ရှိရာဒေသအဖြစ် မှတ်တမ်းဝင် ဒေသတစ်ခုဖြစ်ပါသည်။ ယခုအခါ ကျောက်စိမ်းတူးယူမှုများပြားလာခြင်းကြောင့် မြေပြို ခြင်း ရေကြီးခြင်း စသည့် သဘာဝဘေးအန္တရာယ်များကို တဖြည်းဖြည်းခံစားလာရပြီဖြစ်သည်။ မကြာသေးမီက ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တစ်ခု မြေပြိုမှု ဖြစ်ပွားခဲ့ခြင်းကြောင့် လူ၂၀၀ထက် မနည်း သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရှိခဲ့ရပါသည်။ အမိနိုင်ငံအတွက် လူသားအရင်းအမြစ်များ လေလွင့်ဆုံးရှုံးရခြင်းဖြစ်သည့်အတွက် တိုင်းပြည် နစ်နာပါသည်။ ပျက်စီး ယိုယွင်းစပြု နေပြီဖြစ်သော ဖားကန့်ဒေသသည်လည်း ပြုပြင်ထိန်သိမ်းသင့်ပါပြီ။

image

မြန်မာနိုင်ငံ၏ အကြီးဆုံး ရေအိုင်ဖြစ်သော အင်းတော်ကြီးအိုင်သည် မိုးညှင်းမြို့နယ် အတွင်းတည်ရှိကာ ရွှေမဉ္ဇူ ရေလည်ဘုရားမှာ အထူးထင်ရှားသော ဘုရားတစ်ဆူဖြစ်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ၅၀၀၀ကျော်တွင် တည်ရှိသော မြန်မာနိုင်ငံ၏ အမြင့်ဆုံးရေအိုင်စာရင်းတွင်တစ်ခု အပါအဝင်ဖြစ်သည့် အင်းတော်ကြီးအိုင်နှင့် ပတ်ဝန်းကျင်ဒေသသည်လည်း ထိန်းသိမ်းထားအပ်သော သဘာဝအရင်းအမြစ်ဖြစ်ပေသည်။ကန်အတွင်း အမှိုက်ကင်းစင်ခြင်းသည် ဒေသခံတိုင်းရင်းသားများ၏ မိမိမြေကို ချစ်မြတ်နိုးမှု ပေါ်လွင်စေပါသည်။ ရေကန်ပတ်လည်တွင် သစ်တောများပြုန်းတီးနေမှုကို မြင်တွေ့ရမည် ဖြစ်သော်လည်း သဘာဝပတ်ဝန်းကျင် ပြုန်းတီးပျက်စီးမှုနည်းနည်းနှင့်သာတွေ့မြင်ရသည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အရပ်ဒေသတစ်ခု အဖြစ်တင်စားချင်ပါသည်။ သို့သော်လည်း ယခုအခါ ယင်းဒေသသည် ခရီးသွားဧည့်သည်များ အလည်အပတ်များပြားလာမှု သစ်တောများပြုန်းတီးမှုတို့ကြောင့် ယိုယွင်းပျက်စီးစ ပြုလာပါပြီ။ အချိန်မီ ထိန်းသိမ်းစောင့်ရှောက်မှု မပြုလုပ်ပါက အဖိုးတန် ရတနာမြေတစ်ခု ပျက်စီးဆုံးရှုံးစေမှာ မလွဲဧကန်ဖြစ်ပေသည်။

image

နှေးတချီ မြန်တလှည့် ဝဲကတော့ငယ်ဆင်ပါလို့ စီးဆင်းသွားတဲ့ ဧရာဝတီ။ အမိ မြန်ပြည်ရဲ့ တစ်ခုတည်းသော အသက်သွေးကြောအဖြစ် နှစ်ပေါင်း ရာချီ အလုပ်အကျွေး ပြုခဲ့တဲ့ ဧရာဝတီ။ ထို ဧရာဝတီသည် ယခုအခါ လူသားတို့၏ အမှိုက်သရိုက် အညစ်အကြေးများ စွန့်ပစ်ပစ္စည်းများကြောင့် ရေအဆိပ်သင့်မှုများတွေ့ရှိလာရပါပြီ။ လူသားတို့၏ လောဘ ဒေါသများကြောင့် ရှားပါး မျိုးစိတ်ဝင် ဧရာဝတီ လင်းပိုင်များလည်း မျိုးတုန်း ပျောက်ကွယ်လုပါပြီ။ အမှိုက်သရိုက်များကြောင့် မြစ်ကြောင်းများ တိမ်ကောလာပါသည်။ အချိန်မီ ပြုပြင်ထိန်းသိမ်းမှုမရှိလျှင် ရေအရင်းအမြစ်ဆုံးရှုံးနိုင်သောကြောင့် မြန်မာ အနာဂတ်အတွက် အလွန်အရေးပါပါသည်။

