MSC စည်းကမ်းများသည်

in #myanmar7 years ago (edited)

IMG_20171204_131749.jpg
မင်္ဂလာပါ MSC အဖွဲ့သားများနှင့်​ မြန်​မာ steemiter များ အားလုံး

ယခုအခါ Myanmar Steemit Community တွင်​လူများတ​ဖြေး​ဖြေးများလာ​နေသလို ထပ်​မံ​လျောက်​ထားသူများလည်း တန်းစီ​နေ​ပေသည်​။
နေ့စဉ်​နှင့်​အမျှ အစ်​ကို MSC No လိုချင်​လို့ပါ​လျောက်​ချင်​လို့ပါနှင့်​ အစ်​ကို ဘယ်​​တော့ရမလဲ၊ အစ်​ကိုမရ​သေးဘူးလား အစရှိသဖြင့်​ ​chat box ​တွင်​​မေးမြန်းကြ​လေသည်​။ အချို့ဆို steemit အ​ကြောင်း တချက်​​လောက်​​ရှင်းပြ​ပေးပါ လာကြသည်​။
ဟုတ်​ပါသည်​ MSC No ရဖို့ Mail ပို့ရသည်​ ​စောင့်​ ရသည်​ ​Interview ရသည်​။ ​နောက်​​နေရာလစ်​လပ်လာ​အောင်​ ​စောင့်​ရတယ်​။ မိတ်​​ဆွေတို့​စောင့်​ရတာကြာသလို လူ​ပေါင်းများစွာကိုစစ်​​ဆေးရတာ​ကြောင့်​ ကြာတတ်​သလို ​နေရာလစ်​လပ်​မှုမရှိ​သော​ကြောင့်​ ကြာတတ်​ပါသည်​။
MSC သည်​ စည်းကမ်းများသည်​ ​လျှောက်​ရခက်​သည်​။ ထုတ်​ခံရဖိုလဲ လွယ်​သည်​။ အဘယ်​​ကြောင့်​ဆို​သော်​........

ယခင်​က MSC pro စလုပ်​စဉ်​က active ဖြစ်​​သောသူ list ဆိုပီးအစအဆုံးရှာ ​တွေသမျှလူ စာရင်းလုပ်​ newbie support ဆိုပီး10ရက်​အတွင်း post တင်​သူ​တွေရှာပီး လုပ်​ခဲ့ရတယ်​။ ဒီလူ​တွေဆက်​သွယ်​​ပေးပါ pro တင်​နိုင်​ပါတယ်​ ဆိုပီးလိုက်​မန့်​ကြတယ်​။ အသစ်​တတ်​လာတိုင်းမှာ​ပေါ့။

@caesarsupaimin ​စောအယ်​ဒိုကို gp တစ်​ခုမှာ​တွေ့လို့ pro လာတင်​ပါဆိုပီးလိုက်​​ခေါ်ခဲ့တာ​တော့မှတ်​မှတ်​ရရပါပဲ။


copy ​တွေလိုက်​ရှာရတယ်​။

အနိမ့်​ဆုံး 10$ ​လောက်​ရ​နေ​တော့ ​လောဘတတ်​လာပီ။ အဲ့တုန်းက MSC mail မရှိသလို No လဲမရှိဘူး​နော်​။ ကိုယ်​က​တောင်​ရ​စေချင်​လို့​ဘေကုန်​ခံလိုက်​​ခေါ် လိုက်​ရှင်းပြ လုပ်​​ပေးရတာ။ တင်​ကြပါဆရာတို့တင်​ပါဆိုပီး။ အခုလိုစည်းကမ်း​တွေ ဘယ်​နား​မေးရမလဲမသိ။ ဘာမှမရှိဘူး လွတ်​လွတ်​ လပ်​လပ်​တင်​ကြတယ်​ တရက်​ခြားတခါ။ ဒါဆို ဘာလို့ ဒီ​လောက်​ရှုပ်​ယှက်​ခက်​​နေတာလဲ? ဘာလို့လဲ။အဲ့တုန်းကများ ဘယ်​သူတင်​တင်​ စည်းကမ်းချက်​ ညီရင်​ တင်​​တော့ပဲ ညကျမှစစ်​ပီး​ပေးတာ။ Adminဆိုတဲ့သူ​တွေစစ်​ကျ cheetah မထိဖို့ နဲ့ copy မပါ​အောင်​ @nyinyiwin @tamutar @domelay တခါတ​လေ တညလုံးပဲ လက်​တလုံးခြား​တွေ ​ဘေကုန်​ခံ fb post ​ပေါင်းများစွာထ

