*** နေခြည်နွေးနွေး ***

in #myanmar7 years ago

*** နေခြည်နွေးနွေး ***

ချွတ်ယွင်းနေတဲ့ ရာသီစာက
ငါတို့လျှာမှာတော့
လတ်ဆတ်တယ် ။

မီးလျှံတဟီးဟီးးက
ငါတို့ ရင်မှာလောက်
တောက်လောင်နေလို့လားး???

ရင်ဖိုဖွယ်အိမ်မက်တွေက
ငိုကြွေးထိတ်လန့်သံတွေကိုပဲ
ကိုယ်စားပြုထားတယ် ။

အမှောင်ကိုခွင်းမဲ့
အလင်းအတွက်
ငါတို့ နှင်းထုတပ်မကြီးးကြားးမှာ
ဝပ်စင်းခဲ့ရတယ် ။

အမွှေးဆုံး ပန်းနံ့သာတို့နဲ့
မသက်ဆိုင်နေသူဘေးမှာ
တောပန်းတို့ ပြိုင်ဆိုင်နေကြတယ် ။

အမေကိုလွမ်းတယ် ။

အိမ်ကိုလွမ်းတယ် ။

မိသားစုကိုလွမ်းတယ် ။

ရယ်မောသံတွေကိုလွမ်းတယ် ။

ခြေထောက်နှဲ့နေတဲ့
စာသင်ခုံလေးကို လွမ်းတယ် ။

တမ်းချင်းတွေ
တေးချင်းတွေ
သွေးချင်းချင်းနီလို့

မနက်ဖြန် ရောင်နီစို့တိုင်း
အရှေ့ဖက် နေတံခါးဝမှာ
လွတ်လပ်စွာ ပျံသန်းခွင့်ပြုပါ ။

FB_IMG_1515565969635.jpg

Sort:  

ကောင်းတယ်

အိမ်ကိုလွမ်းတဟ် :'(

အိုအကုန်လွမ်းတယ်ဗျာ

လွမ်းမယ်ဗျာအားလုံးကို

Nic girl

ကောင်းပါတယ်

ထပ်ထပ်ဖဆ်ပြီး ထပ်ထပ်ခံစားနှစ်သက်မိတယ်ဗျာ အားကျပါတဟ်