ခဏခဏ
ငိုလိုက်မဲ့လိုက်
တရှိုက်တငင်
မှားယွင်းနေတဲ့နေရာတွေကြား
လက်ညိုးထိုးခံ ငါအမှားဆုံးလူပေါ့
ဓာတ်သဘောတွေမတည်မြဲသလောက်
ငါအပြုံးကလဲနားလည်ပီးသားပဲ
ဒီနေမနက်ဖြန် မသေချာတဲ့ကြားပြုံးရယ် ငိုတလှဲ့
ဘာလို့ အဆောတလျင်ဖြစ်နေရတာတာလဲ
အချိန်နဲ့ ဆေးဆရာ မှမယုံတာလေ
ဂေါက်ဂေါက်လာခေါက်တိုင်း မေးမိတယ်
မင်က ဘာလိုချင်တာတုန်း
မင်းဘာအရေးကြီးဆုံးလို့ထင်ထားတာလဲ
ဟော့ဒီ အရှုးတစ်ယောက်ဆီမှာ အဖြေရှိမယ်ထင်ထားတာလား
မေးခွန်း မေးခွန်းနဲ့ချည်
မင်းမရင့်ကျက်သေးဘူးပဲ
ရင့်ကျက်မှုဆိုတာ သတ္တိလိုတယ်
ငိုရဲရတယ်
ရယ်ရဲရတယ်
ပြုံးရဲရတယ် မဲ့ရဲရတယ်
နောက်ဆုံး လိုအပ်ရင်
နှုတ်ဆိတ်ရဲရတယ်
သွားတော့မနက်ဖြန်
ဘာဆက်ဖြစ်မှာလဲ
ခေါင်းနဲ့ထိုးပလိုက်
နာတာမနာတာမင်းမသိမှန်းသိတယ်
သို့သော်
ခေါင်းသုံးစရာရှိသုံးတဲ့ မသိဘူးလား
လူးလိမ့်ထလာခဲ့
မက်တပ်ရပ်နေရင်အသက်ရှင်နေရင်မင်းကျန်နေသေးမှာပဲတဲ့
ဂုဏ်ယူပါတယ်bro
လေးစားပီလေ
မပှုနဲ့
ခေါက်ရိုးကျိုး စကားလုံးတွေ မင်းစားသုံး ဖို့ ပြင်ထားတယ်
တဂေါက်ဂေါက်ခေါက်ကြည့်
နောက် မင်းနှုတ်သီးကို မင်းပြန်ရိုက်ပလိုက်
Ok မင်းက ပုံမှန်အခြေနေပဲ
ကြက်ဆီထမင်းစားခွင့်မရှိဘူး
That Ko Zaw
MSC 005
နောက်ဆုံး လိုအပ်ရင်
နှုတ်ဆိတ်ရဲရတယ်
တော်တော်ကိုကြိုးစားရတယ် နှုတ်ဆိတ်နေဖို့
အင်း ဟုတ်မယ်ထင်တာပဲ
ကြက်ဆီထမင်းမကြိုက်
ဒံပေါက် ကြိုက်တာ
ဒံပေါက်ကြိုက်တာတဲ့
ရေ နာတို့ပြောင်းမှာရမယ်ထင်တယ် @pyaesonekhinkhin
အစအဆုံးတစ်လုံးချင်းသေချာတော့ဖတ်တာပဲ
နောက်ဆုံးက ကြက်ဆီထမင်းမစားရဖူးပဲနားလည်လက်တာ :'(
ငါလည်းနားမလည်ဘူး ဒါမဲ့ သွသူထွက်လာတာလေ ဘာတတ်နိုင်မလဲ သွသူရင်ထဲဖစ်နေတာတွေရေးထားတာ
သားကကြက်ဆိုဝေဝေးရှောင်တယ်
ရှောင်မှာပေါ့ နင်က ကြက်သမားကို
ဟီးးးးးးးးအာကြောင့်ရှောင်တာလေ
ထောပတ် ထမင့်း ရေခဲမု့ ပဲျွေး ကွီး 😁😁
good bro
အာ့လို မော်ဒန်ြေုက်တယ်..
ကျနော်လည်း တခါတလေ အာ့လိုတွေ ထွက်လာတယ်