လောဘ ​ကြောင့်​​ပေါ့။ ​ငွေတွင်းကြီးဖြစ်​လာပီ ​ပေးတဲ့သူ​တွေ ​ပေးတုန်းမှာ တရက်​ခြားတခါ မတင်းတိမ်​နိုင်​​တော့ဘူး လိုချင်​ပီ။ ဒီ​နေ့တ​ကောင့်​နဲ့တင်​မယ်​။ ​နောက်​ရက်​တ​ကောင့်​နဲ့တင်​မယ်​။ ဟားတကယ်​ရတယ်​ဟ။ ဒီ​နေ့ နှစ်​​ကောင့်​ ​နောက်​ရက်​ နှစ်​​ကောင့်​။ ​လေး​ကောင့်​ ​နေ့စဉ်​ 20$ ​အေး​ဆေး ​လေတချွန်​ချွန်​ ​ရေးနိုင်​မှာလားဗျာ။ ​ဆရာကြီး​ရွှေဥ​ဒေါင်းတို့၊ ဦးပုည၊ ဦးဖိုးကျားတို့​တောင်​​ရေးနိုင်​ပါ့မလား။ ​ရေးနိုင်​ပါတယ်​ သို့​သော်​ သာမန်​လူတစ်​​ယောက်​ အဲ့​လောက်​ စာ​ရေးဆရာလုပ်​စားမှာ​ပေါ့။ ဘာ​ကြောင့်​တုန်း ရှာပီ​လေ ဘယ်​ကကူးချရမလဲဆိုတာ။
FB_IMG_1518348159840.jpg
မမိခင်​ကဘယ်​​လောက်​လုပ်​စားခဲ့မယ်​မသိ Admin ​တွေက အ​မှောင်​ထဲကလူ​တွေကို အလင်းထဲက လိုက်​ရှာ စာအုပ်​​တွေထဲက facebook gp ​တွေထဲကချ အသည်းအသန်​ ချရတယ်​။ ဒါ​တွေကို quaility post ​တွေ ​ဟော့ဒီကျ​နော်​တို့စစ်​​ဆေးပီး​ပေးရတာပါဆိုပီးပို့ရတိုင်း ​တောက်​တ​ခေါက်​​ခေါက်​နဲ့​ပေါ့။ သက်​​သေ​လေ မပြနိုင်​တာနဲ့ အဲ့ဒီ သခိုး​တွေကို လွတ်​​ပေးရတိုင်း ​ဟောဒီ​ကျ​နော်​တို့​တွေ ​ဒေါသ အဆိပ်​တတ်​ပီ။

ဆရာတို့ကို Post တစ်​ခုကို copy ဟုတ်​မဟုတ်​ ဘယ်​​လောက်​လိုက်​ကြည့်​ဖူးပါသလဲ​မေးကြည့်​ချင်​တယ်​။ ​နေစဉ်​8လပိုင်းထဲက တင်​တဲ့ post ​တွေကို ​နေ့စဉ်​ vote comment ​ပေးပီး done ပြီးပီ မနက်​ကျ vote မယ်​ 7ရက်​​နေရင်​​ရောင်းစားမယ်​ သို့မဟုတ်​​ဈေးတတ်​​စောင့်​မယ်​။ ok, I was done. Waiting for reward.(ယခု အချိန်​ထိပါ)
အခုထိ 2လပိုင်း​ရောက်​ပီ တခြားမ​ပြောပါနဲ့ ကိုယ့်​ gp ကိုယ်​ စစ်​ဖို့​တောင်​ ကိုယ်​တင်​ပီးပီးတာပဲ။ တရက်​ post 30 ခန့်​မှန်း​ချေ ​နေ့စဉ်​တင်​ကြတယ်​။ ဆရာတို့ ကိုယ့်​အလုပ်​ပီးရင်​ ပီးပီ။ good post,
Thank you, အ​ရေးသား​ကောင်းပါသည်​, ​ကျေးဇူးပါ ​ရေးပီးပီ။
ကျန်​တာ ကွကိုလုပ်​ကြ​တော့။



