Hi there
We are Myanmar
ဒီလိုနဲ့ပဲ နောက်တစ်နှစ်မှာ အစီအစဉ် တစ်ခုလုပ်မှရတော့မယ်ပေါ့။
ငါ တစ်သက်လုံး နေ့ခစား (ပန်းရန်)အလုပ်ပဲ တစ်သက်လုံးမလုပ်နိုင်
ဘူးပေါ့။ငါ့ဘဝ အတွက်အဆင်ပြေမယ့် Online ပေါ်မှာ ငွေရှာတဲ့
အလုပ်ပဲ လုပ်မယ်ပေါ့ဗျာ။ဒါပေမယ့် အခက်အခဲလေးတွေ ရှိတယ်ဗျ။ကျွန်တော်လုပ်တဲ့ အချိန်မှာOnline Exchanger
တွေ မှိုလိုပေါက်နေပြီဗျ။ လိမ်ကြ ညာကြတာတို့ မကြာမကြာ ကြား
နေရတာ။အဲ့ဒါနဲ့ Bank နဲ့ ချိတ်ထားတဲ့ exchanger လိုက်
ရှာရပြန်ရော။သိပ်တော့ မရှာလိုက်ရပါဘူး
www.Vodaexchange.com ဆိုတဲ့ website တစ်ခုတွေ့
တယ်။သူက bank နဲ့ တိုက်ရိုက်မဟုတ်ပြန်ဘူးဗျ။
သူက MyanPay ဆိုတဲ့ payment နဲ့ ချိတ်ထားပြန်ရော။
အဲ့ဒါနဲ့ MyanPay အကောင့် ဖွင့်ရပြန်တယ်ဆိုပါစို့။
Myanpay ကောင့်ဖွင့်နည်းကလည်းသိပ်တော့မလွယ်ဘူးဗျ။
Online ပေါ်မှာ ရှာရပြန်ရော အခက်အခဲ တွေပြောပါတယ်။
ဆိုးတာက ကျွန်တော့မှာ မှတ်ပုံတင် မရှိသေးဘူးဗျ။
bank အကောင့်ဖွင့်ဘို့လဲ မှတ်ပုံတင် လိုတယ်။
MyanPay အကောင့်အတွက်လဲ မှတ်ပုံတင် လိုပြန်တယ်ဗျ။
ဆိုတော့ မှတ်ပုံတင် က အရေးကြီးနေပြီ မှတ်ပုံတင် ကိုအရင်လုပ်
ရအုံးမယ်။
မှတ်ပုံတင်လုပ်ရတဲ့ အခက်အခဲတွေ နောက်သီးသန့်ပြန်ရေးအုံးမယ်။
မှတ်ပုံတင် ကိစ္စနဲ့ နောက်သုံးလ လောက်ကြာသွားတယ်ဗျ။
မှတ်ပုံတင် ရပြီဆိုပါတော့ bank မှာအကောင့်အရင်ဖွင့်
ပြီသွားတော့ MyanPay မှာ မှတ်ပုံတင် ထည့်ပေါ့လေ ဒါပေမယ့် မရသေးဘူး MPU card Online မှာ သုံးလို့ရအောင်
Ecommerce စနစ် အရင်လျှောက်ရသေးတယ်ဗျ။
၃ရက်လောက်စောင့်ရတာ Ecommerce စနစ်နည်းက
bank မှာ အကောင့်စလျှောက်ကတည်းကလျှောက်လည်းရတယ်
ဒါမှမဟုတ် Online မှာ လျှောက်လည်းရတယ်ဗျ။
bank မှာလျှောက်ရင်ပိုကောင်းတာပေါ့ဗျာ။Online မှာလျှောက်
လည်း bank က ဖုန်းပြန်ဆက်တာပဲဆိုတော့။
ကဲ အခု bank အကောင့်လည်းရပြီ/MyanPay အကောင့်လည်းရပြီ/Vodaexchange မှာ အကောင့်ဖွင့်
အဲ့ဒါကလွယ်တယ်လေ။
bank ကနေ MyanPay ကို လွဲရင် 10% ဖြတ်တယ်ဗျ။
MyanPay ကနေ Vodaexchange ကိုလည်း လွဲခ ဖြတ်
သေးတယ်ဗျ။နောက်ပြီး Vodaexchange က 1$ ကို
မြန်မာငွေ ၁၇၀၀ ကျပ်လောက်ယူတယ်ဗျ။စဉ်းစားသာကြည့်ပေတော့
