(၁)https://steemit.com/myanmar/@thantzinoo96/bauyaapautsekhak-65c98d5c3ac9c
(၂)
အမြန်လမ်းပေါ်မှာ ကားကြီးက ငြိမ့်ငြိမ့်ညောင်းညောင်းလေး ပြေးမောင်းနေသည်။ ကီလို ၆၀လောက်ပင်ဟု ကျနော်ထင်မိသည်။ လူတွေက သိတဲ့တိုင်းပါပဲ။ "ရလေလေ လိုလေလေ အိုတစ္ဆေ" ကားငှားခ တနေ့ကို ဘယ်လောက်ဘယ်ရွေ့ သတ်မှတ်ဈေးနဲ့ ကိုယ်ဖာသာ ဆီထဲ့ဆိုတော့ ကားကြီးကို လိပ်ကို ဘီးတပ်ပေးထားသလောက်ပဲမောင်းတာပါ။ ဒါမှသာ ရက်များများမောင်းရတော့မှာ မဟုတ်ပါလား။ ဘာမှကြည့်စရာ၊ ရှုစရာမရှိတဲ့ လမ်းမကြီးမှာ အိပဲ့ အိပဲ့နဲ့ တကယ်ကို ပျင်းစရာကြီးပါပဲ။
ကံကလည်း ကောင်းမှကောင်း ။ ဘာပြင်ဆိုင်မှ မရှိတဲ့ လမ်းကြီးမှာ ဘီးပေါက်ပါလေရော။ ဘီးအပို ပါလာလို့ တော်ပါသေးသည်။
နှေးစိ နှေးစိနဲ့ မောင်းလာခဲ့ရာ...နေ့လည် ၁နာရီကျော်ကျော်လောက်မှ နေပြည်တော် မြို့ထဲသို့ရောက်သည်။ ဗိုက်တွေလည်းဆာရောပေါ့ဗျာ။ ရောက်တာနဲ့ ထမင်းဆိုင်ကို အရင်ဦးဆုံးမောင်းခိုင်းကြရတာပေါ့။ ဆိုင်ကတော့ တူတူတန်တန်ပါပဲ ။ "မတူတူ မတန်တန်"ကတော့ အစားအသောက်ပါ။ (2008-2009ခုနှစ်လောက်တုန်းက ဆန်တစ်ပြည် ၈၀၀-၁၀၀၀ဆိုရင် တော်တော်ကောင်းတဲ့ ဆန်အမျိုးစားရပါသည်။)
၅၀၀တန် ထမင်းပွဲကိုကြည့်ပီး ကျနော် ဟတ်ဟတ်ပက်ပက် ရယ်ပစ်လိုက်သည်။ ပီးမှ တခုခုကို သတိရမိသွား၏။ ကျနော် ၃နှစ်သား ၄နှစ်သားလောက်တုန်းက မေမေခွင့်ကျွေးသော ထမင်း ပန်းကန်လေးကို ပါ။ "သားး ဒါလေးကုန်အောင်စားနော် ဒါမှ မေမေ့သားက ပါဝါရိန်းဂျားလို သန်မာမှာ" "ဟုတ် မေမေ" အဲ့ဒီချိန်တုန်းက မနည်း ညှစ်စားခဲ့ရတာ သတိရမိပါ၏။ ယခုချိန်မှာတော့ ညှစ်စားဖို့နေနေသာသာ လက်ဖက်ရည် ပန်းကန်လေးတစ်လုံးစာမျှ ထမင်းကို ကျနော်လို 'အညာသား' ဘယ် တင်းတိမ်နိုင်ပါ့မလဲ။
" ကျနော်လဲ စိတ်ရှိရှိနဲ့ ဆော်လိုက်တာ ပန်းကန်တွေတော်တော်များများပဲ ခင်မျ " တမျိုးမတွေးပါနဲ့အုံး "စားပစ်တယ် ပြောပါတယ်"
ထမင်းပန်းကန် ၃၊၄ချပ်လောက် အစီအရီဖြစ်သွားသည်။ ကျနော့် Crushလေးကတော့ ထမင်းပွဲရဲ့ အရပ်လေးမျက်နှာကို ထမနဲထိုးသလို ထိုးမွှေနေ၏။ နေမကောင်းဘူး ထင်ပါရဲ့ဗျာ " မျက်နှာလေးက စူပုတ်ပုတ်လေးနဲ့ တခုခုကို အလိုမကျနေသည့်နှယ် " ။ ကျနော့်မှာလည်း 'ကိုယ်ထင် ကုတင် ရွှေနန်း'ဆိုသလို သူမ ဘယ်လိုနေနေကို ကြည့်ကောင်းနေတာပါပဲ။
စားသောက်ပီးတော့ နေပြည်တော်ဘုရား ဖူးမျှော်ဖို့ရန် ခရီးဆက်ပါသည်။ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးက လွန်စွာမှ ကြည်ညိုဖွယ်ရာ ကောင်းပါသည်။ အတော်လေးပင် သပ္ပါယ်ပါသည်။ ထူးဆန်းတာတခုကတော့ မိန်းခလေးများ စကပ်တို၊ ဘောင်းဘီတို ၊ အကွဲ အလန် အပြန်တွေဆို ဝင်ခွင့်မပြုပါဘူး။ လုံချည် သို့မဟုတ် ထဘီ စသည့် လုံခြုံသောအဝတ်စား ဝတ်ပြီးမှသာ ဝင်ခွင့်ပြုပါသည်။