FB_IMG_1518348213909.jpg
ပထမတချက်​ အ​ကောင့်​ ပွား​တွေနဲ့ pro တင်​ပီး လုပ်​တယ်​။ ဖမ်းနိုင်​ဖမ်းစမ်းဆိုပီးခိုင်းစားခံရတယ်​။ ​ဘေ​တောင်​မထည့်​နိုင်​ဘူး။ တကယ်​ကိုယ်​​တွေ့ ရှာ​နေရင်း​ဘေကုန်​ပီ သိမ်းထားတဲ့ sbd ​လေး​ပေးပီးတ​ထောင်​​လောက်​ ထည့်​ဖို့ @pyaesonkhinkhin ရှိလား @donjaun ရှိလား မရှိဘူးဆို သွားပီ။ ကသက်​မှမဟုတ်​ဘူး @tinhlaingoo ကိုယ်​တိုင်​​တောင်​ ခံစားခဲ့ရတာ။ သူတို့ တခုရှာပီး copy ကူးတာကို ​ဟောဒီ facebook တခွင်​ လိုက်​ရှာရတယ်​။ ဒီကိစ္စမလွယ်​ဘူး​နော်​ တကယ်​စမ်းချင်​ရင်​စမ်းကြည့်​ ကျ​နော်​ တင်​မယ်​ ရှာစမ်း တရက်​မမိရင်​တရက်​ ​ပေး။ မိခဲ့ရင်​ ကျ​နော့ဆယ်​ဆ​ပေးမယ်​။ ဒါကိုလိုက်​ရတဲ့သူ​တွေ အဖို့ စိန်​​ပြေးတမ်း​တွေ ရတဲ့ sbd ​လေး​တွေ ​ဘေထည့်​ပီး ​ဆော့ရတာ ​နောက်​ဆုံး ကျန်းမာ​ရေး​ကြောင့်​​ကော စီးပွား​ရေးအရ​ကော ကို​ရွှေဘိုကြီး အနားယူသွားခဲ့ရတယ်​။ ​@tamutar ​ကော​ပေါ့။

အ​ကောင့်​ပွား​တွေ​ကြောင့်​ copy ဖြစ်​လာတယ်​။ တန်းတူ​ရေးသူ​တွေနာလာတယ်​။ အစည်းအ​ဝေးလုပ်​ပီး ပထမ ဦးဆုံး register MSC No ဖြစ်​လာတယ်​။

စည်းကမ်းများတယ်​ စည်းကမ်းကို ဘယ်​သူ​တွေထုတ်​တာလဲ? Myanmar Steemit Community သူ/သား​တွေလုပ်​ခဲ့တာ ​ဟော့ဒီ Admin ​တွေ လုပ်​ခဲ့တာမဟုတ်​ဘူး။
ဘယ်​သူ​တွေလုပ်​ခဲ့တာလဲ?
ဘယ်​သူ​တွေအတွက်​လဲ?
မလုပ်​ခဲ့ရင်​ ဘာဖြစ်​လာမယ်​ထင်​လဲ?
သေချာစဉ်းစားကြည့်​ပါ​ပြောချင်​ပါတယ်​။
ဒီစည်းကမ်း​တွေအားတိုင်းထုတ်​ပီး လူတစ်​​ယောက်​​ post တစ်​ခု​တွေ့တာနဲ့ ဘယ်​စည်းနဲ့ ညှိမလဲ။
ဘယ်​ rule ထိမလဲ။
ငါ့ဆီက လွတ်​​ပေးပီးမှဖြင့်​ သူလုပ်​ချင်​ရာလုပ်​ရင်​ ငါ့တာဝန်​ပဲ။ ငါ​သေချာမစစ်​တာ ဖြစ်​မယ်​။
ရသွားတိုင်းဘယ်​သူမှ ကိုယ်​ချင်းမစာဖူးပါဘူး။
အရင်​စည်းကမ်း​တွေက​နေထပ်​ထည့်​ MSC No.
Mail ပို့ကြပါ အသစ်​​တွေဆိုပီး ပြန်​စခဲ့ကြရပါတယ်​။

အံ့​ကျော်

MSC No 005 @thatkozaw

received_1900390000290714.jpeg

Sort:  

နောက်ကျောက ဒါဏ်ရာတွေ....

များ​နေပါပီ

your photos are very good, best of the best!
good luck boss ...

