မီးသမျှပင်ပူပြင်းလှတဲ့နွေရာသီနေ့လည်ဘက်နေအပူရှိန်ရဲ့အောက်မှာ အိုးစည်ဒိုးပက်သံများစူညံပြီးရှင်လောင်းလေးများကဆင်ပေါ်စီးတဲ့သူကစီးမြင်းပေါ်စီးတဲ့သူကစီးနဲ့ဆင်စီးမြင်ရံသကဲ့သို့လှည့်လည်နေတဲ့ရှင်ပြုပွဲတစ်ခုရဲ့မြင်ကွင်းလေးကပူပြင်းနေတဲ့နေအပူရှိန်ကိုပင်သတိမထားမိတော့လောက်အောင်ပင်ကြည်နူးရင်သက်ရှုမောဖွယ်ကောင်းလွန်းနေသည်။ကွန်းတောင်ကိုင်ပန်းတောင်ကိုင်အလှပဂေးမိန်းမလှလေးများကလည်းဆွမ်း၊ခဲဖွယ်တို့ကိုကိုင်လျက်မိမိတို့တွင်ရှိနေသောအလှအပတွေကိုကိုယ်စီထုတ်ဖော်ပြသနေလျက်ရှိသည်။ဆင်ထိန်းမြင်းထိန်းများနဲ့အနောက်ကနေလိုက်ပါနေတဲ့အိုးစည၊်ဗုံ၊မောင်း တီး၍သီဆိုနေကျသောလူငယ်ယောကျာ်ထုများကလည်းပင်ပန်းမှုတစ်စက်မျှပင်မရှိပဲပျော်ပျော်ရွှင်ရွှင်ကခုန်နေကြပါသည်။လူငယ်တစ်ယောက်ဖြစ်တဲ့ကျွန်တော်သည်လည်းဤမြင်ကွင်းကိုမြင်ပြီးကိုယ်တိုင်ကိုယ်ကျပါဝင်ပြီးတစ်ပွဲတစ်လမ်းအကဲစမ်းလိုစိတ်များတစ်ဖွားဖွားဖြစ်ပေါ်လို့နေပါသည်။ထိုသို့တွေးနေရင်းကမြင်ကွင်းတစ်ခုကိုမြင်၍ကျွန်တော်အတော်လေးရင်လေးသွားသည်။ထိုမြင်ကွင်းမှာ အိုးစည်၊ဗုံ၊မောင်း တီးခက်နေသောလူငယ်တစ်စုမှာအရက်ကလေးသမျမျသောက်ပြီးခေတ်ပေါ်ဆေးလိပ်များသောက်သုံးကာမြူးတူးနေကြသည်။မကြာခင်သူတို့တတွေအကြောင်းသတင်းတစ်ခုခုကြားရမည်လို့တွေးမိလိုက်သည်။
ထိုသို့တွေးနေရင်းကမကြာပါဘူးထိုလူငယ်များအနားမှရုတ်တရက်တစ်အုန်းအုန်းတစ်ရုံးရုံးဖြစ်လာသည်။ကျွန်တော်ထင်တာမလွဲပေ။ရန်ပွဲပင်ဖြစ်လေသည်။ထိုဘေးနားကလူတွေပြောတဲ့အသံကြားပုံအရတော့ထိုလူငယ်အုပ်စုမှအမူးလွန်ပြီးသူငယ်ချင်းအချင်းချင်းပင်မသိတော့ပဲထိုးကြိတ်ကြသည်ဟုကြားပါသည်။ထိုသို့ကြားပြီးနောက်ကျွန်တော်ခေါင်းထဲဍ်မေးခွန်းပေါင်းသောင်းခြောက်ထောင်အတွေးပေါင်းသောင်းခြောက်ထောင်စုပြုံ၍ဝင်လာတော့သည်။ကျွန်တော်တို့လိုလူငယ်လေးတွေရဲ့ဘဝထဲကိုမူးယစ်ဆေးဝါးဆိုတဲ့အန္တရာယ်ကြီးဝင်ရောက်လာခဲ့ရင်ဆိုတဲ့အတွေးနဲခေါင်းကြီးသွားသည်။ကျွန်တော