"သား အငယ်ကောင်မောင်ထွေး ကျောင်းမသွားသေးဘူးလား။"
အဖေ ရေခပ်ရင်း လှမ်းမေးလာသည်။
မောင်ထွေးပြန်မဖြေချင် ကျောင်းလဲမသွားချင်ပြန်ပါ။
မနေ့က ဆရာမက အချိန်ပိုကြေးပေးရန်
နောက်ကျနေသော ကျောင်းသားများအား နာမည်တပ်ခေါ်ကာ တောင်းသဖြင့် မောင်ထွေး ဒီနေ့မှ မပေးနိုင်ရင် ကျောင်းသို့ မသွားရဲ ပေကပ်ကပ်လုပ်နေမိသည်။
"သားဘာဖြစ်လို့လဲ၊ ဘာလို့ကျောင်းမသွားချင်တာလဲ။"
အဖေ ထပ်မေးပြန်သည်။
မနေ့က အဖေ ပိုက်ဆံ မရှိလို့ အဒေါ်ဆီသွားချေးနေတာတွေ့တယ်။ မရလာဘူးဆိုပဲ။ ရှိမှာမဟုတ်ပါဘူး။ ဒါမဲ့ မပြောလို့လဲမဖြစ်တော့ဘူး။
"ဟုတ် အဖေ ကျောင်းက အချိန်ပိုကြေးတောင်းနေတာမပေးနိုင်လို့ပါ။ ဒီနေ့ မပေးမဖြစ်ပေးရမှာမို့လို့ပါ။"
"ဒါများသားရယ် ခွဲပေးလို့ရရင် အဖေ ဒီနေ့ ၅၀ကျပ် ပေးလိုက်မယ်သား။ မင်းကပြောမှမပြောတာ။"
အဖေပြောပြောဆိုဆို ဖျာကိုလှန်ပီး တကျပ်တန်အကြွေတွေထိုင် ရေနေလေရဲ့။
မောင်ထွေး တကျပ်တန်အကြွေတွေမပေးရဲ ဆရာမအကြွေတွေဆိုပီးဆူလိမ့်မယ်။ တခြားကျောင်းသားတွေလဲ တကျပ်တန်ပေးတာ တခါမှမတွေ့ဖူးဘူး စိတ်ညစ်ပါတယ်။
"အဖေတကျပ်တန်တွေချည်း သားမပေးရဲပါဘူး။"
ငြင်းလို့ရမလားမသိ ငြင်းကြည့်သည်။
"သား တကျပ်တန်လဲ ပိုက်ဆံပဲသားရ ၅၀ကျပ် ပြည့်တယ် ရော့ရော့ယူပီးသွားတော့၊ ကျောင်းနောက်ကျလိမ့်မယ်။"
ကျောင်းတော့ စိတ်မပါတပါနဲ့ရောက်လာပေသည်။
အတန်းပိုင်ဆရာမက ညနေကျမှပေးဟုပြောသဖြင့် သိမ်းထားလိုက်လေသည်။ ဒါပေမယ့် တကျပ်တန် အရွက်ငါးဆယ်တောင်မှ ဆရာမကဖြင့် အကြွေတွေချည်းပဲဆိုပီး ဆူတော့မှဖြင့် ထပ်အရှက်ကွဲနေရပါဦးမယ်ဆိုပီး တွေးရင်း စာသင်ရင်းနဲ့ဖြင့် ဘာလိုလိုနဲ့ နေ့လည်စာကျောင်းဆင်းလာခဲ့သည်။
"မောင်ထွေးဘာဖြစ်နေတာလဲဟ။ ငေးတိငေးငိုင်နဲ့ လာလေ ဆော့ရအောင်လေ။"
သူရ ဆော့ဖို့ လှမ်းခေါ်လေသည်။
"မဆော့ချင်ပါဘူးဟာ ငါအချိန်ပိုကြေးပေးဖို့ အဖေက ၅၀ကျပ်ကို တကျပ်တန်တွေပဲပေးလိုက်လို့ စိတ်ညစ်နေတာဟ"
မောင်ထွေးပြန်ပြောလိုက်သည်။
"သြော် ဒါများဟာ ပေးပေး တကျပ်တန်လဲငွေပဲ။ စိတ်ညစ်စရာဟုတ်ပါဘူးကွာ။