စစ်​မှန်​တဲ့စာတစ်​​ကြောင်းဖြစ်​ဖို့ သမိုင်း​ပေါင်းများစွာ လိုအပ်​တယ်​....။

စာဖတ်​နိုင်​သူ ဖြစ်​မှ စာ​ရေးနိုင်​မယ်​ ​နေ့စဉ်​ ဝတ္တု​ရေးနိုင်​ဖို့ ဘယ်​လိုပါရမီပါလဲမသိကြဘူး

ဟုတ် ဟုတ်😁😁

ပြောလိုက်​ရင်​ ဟုတ်​ဟုတ်​နဲ့ ဟွင်းဟွင်း

MSCရဲ့​စေတနာကို နားလည်​ပြီးသားပါ

စေတနာထက်​ ပိုပီးမဆိုးဝါး​စေချင်​တာပါ အခု အပျက်​​တွေများ​နေပီ

သမိုင်းကြောင်းတွေ သက်သေရှိပါတယ်ဗျား။

ဟုတ်​ပဟုတ်​ပ

ကိုယ်တစ်ကယ်မလုပ်ရပါပဲ
ကိုသက်ပြောတာနဲ့တင် ခေါ်င်းတေမူးသွားတယ်

ကိုယ့်​အ​ပေါ်​အောက်​​လေးစစ်​ကြည့်​ကြရင်​​တောင်​ မဆိုးဘူးဗျ

ကျွန်မကတော့ သိပ်နားမလည်ဘူး msc အဖွဲက
ဘာလုပ်ပေးတာလဲရှင် ပါဝင်လိုရောရလား

အ​ပေါ်က ပုံထဲ msc ​လျောက်​ရမယ့်​ပုံစံပြထားပါတယ်​။

MSC ရဲ့​စေတနာကို တန်​ဖိုးထားပြီး
Copy ဆို ​ဝေး​ဝေး​ရှောင်​ပါတယ်​ အစ်​ကို​ရေ

မိမိပတ်​ဝင်းကျင်​လဲကည့်​​ပေးကြပါ

ကျနော်ကတော့
ခုမှပြန်စရေးနေတာ
msc no ရဖို့နှင့် pro ရဖို့တော့ ဦးတည်ချက်မထားပါဘူး
ကိုယ်ပိုင်ဆောင်းပါးလေး ပုံမှန်ရေးနေမယ်လို့သာ ရည်ရွယ်ထားပါတယ်

ပြန်​လာကတည်းကမြင်​တယ်​ နားထားတာကြာပီပဲ

ဟုတ်တယ် ဗျ
steemit သိပီး ဆောင်းပါးရေးဖို့ပြင်နေခဲ့တာ
တလလောက်ကြာတော့ နယ်ကအမေနေမကောင်းဖြစ်တာနဲ့
ပြန်သွားခဲ့ရတာ steemit နဲ့အဆက်ပြတ်သွားတယ်
ရွာမှာက အင်တာနက်မရလို့လေ
ဒါပေမဲ့ ဆောင်းပါးတွေတော့ ကြိုရေးထားခဲ့တာ
ခုတော့ ရွာမှာ လိုင်းမိလာတော့ ရေးပီးသားဆောင်းပါးလေးတွေ post တင်ဖို့ပြင်ဆင်နေပါပီ

ကိုယ်ကျိုးမပါဘဲ အများကောင်းစားရေးအတွက် စေတနာထားပြိးလုပ်နေကြတဲ့ MSC Admin တွေရော အခြားလုပ်နေသူတွေကိုလည်း လေးစားပါတယ်ဗျာ လူတိုင်းမလုပ်နိုင်တဲ့အလုပ်တွေကိုလုပ်နေကြလို့ပါ ကျေးဇူးလဲတင်ပါတယ်ဗျာ

ဟုတ်ပါတယ်
အချိန်ကုန်ခံ ခေါင်းအရှုပ်ခံပီး လုပ်ပေးကြရတာပါ
ရေရှည်မဟုတ်သော မတော်လောဘများ မရှိကြရင်ပိုကောင်းပါမယ်

ငွေဆိုတာပါလာရင်​ အမှိုက်​ဆိုတာပါလာပါပီ အ​ကောင့်​ပွား​တွေ copy ​တွေ ​နေ့စဉ်​နီးပါ ထပ်​ထုတ်​​နေရတယ်