image

မြန်မာနိုင်ငံ၏ အထင်ကရ သဘာဝအလှတရားတစ်ခုမှာ နောင်အင်းလေးဒေသဖြစ်ပါသည်။ ရှမ်းပြည်တောင်ပိုင်း နောင်ချိုမြို့နယ်အတွင်းမှာတည်ရှိပါသည်။ နိုင်ငံခြားသားများ လာရောက်လည်ပတ်မှု အများဆုံးနေရာတစ်ခုဖြစ်ပါသည်။ အင်းလေးဒေသတွင် ရေပေါ်အိမ်ဆောက်လုပ်နေထိုင်မှုများ ရွှေ့ပြောင်းနိုင်သည့် ရေပေါ်စိုက်ခင်းများနှင့် အင်းရေပြင်အတွင်း အဆင်မခြင်အမှိုက်စွန့်ပစ်မှုများကြောင့် တစ်နေ့တစ်ခြား ကန်အတွင်း အမှိုက်သရိုက်များနှင့် ပြည့်နှက်လာပါသည်။ အချိန်မီ မပြင်ဆင် မထိန်းသိမ်းပါက သဘာဝအရင်းအမြစ်ဆုံးရှုံးနိုင်ပါသည်။ ထို့အပြင်လောပီတ ရေအားလျှပ်စစ် စက်ရုံအတွက် အဓိက ရေအရင်းအမြစ်ကြီး ဖြစ်သောကြောင့် အမျိုးသားရေးတရပ်အနေဖြင့် ပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင် ထိန်းသိမ်းသင့်ပါသည်။

image

ကမ္ဘာကြီး တဖြည်းဖြည်းပူနွေးလာခြင်း၏ အကြောင်းအရင်းတစ်ခုဖြစ်သော သစ်တောများပြုန်းတီးစေခြင်းသည် လူသားများ၏ မဆင်မခြင် သစ်တောများ ခုတ်ထွင် ရှင်းလင်းခြင်းကြောင့်ဖြစ်သည်။ တောင်ယာစိုက်ပျိုးရန်အတွက်သော်လည်းကောင်း နေအိမ်ဆောက်လုပ်ရန်အတွက်သော်လည်းကောင်း ပြည်ပသို့ ရောင်းချမှုကြောင့်သော်လည်းကောင်း လောင်စာအဖြစ် အသုံးပြုမှုကြောင့်သော်လည်းကောင်း မြန်မာ့ သစ်တောဧရိယာသည် တဖြည်းဖြည်း ကျဉ်းမြောင်းလာပါသည်။ ယခုအချိန်မှ မထိန်းသိမ်းထားနိုင်လျှင် လူသားအရင်းအမြစ်များသည် သဘာဝဘေးအန္တာရယ်ကြောင့် မကြာမီ မျိုးသုန်းပျောက်ကွယ်သည့် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ပါသည်။