်တို့လိုလူငယ်လေးတွေဟာတစ်ချိန်ကျတိုင်းပြည်ရဲ့အကျိုးတိုးတက်အောင်မြင်အောင်ဦးစီးဦးဆောင်လုပ်ရမဲ့လူတွေပါ။ဤအရာကိုအားလုံးကလည်းလက်ခံထားပြီးသားပါ။တိုင်းပြည်၊နိုင်ငံတစ်ခုထိမဆိုထားနှင့်ကျွန်တော်တို့လူငယ်ဆိုတာတစ်ချိန်ကျမိသားစုကိုဦးစီးဦးဆောင်ပြုရမည့်သူများသာဖြစ်သည်။အရင်ဦးဆောင်ခဲ့သော တစ်ချိန်တစ်ခါကလူငယ်အဖြစ်မှာမိသားစုအတွက်ရှာဖွေကြိုးစားပေးခဲ့သောမိဘများအသက်ကြီးလာပြီးမိသားစုကိုကောင်းကောင်းရှာမကြွေးနိုင်တော့သည့်အခါမိသားစုစားဝတ်နေရေတို့ကိုသားတွေဖြစ်တဲ့ကျွန်တော်တို့လိုသွက်သွက်လက်လက်လှုပ်ရှားရုန်းကန်နိုင်သေးတဲ့လူငယ်လေးတွေရဲ့တာဝန်တစ်ရပ်ဖြစ်လာမည်ဖြစ်ပါသည်။ထိုနည်းအတူ ပြည်ထောင်စု၊နိုင်ငံတော်ရဲ့အဘက်ဘက်ကတိုးတက်ရေးဟာလည်းကျွန်တော်တို့လိုလူငယ်လေးတွေရဲ့တာဝန်ပဲဖြစ်ပါသည်။ထိုကဲ့သို့တိုးတက်ရေးအတွက်အမှန်အကန်ကြိုးစားနေသောလူငယ်များလည်းအမှန်တကယ်ရှိပါသည်။သို့သော်ယခုခေတ်အခါတွင်ကျွန်တော်တို့လိုလူငယ်တွေကြားနည်းလမ်းမျိုးစုံနဲ့အလွယ်တစ်ကူဝင်ရောက်နေသောမူးယစ်ဆေးဝါးများကြောင့်လူငယ်တွေရဲ့ကြိုးစားလိုစိတ်တွေ၊ရည်ရွယ်ချက်တွေ၊ပျော်ရွှင်မူတွေ၊စည်လုံးခြင်းတွေကိုတဖြည်းဖြည်းချင်းဖျက်စီးလို့နေပါသည်။
ခုနကအဖြစ်အပျက်ကိုပဲကြည့်ပါလေ။မူးယစ်ဆေးဝါးတွေထဲမှာမှလူတွေကြားအလွယ်တစ်ကူဝင်ရောက်နေတဲ့အရက်ကြောင့်အတူတူပျော်ပါးနေသောသူငယ်ချင်းအချင်းချင်းပင်မသိတော့ပဲအသိစိတ်ပျောက်ပြီးထိုးကြိတ်နေသည်ကိုတွေ့ရသည်။မူးယစ်ဆေးဝါးအန္တရာယ်ဘယ်လောက်ကြောက်ဖို့ကောင်းသည်ဆိုတာကိုအတိအကျမီးမောင်းထိုးပြနေတဲ့ဖြစ်ရပ်ပင်ဖြစ်သည်။ထိုကဲ့သို့သောအလားတူဖြစ်ရပ်တစ်ခုကိုပြောပြချင်ပါသေးသည်။ကကျွန်တော့်ရဲ့ဦးလေးအရင်းခေါက်ခေါက်တစ်ယောက်အကြောင်းပါ။သူဟာအရမ်းရိုးသားပြီးတည်ကြည်ဖြောင့်မတ်တဲ့လူတစ်ယောက်လည်းဖြစ်သည်။အလုပ်ဆိုလည်းသူများတစ်ခုလုပ်ရင်နှစ်ခုလုပ်လေ့ရှိပါသည်။အလွန်အလုပ်ကြိုးစားတဲ့သူတစ်ဦးဖြစ်သည်။သို့ပေမဲ့သူကြိုးစားသလောက်သူ့လုပ်ငန်းတွေဟာမအောင်မြင်ပဲအရှုံးကြည့်ပေါ်ခဲ့သည်။ထိုအခါစိတ်ဓာတ်ကျပြီးအရက်ကလေးတစ်မြမြသောက်သုံးလာသည်။တစ်ဖြည်းဖြည်းနဲ့အရက်ကိုနေ့မနားညမနားပါသောက်လာသည်။အရက်သောက်ပြီးမိသားစုကိုတစ်ဖြည်းဖြည်းပြသနာရှာညှင်းပန်းလာတော့ဇနီးနှင့်သမီးနှစ်ယောက်ကလည်းအတူတူမနေထိုင်တော့ပဲအိမ်ခွဲပြီးနေလေသည်။ကျွန်တော်ဦးလေးဟာစိတ်ကောင်းရှိသူတစ်ဦးပါကျွန်တော်တို့ငယ်ငယ်ကဆိုမုန့်ဖိုးလေးပေးပြီးကျွန်တော်တို့ကိုဆိုအမြဲတမ်းကြိုးစားရိုးသားပြီးလူကောင်းတစ်ယောက်ဖြစ်အောင်အမြဲဆုံးမပေးပါသည်။ထိုသို့အရမ်းကောင်းတဲ့လူတစ်ဦးဟာအခုလိုအရက်တွေသောက်ပြီးကိုယ့်ဘဝကိုယ်ရေစုန်မျောပြီးဖြစ်သလိုနေပြီးအရက်ကိုထမင်းလိုဟင်းလိုသောက်သုံးနေတော့မကြာပါဘူးဦးလေးဆုံးသွားခဲ့သည်။ဒါကကျွန်တော်သိတဲ့မူးယစ်ဆေးဝါးအရက်ကြောင့်ဖြစ်ခဲ့တဲ့အဖြစ်အပျက်ကလေးကိုသာပြောပြခြင်းဖြစ်ပါသည်။ကျွန်တော်မသိသေးသောမူးယစ်ဆေးဝါးတွေတစ်နည်းအားဖြင့်ဘိန်း တို့ WY လို့ခေါ်တဲ့ဆေးပြားတို့ No. Four တို့တစ်တွေကြောင့်ပျက်စီးသွားတဲ့တန်ဖိုးရှိတဲ့လူငယ်တွေရဲ့အသက်တွေဘဝတွေအတော်များများလည်းပျက်စီးဆုံးရှုံးနေရပါသည်။ထို့ကြောင့်ကျွန်တော်တို့လူငယ်တွေအနေနဲ့မူးယစ်ဆေးဝါးကိုမသုံးစွဲဖို့အရမ်းကိုအရေးကြီးပါသည်။
တန်ဖိုးရှိတဲ့အသက်တွေဘဝတွေမဆုံးရှုံးရဖို့မူးယစ်ဆေးဝါးများကိုရှောင်ကျဉ်ကျပါစို့
Photos Credit;Google And Facebook
MSC.119
@thantzinwin
Thant Zin Win
မူးယစ်ကင်းစင် မြန်ပြည်တခွင်
သာယာစိုပြေ မြန်မာပြည် ပေါ့
ဟုတ်တာပေါ့
ဆုရပါစေဗျာ 😊
ဟုတ်ကျေးဇူးပါဗျပေးတဲ့ဆုနဲ့ပြည့်ရင်တော့ကောင်းတာပေါ့ ဟီး
အန္တရာယ်များလိုက်တာနော်။ လူသားတွေကိုလူသားတွေပဲ ပြန်ဒုက္ခပေးနေတာပါ။
ဟုတ်တယ်အစ်ကို လူသားတွေကိုလူသားတွေကပဲဒုက္ခပြန်ပေးကျတာပါပဲအခြားအရာတွေကနည်းနည်းပေါ့
ဝေဖန်အကြံပေးမယ်နော်..။ဖတ်လို့အဆင်ပြေသော်လည်း