ဟုတ်တယ် အဲဒါတွေကို အရင်ကတည်းက သိခဲ့ပါတယ်

ကိုယ်​စီကိုယ်​စီ ကိုယ့်​အဖွဲ့စာ​လေး​တွေဖတ်​ပီး ကိုယ့်​အဖွဲ့အတွင်းက မသင်္ကာသူ ​တွေ ​ပြောပြ​ပေးနိုင်​ရင်​ပို​ကောင်းမယ်​ဗျ

mscရဖို့လောမိတာတောင်းပန်ပါတယ်ကိုသက်ရယ်။ကိုသက်တို့စေတနာတွေကိုနားလည်ပါတယ်။အစစအရာကူညီပေးတာတွေအတွက်ကျေးဇူးအထူးတင်ရှိပါတယ်။

ပေးရမှာကို​ကြောက်​​နေမိတယ်

ဟုတ်ပါ့ ကွီးသက် ခင်ဗျာ ရေးတတ်လိုက်တာ မန့်ဖို့ စဉ်းစားရင်း တစ်ပုဒ်ရပြန်ဦးမယ်ထင်ပါတယ်

ရတာ​ပေါ့ဗျာ စိတ်​ထဲ များသွားလို့ ​ပြောချင်​တဲ့​နေရာ​တောင်​မ​ရောက်​​သေးဘူး

ရင်ဘက်ထဲက..မြစ်တစ်စင်းပါလေ

စီးဆင်းဆဲ

က​လောင်​နာမည်​သ​ဘောကျတယ်​ 😄
အံ့​ကျော်​တဲ့

ကိုကိုဦးမကြိုက်​လို့ပါ
အံ​ကျော်​ fan ပါ

တောင်းပန်​ပါတယ်​အကိုmsc no​အောင်​​လောမိတဲ့အတွက်​ပါ​တဲ့အချိန်​​စောင့်​ပါ့မယ်

ပေးရမှာ​ကြောက်​​နေမိတာ

ဟုတ်ကဲ့ပါအကို ကျွန်တော်က လူအသစ်လေးဆို
တော့ အကောင်းဆုံးဖြစ်အောင်ကြိုးစားနေပါတယ်

ကိုယ့်​ကြိုးစားမှုက ကိုယ့်​အတွက်​ပါ fighting

msc ဒီထက်မကတိုးတတ်ပါစေ သားတို့ကိုလည်း voteနိုင်ပါစေ

မ​ပေးနိုင်​တဲ့တ​နေ့ဆိုတာ ဖြစ်​မလာခင်​ကြိုးစား​ရေကြပါ

လုပ်သင့်လုပ်ထိုက်တာတော့ လုပ်ရမှာပါဘဲ ကိုအံ့ကျော်

ဟုတ်​ကဲ့

ကျွန်​​တော်​လည်းမှတ်​မိတယ်​ 😁

Paypl အသုံးပြုနည်းဆိုပီးလား တင်​နာ

MSC Admin တွေ စေတနာကို နားလည်သလို လေးလည်းလေးစားပါတယ် ဆက်လက်ပြီတော့ ကိုယ်ဆိုင်ရေးလေးတွေ ပိုပိုကောင်းလာအောင် ကြိုးစားသွားပါ့မယ်

တခြားသူများစာ​တွေဖတ်​ပီး ​လိုအပ်​ရင်​​ပြော​ပေးကြပါဦး

ကျနော်မောင်သာအေးလည်းသိပါတယ် ဘာကြောင့်လဲဆိုတော့
ကိုသက်ကိုအပြင်မှာမြင်ဘူးလို့ အိပ်ရေးပျက်တဲ့မျက်နှာကမြင်ကိုမကောင်းအောင်ဘဲကိုသက်ရယ် ကျန်းမာရေးဂရုစိုက်အုန်း ခိုင်းစရာရှိလည်းပြော

ဟာအာ့က ဟိုအရှိန်​​တေ​ကြောင့်​ပါ။ admin ထဲ ငါ​ချောင်​အခိုဆုံး

ကိုယ်ချင်းစာပါတယ် ကိုသက် admin တွေက အတော်လေး ပင်ပန်းခဲ့တာပါ နောက်ကနေ စည်းကမ်းတကျလိုက်နေပါမယ်ဗျာ