$ များများယူရင်တော့ လျှော့ပေးတာပေါ့လေ။
ပြောရမယ်ဆိုရင်ဗျာ 10$ ကို လဲမယ်ဆိုရင် free ခတွေ တွက်
လိုက်မယ်ဆိုရင် မြန်မာငွေ ၂ သောင်း နီးပါးလောက် ကုန်တယ်ဗျ။
အဲ့အချိန်တုန်းက ယုံကြည်စိတ်ချရတာဆိုလို့ အဲ့ဒါပဲသိတာကိုးဗျ။
အဲ့မှာပဲ $50 လောက်လဲဖြစ်သေးတယ် ကျွန်တောက PTC
မှာရင်းမှာဆိုတော့ PTC site ၅ ခုလောက်လုပ်ဖြစ်တယ်။
Bitcoin mining site ကတစ်ခုပေါ့လေ။
အားလုံးကိုခွဲပြီးတော့ ရင်းတာပေါ့။
Ptc တစ်ခုကိုက 5$ /mining 5$/ကျန်တာတော့ 10$ နှုန်းနဲ့ ရင်းထားတာပေါ့။တစ်လကျော်တော့စဖောက်ပြီ အရင်းမကြေသေးဘူး မထုတ်ပေးတော့ဘူး။
မကြာပါဘူးပိတ်သွားရော ၂ ခုပိတ်သွားတော့ 10$ ရင်းထားနှစ်ခု။
btc mining site လည်း attack ထိတယ်ဆိုပြီးတော့
ပျောက်သွားရော။
အားကိုးစရာဆိုလို့ ၃ ခုပဲကျန်တော့တာ။ကံကောင်းတယ်ပဲပြော
ရမယ်ပေါ့လေ။အခုချိန်ထိ မပိတ်သေးဘူး အခုတော့ အရင်းကြေ
လို့ အမြတ်ပါရနေပါပြီ။
PTC က အမြတ်ရနေပေမယ့်လဲ မခိုင်မာဘူးဆိုတာ သိသွားတယ်။
အရှံးထဲကအမြတ်ပေါ့/အတွေ့အကြုံလို့ပဲ သဘောထားလိုက်တယ်။
အနောက်ကိုပြန်ဆုတ်ဦးဆို့
ကျွန်တော် ယုံကြည်ထားတဲ့ PTC ဟာထင်သလိုမဖြစ်လာတဲ့အခါ
ကျွန်တော့ ရင်းနှီးထားတဲ့ အချိန်တွေ ဘာမှ အဓိပ္ပါယ် မရှိသလိုဖြစ်
သွားတယ်ဗျ။အဲ့အချိန်မှာ စီစဉ်ထားသလိုမဖြစ်တော့ ဖြစ်သလိုလုပ်
မယ်လို့ ဆိုပြီးတော့ပေါ့။ကျွန်တော့ လုံးဝ အရှံးမပေး ဘူး။
မှတ်ချက်။အခုစာကိုဖတ်နေတဲ့ ညီအကိုတို့ လူတစ်ယောက်ဟာ
ကိုယ်ယုံကြည်ထားတာ တစ်ကယ်မဖြစ်လာတဲ့ အခါ
လုံးဝ အားမလျှော့ပါနဲ့လိုပြောချင်ပါတယ်။
အစီအစဉ် A မအောင်မြင်ရင် အစီအစဉ် B ဆိုတာ
ရှိပါတယ်။ Online ပေါ်မှာငွေရှာနေတဲ့ ညီအကိုအား
လုံး အောင်မြင်ကြပါစေလို့။
မပြီးသေးဘူးဗျ။
နောက်မှဆက်ရေးတော့မယ်။
ဆက်လက်ကြိုးစားလျှက်။
အရမ်းအကြိုးရှိပါတယ်
ကျွန်တော်လဲ PTC ၁၂ဆိုက် ကလစ်နေပါတယ်။အဲ့ဒီထဲမှာ ၇ဆိုက်ကို ဒေါ်လာ ၅၀ဝ ရင်းထားပါတယ်။ အလိမ်တော့မခံရသေးပါဘူး။ လိမ်သွားလဲ အတွေ့အကြုံတခုရတယ်လို့ပဲသဘောထားမှာပါ။ အခုလိုအတွေ့အကြုံတွေကိုဝေမျှပေးတဲ့အတွက်လဲအများကြီးကျေးဇူးတင်ပါတယ်။ PM ကနေမြန်မာငွေထုတ်ယူလို့ရတဲ့ နည်းလမ်းကောင်းရှိရင်လဲ ဝေမျှပေးပါအုံးခင်ဗျ။ Blog, facebook, steemit မှာအမြဲအားပေးလျှက်
Thanks