ငါ့အိမ်ကလည်း တခါအဲ့လိုပေးဖူးလို့ ကျောင်းမုန့်ဈေးတန်းမှာ သွားလဲပေးတာ မုန့်တောင် တကျပ်ဖိုးကျွေးလိုက်သေးတယ်ဟ။"
သူရပြောလဲပြော လက်လဲဆွဲခေါ်ကာ အနှုတ်တွေကို ၅၀တန်နဲ့ လိုက်လဲပေးသည်။ ဖိုးအောင်လည်း အဖော်အဖြစ်လိုက်လာခဲ့သည်။
သူရပြောသလိုပင် မုန့် တကျပ်ဖိုးတောင် အလကားကျွေးလိုက်သေးသည်။
ထိုအချိန်ကျမှ ၅၀ကျပ်တန်လေးကိုင် မုန့်စားရင်း
မောင်ထွေး၊ သူရနဲ့ ဖိုးအောင် ဟီးဟီးလုပ်နေမိသည်။
ညနေ မုန့်စားဆင်းချိန်ပီး ပြန်တတ်ချိန်တွင်
"ဆရာမ သားပိုက်ဆံ ငါးဆယ်ပျောက်သွားလို့ဆရာမ။"
"ဟောတော့ မောင်ထွေးရယ် နင်က ကျောင်းကို ဘယ့်နှယ် ၅၀တောင် ယူလာရတာလဲ ဟဲ့"
ဆရာမ ရှေ့တွင်စာရေးတာရပ်ပီး ပြန်လှည်မေးလိုက်သည်။
"သား အချိန်ပိုကြေး ပေးမလို့ပါ ဆရာမ။ အဲ့ဒါနေ့လည်ကမှရှိသေးတယ်။ ညနေမုန့်စားဆင်းချိန်ကွန်ဘာဘူးထဲ ထည့်ထားပီး မုန့်ထွက်စားတာ ပြန်လာတော့မရှိတော့ဘူဆရာမ။"
"သေချာလဲရှာပါဦးဟယ် အထားများမှားသလား။ ကျများပျောက်သလားကွယ်"
"မမှားပါဘူးဆရာမ။ သားကွန်ဖာဘူးထဲ ထည့်ထားတာဆရာမ"
မောင်ထွေး ထူပှုနေပါပီ အိမ်ပြန်ရင်ရိုက်ခံရတော့မည်။ မောင်ထွေး၏ မုန့်ဖိုးတောင် တရက်မှ ၃ကျပ်သာရသည်။ အဖေပေးလိုက်သောအချိန်ပိုကြေးသည် ဘယ်သို့ခြေထောက်ပေါက်ကာ ထွက်သွားသည်မသိ။ အချိန်ပိုကြေး ၇၅ကျပ် ကိုအပြည့်မပေးနိုင်သေးသောကြောင့် ခွဲပြီး ၅၀ကျပ်သာ အဖေကပေးလိုက်တာတောင်ပျောက်သွားရသည်။
ထပ်တောင်းဖို့လဲမလွယ်ဘူး။
"ကဲကဲ မတွေ့ဘူးဆိုရင် လွယ်အိပ်တွေစစ်မယ် တတန်းလုံးမက်တပ်ရပ် လွယ်အိပ်တွေချထား။ သား မောင်ထွေး သားနားကနေစစ် လွယ်အိပ်တွေကို တယောက်ချင်းစီစစ်စမ်း"
ဆရာမပြောလိုက်သဖြင့် တတန်းလုံး မက်တပ်ရပ် ကာ လွယ်အိပ်များ စာရေးခုံပေါ်တွင် တင်ထားကြသည်။ မောင်ထွေးက ရှေ့ဆုံးတန်းအစွန်ဆုံးမှာထိုင်သောကြောင့်
မောင်ထွေးဘေးကပ်လျက်ထိုင်သော သူရလွယ်အိပ်
မှစစစ်ရသည်။ သူရ မယူတာမောင်ထွေး သိသော်လည်း စစ်ရမည် တတန်းလုံးစစ်ရမယ်ဆိုရင်ဖြင့် တနေကုန်သွားမလား မောင်ထွေး စစ်နေရင်း တွေးနေမိသည်။
သူရပီးတော့ ဖတ်တီး လွယ်အိပ်စစ်ရပြန်သည်။ မတွေ့....