အခု ကို​စောပါ အဲ့လိုဖြစ်​ဖို့ များလာပီ​လေ

များလာဖို့ အချိန်တန်တော့လည်း များရတာပေါ့ဗျာ ကိုယ့်အဖွဲ့အတွက်ပဲလေ

ဟုတ်ကဲ့ပါ အစ်ကို စည်းကမ်းချက်တွေကို အပြည့်အဝလိုက်နာပါမယ်

စည်းကမ်းလိုက်​နာရုံမက မိမိပတ်​ဝင်းကျင်​ကိုကြည့်​ပီး လိုအပ်​တာ​လေး​ပြော​ပေးပါဦး

အ​နော်​တို့က​တော့ ​ကော်​ပီတင်​ပါဆို​တောင်​တင်​ဘူး
ကို​ယ်​တိုင်​​ရေးချင်​လို့အ​ကောင့်​ဖွင့်​တာ စာလုံး​ပေါင်းမမှန်​တာဘဲရှိမယ်
အဟီးးးး

Right ဘဘ

နားလည်​ပါတယ်​ ကိုသက်
Msc ဒီထက်​မက​အောင်​မြင်​ပါ​စေ

ဒီထက်​ပို​ပေးနိုင်​ဖို့ အခုကတည်းက စည်းကမ်းများမယ်

တစ်ချို့စာတွေကဖန်ကြည့်တာနဲ့တင် ဘယ်လိုစာအအျိုးအစားဖြစ်ပြီးကော်ပီဖြစ်ဖို့ ရာခိုင်နှုန်းဘယ်လောက်ဖြစ်နိုငါတယ် မဖြစ်နိုင်ဘူးဆိုတာ ခေတ်ပညာတတ်သူတိုင်း တွေးမိနိုင်ပါတယ် ဒါပေမယ့် တကယ့်ကော်ပီဆိုရင်လည်း သက်သေပြဖို့က ညီပြောသလို မလွယ်ဘူး တော်တော်ကိုမလွယ်တဲ့ကိစ္စဘဲ ဆရာတင်ဦးလှိုင်ထဲက ထွက်တဲ့သူတေိဆို အရေးအသားကိုကြည့်ပြီးသိသာနိုင်ပါတယ်

ဟုတ်​တယ်​ bro သမိုင်း​နောက်​ခံ​ရေးမယ်​ဆို ​ဝေဖန်​မှုပုံစုံ ဆန်​ပီး ကိုးကားပါရမယ်​ မပါရင်​ သူကိုတိုင်​မြင်​ထားသလိုလို ဗိုလ်​ချုပ်​စားတာ​သောက်​တာ ​နေတာထိုင်​တာ​တွေ

မငိုနဲ့တိတ် တိတ် မုန့်ဝယ်ကျွေးမယ် တိတ်တော့နော်

ချားလဲချားရဘူး

စည်းကမ်းသည် လူ၏ တန်ဖိုး ...

သိပ်မှန်တာပေါ့ကသက်ရေ။လူပေါင်းအများကြီးလည်း စစ်ရသလို နည်းပညာပိုင်းတွေကျ သူတို့ရအောင်တတ်အောင်လည်းသင်ပေးရနဲ့။သို့သော် menberတွေဘက်က ငွေကိုဘဲကြည့်ပြီး copyကူယူခြင်းအလုပ်ကိုမစွန့်ကြပေ။ငွေနောက်လိုက်ပြီး မိမိကိုသင်ပေးနေတဲ့သူတွေကိုအားမနာကြဘူး။တင်ချင်ရာတင် ဗဟုသုတရှိတဲ့စာပေးတွေကြမရေးကြဘဲလုပ်ချင်ရာ လုပ်နေကြတယ်ကသက်ရေ။

Congratulations @thatkozaw! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

အခုတော့ အံ့ကျော်ဖြစ်ခဲ့ပြီပေါ့
ကျွန်တော်လည်း postတွေအဲ့လောက်မစစ်နိုင်ဘူးကိုသက်ရေ
ကိုသက်တို့လို အပင်ပန်းခံကြိုးစားပေးသူတွေရှိလို့ ကျွန်တော်လည်း ခုလို ဆက်သွားနေနိုင်ခဲ့တာပါပဲ။ကိုအံ့ကျော်နှင့် ညီကိုများအား လေးစားမိပါသည်ဗျာ။

ဟောဂျာ ဟောဂျာ