"ဝယ်လ်ကမ်းတူမိုဘိုင်းလီးဂျန့်!"
"ဖိုက်စကန့်တူဒီအန်နမီရိချင်းတစ်ဘက်တယ်ဖီးစမက်ခ်ျဒမ်း!"
"အောထရုအိပ်စ်ဖလော!"
"ဘွန်း အတက်ခ်!"
[မထင်မှတ်ပဲနဲ့တွေ့ဆုံခဲ့မင်းလေးကြောင့်ငါ့မှာရူး....သေစေလောက်တဲ့အကြည့်တွေနဲ့နှလုံးသားမှာအစားထိုးမရဘူး.....ရင်ရင်လေးနဲ့...."
"ဟာ....လခွမ်းတဲ့မှ ခုမှပွဲကအစပဲရှိသေးတယ် မသာမကဖုန်းကဆက်လာသေးတယ် ရှုံးတော့မှာပဲ"
"Hello ကိုကို"
"Hello ချစ်လေးပြော ဘာဖြစ်လို့လည်း"
"ဘာမှတော့မဟုတ်ပါဘူးဒီတိုင်းလွမ်းလို့ဆက်လိုက်တာ ကိုကိုကောမလွမ်းဘူးလား?"
"ဘယ်လိုများမေးလိုက်တာလည်းချစ်လေးရယ် အရမ်းလွမ်းတာပေါ့(စိတ်ထဲမှာတော့ မသာမ ပြောစရာရှိမြန်မြန်ပြောဟ ဒီမှာ ရှုံးတော့မယ်😒)"
"ဟုတ်လို့လား ကိုကို"
"အွန်း ဟုတ်တာပေါ့ချစ်လေးရဲ့"
"အွန်း....ကိုကိုဘာလုပ်နေလည်း ထမင်းကောစားပြီးပြီလား"
"ဘာမှလုပ်ပါဘူးချစ်လေးရဲ့ ချစ်လေးကိုထိုင်လွမ်းနေတာ..ဟီးဟီး..."
"ဟွန်း လွမ်းတာများဖုန်းလည်းမဆက်ဘူး ချစ်လေးကဆက်ရတယ်"
"ကိုကိုကခုပဲချစ်လေးကိုဆက်မလို့ဖုန်းကိုင်တုန်းရှိသေးတယ်ချစ်လေးကဆက်လာတာကို အာ့ကြောင့်ချစ်လေးဖုန်းဆက်လာတာနဲ့ချက်ချင်းကိုင်နိုင်တာပေါ့လို့(တော်ကီတွေ ပေးတတ်ရတာပေါ့😝)"
"ဟီးဟီး အာ့ကြောင့်လား...ချစ်လိုက်တာ ကိုကို.."
"အွန်းကိုကိုလည်းများကြီးချစ်..အာဘွား..."
"အာဘွားအခါတစ်သိန်း...မွမွ(အယ်ကိုတို့အားကျနေပြီမလား မညာချင်စမ်းပါနဲ့ဗျာ😝)"
"အွန်းအွန်း ဒါဆိုကိုကိုဖုန်းချလိုက်တော့မယ်နော် ရေချိုးမလို့"
"ဟုတ်ကိုကို အကြာကြီးလည်းလုပ်မနေနဲ့အုန်းအအေးမိပြီးဖျားမယ်"
"ဟုတ်ကဲ့ပါဗျာ အကြာကြီးမလုပ်ပါဘူး စိတ်ချရေချိုးပြီးတာနဲ့ဖုန်းဆက်လိုက်မယ်"
ဂွပ်ဆိုဖုန်းချပြီးမပြီးသေးတဲ့ဂိမ်းလေးကိုမြန်မြန်ပြန်ဝင်တော်သေးတယ်ဗျဂိမ်းကမရှုံးသေးဘူးဒါပေမဲ့ဟိုဘက်ကတော်တော်ကိုသာနေပြီဗျ ။ကျွန်တော်တို့ဘက်ကtower ၃တိုင်ပဲကျန်တယ်။ကျွန်တော်လည်းပြန်ကစားတာပေါ့။ကျွန်တော်ကအဲ့ဂိမ်းထဲက အကြမ်းဆုံး ကိုင်ရအခက်ဆုံးဆိုတဲ့အကောင်ကိုမှရွေးကိုင်ထားတာဗျ။ difficulty အမြှင့်ဆုံးဖြစ်တဲ့fanny ပေါ့ အဲ့အကောင်ကိုကိုင်တတ်ဖို့ comstom mode မှာ ပွဲ100ထက်မနည်းကျင့်လိုက်ရတယ်။ဒါတောင်ခုထိအရမ်းကြီးကျွမ်းအောင်မကိုင်တတ်သေးဘူး။2 vs 1တော့ကောင်းကောင်းကြီးနိုင်နေပြီ။အာ့နဲပြန်ကစားbuff တွေပြန် farm item လေး2ခုလောက်ပြီးတော့မှ ဟိုဘက်ကအကောင်တွေကိုပြန်သတ်ရင်းပြန်နိုင်ခဲ့တယ်။စိတ်ကလည်းချစ်ရသောသူလေးနဲ့ကြည်ကြည်နူးနူးတွေပြောထားတာဆိုတော့ပျော်ရွှင်တက်ကြွနေတော့ဆော့ရတာပိုအဆင်ပြေသွားတယ်ထင်တာပဲ။Epic comeback ပြန်ယူသွားနိုင်ပေမဲ့လည်း အကြာကြီး afk ဖြစ်ထားတော့ report တော့ထိတယ်ဗျာ credite scores တော့ 5ခုလောက်လျော့သွားတယ်။အာ့နဲ့ကျွန်တော်လည်းချစ်သူလေးကိုရေချိုးပြီးဖုန်းဆက်မယ်ပြောထားတော့ဂိမ်းကထွက်ပြီးရေမြန်မြန်ချိုးပြီးဖုန်းဆက်ဖို့လုပ်ရတော့တာပေါ့။သူကကျွန်တော့်ကိုဆိုအရမ်းချစ်တာဗျ ကျွန်တော်နဲ့ပတ်သတ်ရင်တစ်ခုခုဆိုအရမ်းအလေးထားတယ်။သူနဲ့ကျွန်တော်နဲ့ကတစ်နှစ်ကြီးတစ်နှစ်ငယ်။သူကကျွန်တော့်ထက်ငယ်ပေမဲ့ကျွန်တော်အပေါ်အရမ်းကြီးမဆိုးဘူးအရမ်းနားလည်ပေးတတ်တယ်။
ကျွန်တော်သူ့ကိုဘယ်လောက်ပဲအနိုင်ယူယူသူကအမြဲအလျော့ပေးတတ်တယ်ဗျ။
ကဲပါစောနကအကြောင်းလေးပြန်ဆက်မယ်။ကျွန်တော်လည်းရေအမြန်ချိုးပြီး အဝတ်အစားမြန်မြန်ဝတ်ပြီး ဖုန်းကိုကိုင်ပြီး call content ထိပ်ဆုံးမှာရှိတဲ့သူ့နံပါတ်လေးနိပ်ပြီးခေါ်တာပေါ့။ကျွန်တော်ထင်တဲ့အတိုင်းပဲသူ့ဖုန်းကိုတန်းဝင်တာနဲ့တန်းကိုင်တော့တာပဲ။ပြီးရင်ကြာလို့ဆိုပြီးလူကြီးလိုလိုဘာလိုလိုနဲ့ဆုငေါက်အုန်းမယ်ဆုံးမအုန်းမယ်ဆိုတာကျွန်တော်ကြိုသိနေတာပေါ့။
"Hello ချစ်လေး..ဟီး..(အပြစ်လုပ်ထားတော့ဆက်ဖြီးဖြီးနဲ့အသံကိုအချိုဆုံးနဲ့ပြောရတာပေါ့)"
"ဘာအခုမှ Hello ချစ်လေးလည်း ရေချိုးတာဘာလို့အဲ့လောက်ကြာနေတာလည်းပြော"
"ဖြေးဖြေးပြောပါချစ်လေးကလည်း ကိုကိုဘာမှလုပ်ပါဘူး...ဟီးဟီး"
"ဆက်ဖြီးဖြီးလုပ်မနေနဲ့ ဘာမှမလုပ်ပဲဘာလို့အဲ့လောက်ကြာနေတာလည်း ရေကိုအဲ့လောက်ကြာအောင်ချိုးရလားအအေးပတ်ပြီးလေဖြတ်သွားရင်ဘယ်လိုလုပ်မလည်း"
"ငင့်..ချစ်လေးကလည်းကိုကို့ကိုအဆုံးပို့ပြန်ပြီ အအေးပတ်ပြီးဖျားရုံဆိုတော်သေးတယ်"
"စိတ်ပူလို့ပြောတာလေ ဘာလည်းမပူရဘူး မပူရဘူးဆိုလည်းရတယ်နော်...ဟွန့်"
"မဟုတ်ပါဘူး ပူပါ ချစ်လေးစိတ်ပူတာလေးကိုကိုကိုကပျော်နေတာ"
"ဟွန့်...သူများကသူ့ကိုစိတ်ပူလို့သေတော့မယ်သူကပျော်နေတယ် > ကိုကိုဆိုအကျင့်မကောင်းဘူး < သူများကိုစိတ်ပူအောင်အမြဲတမ်းလုပ်တယ် ချစ်လေးကိုမစာနာဘူး ချစ်လေးအကြောင်းလည်းသိရဲ့သားနဲ့"
"အွန်းပါချစ်လေးကလည်း ကိုကိုသိပါတယ်ချစ်လေးကိုကို့ကိုဘယ်လောက်ချစ်တယ်ဆိုတာ စိတ်မဆိုးပါနဲ့တော့နော်ချစ်လေးစိတ်ဆိုးပြေအောင်ကိုကိုဘာလုပ်ပေးရမလည်း သီချင်းဆိုပြရမလား"
"အွန်းဆိုပြ ချစ်လေးကိုpropose လုပ်တုန်းက သီချင်းလေးဆိုပြ"
"မရိုးသေးဘူးလားချစ်လေးရဲ့ တစ်ခါလာလည်းဒီသီးချင်းပဲနှစ်ခါလာလည်း ဒီသီချင်းပဲ"
"ရိုးစရာလား ကိုကိုချစ်လေးကိုpropose လုပ်တုန်းကသီချင်စလေးမလို့အားတိုင်းနားထောင်ဖြစ်တယ် ကိုကိုသာအလေးမထားတာ"
"အလေးမထားတာမဟုတ်ပါဘူးချစ်လေးကလည်းကိုကိုကချစ်လေးရိုးနေမှာဆိုးလို့"
"အာ့ဆိုပြ"
"ဟုတ်ကဲ့ပါဗျ ဆိုပြပါတော့မယ်ဗျ သေချာနားထောင်နော်"
ဆက်ပါအုန်းမယ်ဗျ😁....