( အဲ့ဒီ အလေ့အထကို ကျနော် အတော် သဘောကျ နှစ်သက်ပါသည်။ ကျနော်တို့ မြန်မာမိန်းကလေးတွေသည် အနောက်နိုင်ငံဇာတ်ကားတွေကြည့်ပြီး အထူးသဖြင့် ကိုရီးကားကားတွေကြည့်ပြီး အတုခိုးမှု အတုယူမှုလွဲမှားနေပါသည်။ ထိုနိုင်ငံတွေမှာ ဗုဒ္ဓဘာသာ မရှိသလောက် နည်းပါးပါသည်။ သူ့တို့၏ ဝတ်စားဆင်ယင်မှုက သူတို့ဘာသာ သူတို့ဓလေ့နှင့် သင့်လျော်ပါသည်။ သို့ပေမယ့် ဗုဒ္ဓဘာသာ အများစုနေထိုင်သော မြန်မာပြည်တွင် အထူးသဖြင့် ဘုရားကျောင်းကန်များ၌ ထိုအနောက်တိုင်း ဝတ်စားဆင်ယင်မှု အတိုပြတ်တွေနှင့် မသင့်လျော်ပါဘူး။ ဒါကြောင့် စေတီဘုရားတော်တော်များများတွင် ထိုကဲ့သို့ တားမြစ်ထားသင့်ပါသည်။ သို့မှသာ မိမိတို့၏ ထေရဝါဒဗုဒ္ဓဘာသာကို ကမ္ဘာလှည့် ခရီးသွားဧည့်သည်တော်များ အထင်းမသေးဝင့်တော့မည် ဖြစ်ပါသည်။ )
အချိန်က ညနေစောင်းနေသောကြောင့် နာမည်ကြီးတဲ့ ရေပန်းဥယျာဉ်ကို မဝင်ပဲ ခရီးဆက်ရပါသည်။ ပဲခူးမှ တဆင့် ကျိုက်ထီးရိုး ဘုရားသို့ ခရီးဆက်ခဲ့သည်။ မွန်ပြည်နယ်ထဲရောက်တော့ ညအတော်မှောင်နေပါပြီ။ မနက် ၃နာရီခွဲလောက် ကင်ပွန်းစခန်းကိုရောက်ရှိပြီး ကျနော်တို့ အားလုံး အိပ်စက်အနားယူကြပါသည်။ မနက်မိုးလင်းတာနဲ့ မနက်စာစားပြီး တောင်တက်ကားဂိတ်သို့သွားကြသည်။ (ပင်ပန်းလာသောကြောင့် Crushဘယ်မှာအိပ်စက်လဲ သတိမထားမိ။)
Faw ကားပေါ်မှာ ခုံးတန်းလျားတွေ အစီ အရီ ချထားသည် ။ ခုံတိုင်းမှာ လူတွေပြည့်ညက်လျက်ရှိသည်။ Crashမမက ကျနော့်အမဘေးကပ်လျက်တွင်ကျသည်။ (ဒါ အခွင့်ရေးပဲဟု တွေးမိ၏)အမက ကားခအပိုမကုန်အောင် ကလေးဟုပြောကာ ကျနော့်ကို သူပေါ်မှာထိုင်ခိုင်သည်။ ကျနော်ကတော့ Crashကိုငမ်းချင်၍ အသာအယာ ပြေးပီး ဝင်ထိုင်ပစ်လိုက်သည်။
လမ်းတလျောက် ရေတံခွန်ငယ်လေးတွေ စမ်းချောင်းလေးတွေ ကြည်နူးဖွယ်တွေ့ရသည်။ ကားကြီးက ဟိုဘက်ယိမ်းလိုက် ဒီဖက်ယိမ်းလိုက် ပျော်စရာကြီးဗျာ ။ ကားမောင်းသမားကလဲ ကျွမ်းသလားမမေးနဲ့ အကွေ့တွေဆို ပစ်ပစ်ကွေ့တာ( ရှယ်ပဲ )🎵
🎵🎶 ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက် တိုးရင်းနဲ့တက်လိုက်🎼🎶
လမ်းတွေက တစ်ဆစ်ချိုးတွေ အပြင် ကွေ့တက်တွေပါ။ ကားသမားစကေးကတော့ ကျွမ်းကျင်လွန်းပါတယ် ။ တိကျမြန်ဆန်တယ်ဗျ ။ တခုကောင်းတာက အသွား အပြန် အချိန်မတူကြဘူးခင်မျ။ အသွားကားသမားတွေ တက်နေချိန်မှာ အပြန်းကားသမားတွေ လုံးဝဆင်းမလာဘူး။ အချိတ်ဆက်တွေနဲ့ သွားကြတာပါ။
ရသေ့တောင်မှာ ကားလမ်းတဝက်ဆုံးပါသည်။ ထိုမှ တဆင့် ကျိုက်ထီးရိုးတောင် ပေါ်သို့ကားနှင့် မတက်ပဲ ခြေကျင်ခရီးဆက်ခဲ့ပါသည်။
အားလုံးပဲကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်မျာ.....