တင်ပြပုံနဲနဲအားနည်းသေးတယ်။ခေါင်းစဉ်က..မြန်မာ့လူငယ်များနဲ့မူးယစ်ဆေးဝါးအန္တာရာယ်..ဆိုတော့..၊လူငယ်တွေရဲ့အရေးကြီးပုံကို..အရင်ဖေါ်ပြရမယ်။လူငယ်တွေဟာတိုင်းပြည်တိုးတက်မူ့အတွက်အရေးကြီးဆုံးအခြေခံအုပ်မြစ်ဖြစ်တာကို၊မြင်သာအောင်ဖေါ်ပြရမယ်။မူးယစ်သောအရာဆိုတာ..မကောင်းဘူးဆိုတာကိုဖေါ်ပြပီး..နမူနာအနေနဲ့အခုရေးသားချက်လေးကိုထည့်ရမယ်..ဒီလိုမြို့လေးတမြို့ မှာတောင်မှ..ဒီလောက်သာယာကြည်နူးစရာကိုပျက်စီးမူ့ဖြစ်စေသေးတာ..နိုင်ငံနဲ့ချီသွားရင်..ဘယ်လောက်ဆုံးရှူံးမူ့တွေကြုံတွေ့ရမလဲဆိုတာ..ကိုယ့်ရဲ့အမြင်ကိုသုံးသပ်ချက်ကိုဖေါ်ပြပီး
ဘယ်လိုလုပ်ဆောင်သင့်ကြောင်း..အကြံပြုချက်တွေ..
ဘယ်လိုလုပ်ကြပါစို့ဆိုတဲ့..ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုဖေါ်ပြပီးဆွဲခေါ်စည်းရုံးရမဲ့အချက်လေးက..အရေးကြီးတယ်။
စေတနာနဲ့အကြံပြုတာနော်။
အရမ်းကိုကောင်းမွန်တဲ့ အကြံပြုချက်ပါပဲအန်တီရေ
အခုလို လမ်းညွှန်သင်ပြပေးလို့ အန်တီ့ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ
ညီလည်းတကယ်ကိုကျေးဇူးတင်တယ်ဗျာ 😍
အန်တီကတော့..လူငယ်တွေကိုစာဖတ်စေခြင်းဖြင့်အသိတွေတိုးတက်စေခြင်လို့..ကိုယ်သိသမျှ..မချွင်းမချန်ပြောပြမှာပါ။တကယ့်စေတနာအမှန်ပါ။
ဟုတ် အန်တီ
လေးစားမိပါတယ်ဗျာ။
ပျော်လိုက်တာ 😁
ကျေးဇူးအများကြီးတင်ပါတယ်ဆရာမအလုလိုကျွန်တော့်ရဲ့ဆောင်းပါးလေးကိုဖတ်ပြီးဝေဖန်အကြံပေးလို့ဒီထက်ပိုပြီးလုပ်ဆောင်နိုင်အောင်ကြိုးစားပါမယ်ဗျ
ကျနော်ကိုယ်တိုင် တစ်ချိန်တုန်းက မူးယစ်ဆေးဝါးကို ဗဟုသုတအနေနဲ့ လက်တည့်စမ်းဖူးတယ် မကောင်းမှန်းသိလို့ လုံးဝကို မသုံးတာ ဆေးလိပ် အရက် ဘီယာ ကွမ်းကလွဲရင်ပေါ့ အဓိက ကိုယ့်စိတ်ကိုယ်နိုင်ဖို့ပါပဲ စိတ်မနိုင်ရင် အစကတည်းက မလုပ်တာ အကောင်းဆုံးပါ
ဟုတ်တယ်ဗျဒါပေမဲ့မူးယစ်ဆေးဆိုတဲ့အမျိုးကကိုကနဂိုရှိတဲ့စိတ်ကိုပျောက်ပြီးစိတ်ရိုင်းဝင်စေတာလို့ထင်တယ်ဗျာ
မူးယစ်ဆေးဝေးကရှောင်တာအကောင်းဆုံးပဲ
ညီဆိုရှောင်တယ် ဟီးတစ်ခုမှလုပ်ဘူး😁
ဆုရပါစေဗျာ ....
