အာလုံးပဲ မင်္ဂလာပါခင်မျာ....
မင်္ဂလာ အပေါင်းနှင့် ခညောင်းနိုင်ကြပါစေ....
ပထမပိုင်းကိုဖတ်ရန်
ကျနော်ဟာ "မောင်းထောင်းတံ အောက်က မုန့်ဖတ်ပမာ" ဘယ်လိုပဲ ထုပင် ထောင်းသော်ငြား ပေကပ်ပီးး အသက်ရှင်နေတော့သည်။ လူဘဝက အတော်တော့ ဆန်းကျယ်၏။ မရလိုလျှင် ရကိုရတတ်၏။ ရလိုလျှင် မရတတ်တော့ပေ။ အခုပဲကြည့်...အမေ မလိုချင်တဲ့သားး အကြိမ်ကြိမ် ဖျက်ပါသော်လည်း ဆေးဒဏ်များကြားက တိုးလို့ပင် အသက်ရှင်နေတော့သည်။
အမေ့ဝမ်းက ကျနော်တွက်တော့ ကမ္ဘာတခုပါ။ 'ကမ္ဘာကြီးမှာ လူတွေ နေကြတယ်သေကြတယ်' ။ ကျနော် အမေ့ဝမ်း(ကမ္ဘာ)ထဲမှာ မသေချင်ဘူး။ ကျနော့်ရဲ့ခန္ဓာကိုယ်ကြီးထွားလာမှုက အမေ့ရဲ့ အရှက်သိက္ခာကို တတိတိလှီးဖြတ်နေတော့သည်။
ဘောလုံးပွဲကို လူတိုင်းလိုလိုပင် အားပေးကြသည်။ ထိုမျှ မိနစ်(၉၀)လေး ကြိုးစား ရုန်းကန်မှုကို လက်ခုတ်လက်ဝါး တီးပြီး အားပေးတတ်ကြသည်။ (၉)လလွယ်ပြီး ရုန်းကန်ရတဲ့ မိခင်တဦးကိုတော့ ဘယ်သူမျှ အားမပေးကြပေ။
လများစွာ ဒုက္ခကြီးတခုလို ခံစားနေခဲ့ရသည်။ ဒီနေ့တော့ အမေ့ဒုက္ခတွေ ကျွတ်လွတ်လောက်ပီထင်ပါသည်။ ကျနော့်ကို လူတွေမသိနိုင်တဲ့ တနေရာရာမှာ မွေးဖွားခဲ့သည်ထင်ပါရဲ့။
ဒေါ်လှဆိုတာ ကျနော့် အဖေလဲဟုတ် အမေလဲဟုတ်ပါသည်။ ကျနော် လူမှန်းသိတတ်စ အရွယ်မှာ အဖေရင်း အမေရင်းဆိုတာလဲ မရှိပါဘူး။ မေလှနဲ့ပဲ ကြီးပြင်းခဲ့ရတာပါ။ မေလှ(ဒေါ်လှ)ဆိုတာ မိဘမဲ့ဂေဟာဖွင့်ထားသူပါ...
ဆက်ပါဦးမည်
ကျေးဇူးတင်ပါသည်
Credit to google image
Author by Thant Zin oo(magway)
MSC-184