Photo credit to google
Author by Thant Zin Oo(magway)
MSC-184
နေပြည်တော်က တစ်နေရာနဲ့ တစ်နေရာအဝေးကြီးပဲ
တိတ်ဆိတ်နေတာပဲ ပြီးတော့
ခုတော့ သိဘူးရယ် Bro
ရောက်တုန်းကတော့ သိပ်စည်ကားသေးဘူး
ခရီးသွား post တေနဲ့ အလုပ်ဖြစ်နေပြီ။
😁
ပြောနဲ့လေ လို့
နေပြည်တော် ကိုတော့ ရောက်ဖူးသေးဘူးရယ်
ဟုတ် တော်တော်စည်ကားနေပြီဆိုပဲ တစ်ခါတစ်ခေါက်လောက် အလည်အပတ်သွားလိုက်ပါအုံး
မြန်မာ့ ယဉ်ကျေးမှုတစ်ခုကို စေတီပုထိုးတွေကနေ ပြန်ပြီးထိန်းသိမ်းရမလိုဖြစ်နေပြီ
.
ဒါနဲ့  ဘယ်သူ့ ပေါင်ပေါ် ပြေးထိုင်တာ 😁😁😁
အယ်လိုလဲ ဟုတ်ရပါဘူးအစ်ကိုရြာ
ကျနော့်ယောက်ဖရဲ့ မိန်းမ>ကျနော့်အမပါ😊😁
သူ့ပေါ်တော့ထိုင်ရဲဘူးလေလို့😂
ဖတ်လို့ကောင်းပါတယ် အစ်ကို
ကျေးဇူးတင်ပါတယ်
သွားလဲသွားနိုင်ပ
ဟဲဟဲ တခါတည်း သုံးနေရာသွားတာပါ ဘဒို
အဲ့လိုလေးနယ်ဝေးသွားလည်ချင်လိုက်တာဗျာအခုကဒီမြို့ကနေကိုဘယ်မှမရောက်ဖူးဘူး
အပန်းဖြေဖြစ်ဖြစ်
အနားယူတာဖြစ်ဖြစ်
တစ်နှစ် တခါတော့
သွားသင့်ပါတယ်
ဒီနှစ်တော့ ဘုရားဖူးကြည့်ဦးမယ်ဗျာ
ကောင်းတာပေါ့ Broရာ
ကလေးကလည်း crush နဲ့ပါလား :D
ဟဲဟဲ ခေတ်ကြီးက အဲလိုကြီး Broရေ
ကိုယ်တိုင်မရောက်ဖူးပေမယ့် အခုလိုpostလေးတွေ တင်ပေးတော့ ကိုယ်တိုင်ရောက်သွားသလို ခံစားရတယ်
ကျေးဇူးပါဗျာ
နောက်ခရီးစဉ်လေး ဆက်ပါဦးဗျာ
ဟုတ်ကဲ့ပါ
ခရီးတစ်ခု အမှတ်တရပေါ့
ဟုတ် ကိုစော
ဒီတခါဘုရားသွားဖြစ်ရင်ခေါ်ပါဦးအစ်ကိုရေ
ဒါဘယ်ကတ်ပ် နက်ခေါ်မယ်ဗျို့
ငယ်ငယ်တည်းက ဆာကြီးဘဲ့ ပြန်သင်ယူမှရမယ် broဆီကနေ😁😁😁
hee😁 Faဖြစ် သွားလိမ့်မယ် အစ်ကို
သွားချင်မိပါတယ်ဗျာ
ဖတ်ပေးလို့ ကျေးဇူးပါ
Ko Thantခရီးသွားနေသည် ရိုက်ရမယ်😁
ဟဲဟဲ ကျေးဇူးပါညီ
ခရီးသွားမှတ်တမ်းလေးပေါ့ ကောင်းပ
ကျေဇူးတင်ပါတယ်ခင်မျ