ဟုတ်ကျေးဇူးအများကြိးတင်ပါတယ်ဗျာပေးတဲ့ဆုနဲ့ပြည့်ရင်တော့ကောင်းတာပေါ့ ဟီး😁
အန်တီရီရီဆွေ အကြံပေးတာကို အခုမှ မြင်မိတယ် ... ၂၉ရက်က နောက်ဆုံးနေ့ဆိုတော့ ... ညီလေး ပြန်ပြင်ရေးလိုက်သင့်တယ် အခုဟာကိုပဲ ပိုကောင်းသွားအောင်ပေါ့ ... ဒီအတိုင်းထားလိုက်တာတော့ နည်းနည်းမှားသွားသလားလို့
ဟုတ်ညီလည်းပြန်ရေးမလို့စဉ်းစားသေးတယ် ဒါပေမဲ့တင်ပြီးပြီဆိုတော့ကိုယ့်ဘာကိုယ်ကိုယ့်အရေအချင်းကိုယ်မလုံလို့မပြင်ဖြစ်တာပါအစ်ကို
ပြင်လိုက်သင့်တယ် ကိုယ်လည်း အခုမှ ပြင်ချင်ပေမယ့် အချိန်က လွန်နေပြီလေ
မူးယစ်ဆိုရင် ဆေးလိပ်တောင် မသောက်မိပါစေနဲ့ဗျာ
ဟုတ်ကဲ့ပါအစ်ကိုရေညီတော့တစ်ခုမှကိုမလုပ်ဖြစ်ပါဘူးဗျာ
တန်ဖိုးရှိတဲ့ ဘဝလေးမှာ မူးယစ်စေတဲ့ အရာတွေ သုံးပြီး ဘဝဆုံးမှုတွေ ကင်းဝေးကြပါစေဗျား
ထက်တူထက်ဗျပါအရှင်ဘုရား
အကိုတော့ပြိုင်ပွဲဝင်စာပေတောင်မရေးလိုက်နိုင်တော့ဘူး ညီရေ
အားပေးခဲ့ပါတယ်ကွာ။
အမူးလွန်ရင်ရန်ဖြစ်နေကြတာတော့ ခဏခဏတွေ့နေရတယ် ညီရေ
ဟုတ်တယ်က်ုမိုးရေညီလည်းခဏခဏတွေ့တယ်ကိုမိုးကဝင်မပြိုင်ဖြစ်ဘူးလား
ဆုရပါစေဗျာ
ဟုတ်ပေစတဲ့ဆုနဲ့ပြည့်ရင်တော့ကောင်းတာပေါ့ဗျာကျေးဇူးတင်ပါတယ်ဗျ
အရက်တော့မသောက်ပါဘူး ဘီယာလေးနဲနဲပါးပါး ဟီး...
ညီကောတူတူပဲ😁
အကုန်ရှောင်ပါတယ်ဗျာ
အကောင်းဆုံးပါဗျာ
ကိုကိုယ်တိုင်ရှောင်သလိုလက်လှမ်းမီသလောက်လဲရှောင်နိုင်အောင်အတတ်နိုင်ဆုံးညွှန်ပြနေပါတယ်ဗျာ
ကောင်းတာပေါ့ဗျာအဲ့လိုလူတွေများကြီးရှိသင့်တာဗျ
မူးယစ်စေတဲ့ အရာမှန်သမျှ မလုပ်တာ အကောင်းဆုံးပါဗျာ
ဟုတ်ပါတယ်အစ်ကိုရေ
ပြိုင်ပွဲဝင်ဆောင်းပါး အဆင့်တွင်တန်းမဝင်ပါ၊ အင်္ဂါရပ်များစွာလိုပ်နေပါသေးသည်။ ဝတ္ထုတို့အဖြစသေချာစွာ အစီအစဉ်ချရေးလျှင် ဝတ္ထုတိုကောင်းတစ်ပုဒ်ဖြစ်လာနိုင်ပါသည်။
ဟုတ်ကဲ့ပါဆရာ 😁