အမိ မြန်မာပြည်ကို ကြည့်ပါ။ ၂၀ရာစုနှင့် ၂၁ရာစု ရာသီဥတု အခြေအနေ မည်မျှကွာခြားသွားပြီလည်း။ မြန်မာ့သစ်တော့များ မည်မျှ ဆုံးရှုံးသွားပြီလည်း။ ဧရာဝတီဟာ တစ်တိုင်းပြည်လုံးရဲ့ အညစ်အကြေးတွေနဲ့ဘယ်လို ခရီးဆက်မလဲ။ မြောက်မြားလှသော မေးခွန်းများနှင့်အတူ လူသားများအတွက် တန်ဖိုးမဖြတ်နိုင်သော သဘာဝအရင်းအမြစ်များကို မည်သို့ဆက်လက်ထိန်းသိမ်းမလဲဆိုတာ မြန်မာနိုင်ငံသားအားလုံး တွေးသင့် တွေးထိုက်နေပါပြီ။ယခုအချိန်သည် သဘာဝပတ်ဝန်းကျင် ယိုယွင်းစပြုနေသော အမိ မြန်မာနိုင်ငံကို ကယ်တင်နိုင်ရန် အချိန်မီပါသေးသည်။ ရာစုနှစ်တော်တော်များများက ပြုန်းတီးခဲ့ကျသော မြန်မာ့ သစ်တောကြိုးဝိုင်းများအား ဆက်လက်ရှင်သန်ကြီးထွားလာစေရန် မြေတောင်မြှောက်ပေးသင့်ပါပြီ။ သစ်ပင်များအားလောင်စာအဖြစ် အသုံးပြုခြင်းကို ရပ်တန့်သွားစေရန် ထင်းအစားထိုး လောင်စာများကိုသာ အသုံးပြုသင့်ပါပြီ။ သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုမှ ကာကွယ်ရန်အတွက် ကြီးမြန်သစ်ပင်များစိုက်ပျိုးခြင်း နှင့် သဘာဝပတ်ဝန်းကျင်အား ချစ်မြတ်နိုးတက်သော စိတ်ဓာတ်ကို မိမိကျင်လည်ရာ လူ့အသိုင်းအဝိုင်းအတွင်း ဖြန့်ဝေစည်းရုံးစေခြင်းဖြင့် မြန်မာအပါအဝင် ကမ္ဘာကြီးတစ်ခုလုံး ပျက်ဆီးဆုံးရှုံခြင်းမှ ကာကွယ်နိုင်ပါသည်။

image

ယိုယွင်းပျက်စီးလာပြီဖြစ်သော မြန်မာ့ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းရေးတာဝန်သည် လူတစ်ဦးတစ်ယောက်၏ တာဝန် မဟုတ်ပါ။ လူတိုင်း၏ တာဝန်သာဖြစ်ပါသည်။ အမိ မြန်မာပြည်၏ အလှတရားများ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေးသည် မှီတင်းနေထိုင်ကျသော နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်ဟုလည်း ဆိုချင်ပါသည်။ ထို့ကြောင့် အတူလက်တွဲကာ ယိုယွင်းနေသော မြန်မာ့ သဘာဝ ပတ်ဝန်းကျင်ကို ဝိုင်းဝန်း ထိန်းသိမ်း ပြုပြင်သွားကျရပါစို့လို့ ဆန္ဒပြု တိုက်တွန်းရင်း
( ၅-၆-၂၀၁၈) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား ကြိုဆို ဂုဏ်ပြု ရေးသား အပ်ပါသည်။

image


msc - 175
credit google image@suhlaing

Sort:  

ဝိုင်းဝန်းထိန်းသိမ်းပြုင်ကြပါစို့

အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့

ဆုရပါ​စေအမ​ရေ

ကျေးဇူးပါ မောင်လေးရေ

Very nice post !
Upvote!

thanks, Sis

ကောင်းလွန်းပါတယ်ကွယ်
ဆုရပါစေ

ကျေးဇူးတင်ပါတယ်ရှင့်

ဆုရပါ ​စေမစု​ရေ

ကျေးဇူးပါ ကိုထက်ရေ

အတိုင်​ပင်​ခံကြီး ​ကောင်းတယ်​ဗျာ ဆုရပါ​စေဗျာ

ကျေးဇူးပါ group admin

သူကစ၍ငါကအားလုံးလက်ရုံးများမြှောင်ဉာဏ်များမြှောင်နှင့်စွမ်းဆောင်ကြလေ ဆောင်ကြလေတော့

ဟုတ်ကဲ့ရှင် ဥာဏ်စွမ်းရှိသလောက် ကြိုးစားထားပါတယ်

ဆုရပါ​စေဗျာ မစု​ရေ

ကျေးဇူးပါ အောင်ကြီးရေ

ဆုရပါ​စေ မမ။

ကျေးဇူးပါ ညီမလေး

ဆုရပါစေဗျာ

ကျေးဇူးပါ

အားထုတ်​ရကျိုးနပ်​ပါ​စေဗျာ

အားပေးတဲ့အတွက် ကျေးဇူးပါ

Thank you suhlaing for making a transfer to me for an upvote of 1.11% on this post!

funds growth projects for Steem like our top 25 posts on Steem!Half of your bid goes to @budgets which

The other half helps holders of Steem power earn about 60% APR on a delegation to me!

For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily?

To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

This post has received gratitude of 1.47 % from @appreciator thanks to: @suhlaing.

အရမ်းကောင်းပါတယ် ဆုရပါစေဗျာ

ကျေးဇူးအထူးပါရှင်