မောင်စံပေါင်းလေးဖတ်ရမှာပျင်းနေမှာဆိုးလို့အချစ်ဇာတ်လမ်းလေးတစ်ခုဖော်ပြပေးချင်လို့ဒီဟာလေးရေးဖြစ်သွားတာပါဗျစိတ်ကျေနပ်မယ်လို့ထင်ပါတယ်ဗျ😁
Photo credit ;facebook
MSC.119
@thantzinwin
Thant Zin Win
လူလိမ်လူညာကြီးပေါ့ကွယ် အာဖြီးတဲ့ကိုကို...
ချစ်တာမိုးလောက်ကြီးပါတဲ့ ပြောတဲ့ကို...
ပို့စ်ဖတ်ပြီး ဆိုမိပါတယ်ကွယ်ယ
ဟီးဟီးတော်ကိမှမကြေ်ရင်ခုခေတ်ရင်ခုန်စေဖို့မလွယ်ဘူးအစ်ကိုရေ😁
ဟဟား လူပျိုတောင် ပြန်ဖြစ်လိုက်ချင်သေး ရေးထားတာ ဂွတ်တယ်ဗျာ
ညီတို့လူပျိုတွေကိုအားကျသွားတယ်မလား😝
ကိုကို ချစ်လေးနဲ့ ပြောကြသူအများစု ရန်ဖြစ်တာ များတာကို အတွေ့အကြုံအရ သိထားတယ် ဒီကလည်း ဘယ်လိုနေမလဲ အချစ်အခင်မပျက်ဘဲ အခုလိုပဲ ဆက်ဖြစ်နေပါစေဗျာ
ပျက်သွားခဲ့တာ၇လကျော်ခဲ့ပါပြီဗျာ😢သတိရလို့ရေးလိုက်တာ😔
ဘာသီချင်းနဲ့ proposeလုပ်တာလဲ 😁 ဆိုပြလေ ဘရို ..အရေးအသားလေးကောင်းတယ် ဒါကြောင့်စော်တွေကြွေတာပေါ့
Rintone လုပ်ထားတဲ့သီချင်းပါပဲအစ်ကိုရေကျေးဇူးပါဗျ😁
အရေးအသားကောင်းပါတယ်အစ်ကို
ဟုတ်ကျေးဇူးတင်ပါတယ်ဗျ
propose သီချင်းလေး ကြားချင်လိုက်တာဗျာ
ဟီးပိုစ့်ထဲမှာပါတဲ့ ringtone ပါပဲဗျ😁
မိန်းကလေးတွေတော့ သတိထားရတော့မယ် hee hee
မကြောက်ကျပါနဲ့လို့ဒို့ကနွဲ့ပါတယ်လို့😝
ဟား
မဆိုးဟ တော်ကီ ဂေါ်ဇီလာလောက်ရှိတယ်။
မှက်ထားအုံးမှပါ။ ဂိမ်းဆော့တဲ့အချိန် အတိုင်းသာ ရေချိုးတာဆို တစ်ကယ်တေမှာမှက်😁😁
အခုpostကို အဲ့ဒီ ချစ်လေးဆိုတာတွေ့ရင် ပိုရစ်လို့ကောင်းပြီပဲ😁😁😁
ခုခေတ်မိန်းခလေးတွေကိုချုပ်ရင်တော်ကီလေးမှမကြွယ်ရင်ရဖို့ဆိုတာမလွယ်ဘူးလေ😁😁
COC War တိုက်နေတုန်းလာရင် အသေစိတ်ဆိုးတာ
ဟုတ်ပဖုန်းတွေပါလွင့်ပစ်ချင်စိတ်ပေါက်တယ်😁
အရမ်းချစ်တယ် အာဘွားအာဘွားမွမွမွ
ဆောက်ရမ်းလန်းတယ်😂😂😂
ဟီးဟီး အားကျသွားတယ်မလား😝
ဒီက Sigle is the best ကြွေးကျော်ထားတာ
နောင်တရချင်လာပြီ ဟီး
ညီလည်းsingle is the best ပဲအော်ပါတယ်ဟီးအရင်ကအကြောင်းလေးရေးထားတာခုတော့single😁
တော်ကီတွေ အလန်ဆရာရေ
လန်းရမယ်လေဗျာ😁