နောက် တယောက် ဖိုးအောင်အလှည့်ရောက်လာပီ ဖိုးအောင်လွယ်အိပ်ကိုစစ်နေရင်း မောင်ထွေး တခုသတိရသွားသည်။ မုန့်စားကျောင်းဆင်းချိန်တွင် ဖိုးအောင်သည် မောင်ထွေးတို့နဲ့မဆော့ပဲ ဗိုက်အောင့်သည်ဆိုကာ အခန်းထဲတွင်နေခဲ့သည်။ မောင်ထွေးဆော့ပီး ပြန်လာတော့ဖြင့်ရင် ဖိုးအောင်မောင်ထွေး၏လွယ်အိပ်ကို ပြန်ချထားလိုက်သည်ကို မှတ်မိလေပီ။ ဟော ကွန်ဖာဘူး အောက်ထဲဖွင့်ကြည့်ရာ ၅၀ကျပ်တန် အစွန်းလေး တွေ့ပီတွေ့ပီ။ မောင်ထွေးဖိုးအောင်ကိုမော့ကြည့်လိုက်တော့ ဖိုးအောင် မျက်စိမျက်နာပျက်နေလေပီ။
ဒါပေမယ့် မောင်ထွေးအသိထဲ ဘာလို့မှန်းမသိပဲ မပြောချင်ဖြစ်လာပေသည်။ ဘာကြောင့်မှန်းလဲ မောင်ထွေးမသိ။ ဖိုးအောင်၏ လွယ်အိပ်ကိုပြန်ချထားကာ ဆရာမဘက် လှည့်ကာ မောင်ထွေး ပြောလိုက်သည်မှာကား..
"ဆရာမ မစစ်တော့ဘူးဆရာမ သားကျပျောက်ခဲ့တာနေမှာပါ"
"အေးအေး ကျပျောက်ခဲ့တယ်ဆိုလဲထားလိုက်ပါတော့ ဆရာမ စာဆက်သင်မယ်။ အားလုံးထိုင်ကြ၊ မောင်ထွေး လဲ နောက်တခါ ပိုက်ဆံကို ဂရုစိုက်ကွဲ့။ မိဘတွေရှာရတာမလွယ်ဘူး။ နောက်ရက်မှ အချိန်ပိုကြေးပေးတော့။"
ပြောကာ ဆရာမ စာဆက်သင်လေသည်။
မောင်ထွေး စိတ်ထဲ မတင်မကျ ။ ဘာလို့တွေ့နေရက်နဲ့ မပြောမိလဲမသိ။ နှုတ်က ကျပျောက်တာပါလို့ လွတ်ခနဲ ပြောမိတာ မှားပီလားမသိဘူးတွေးမိနေတယ်။
ညနေကျောင်းဆင်းချိန် ရောက်လာပေသည်။
"မောင်ထွေး ဟေ့မောင်ထွေး..!"
ဖိုးအောင် အော်ခေါ်နေတာနဲ့ ပြန်မယ့်ခြေလှမ်းခဏရပ်ပီးစောင့်နေမိသည်။
"ဟောဟဲ ဟောဟဲ မောတာကွာပြေးလိုက်လာရတာ။ ရော့ သူငယ်ချင်း မုန့်စားကျောင်းဆင်းတုန်းက မင်းပိုက်ဆံ ၅၀ကျပ် ငါကောက်ရထားတာကွ။ ပြန်ပေးမလို့လုပ်နေတုန်း အမေက စစ်ခိုင်းတော့ ငါ့သူခိုးထင်ပီဆိုပီး ဒူးတွေတောင်တုန်နေတာ မင်း တွေ့လျက်သားနဲ့ မပြောပဲနေလိုက်တာ ငါကျေးဇူးတင်မဆုံးဘူးကွာ။"
ဖိုးအောင် အမောတကောနဲ့ တလစက်ပြောနေတော့သည်။
"ရပါတယ် သူငယ်ချင်းရာ။ ငါလဲ မင်းကို မင်းအမေဆရာမ ရှေ့မှာ တတန်းလုံးရှေ့မှာ အရှက်ကွဲသွားမှာကြောက်လို့ မပြောပဲ နေတော့တာ မင်းကောက်ရပီး ပြန်ပေးတာကိုကျေးဇူးတင်လိုက်တာကွာ။ ငါမနက်ဖြန် အချိန်ပိုကြေး အဖေ့ဆီက ထပ်မတောင်းရတော့ဘူး ကျေးဇူးသူငယ်ချင်း။"
မောင်ထွေး ဝမ်းသာအားရပြောလိုက်သည်။
"မဟုတ်တာကွာ ငါတို့သူငယ်ချင်းတွေပဲ ဥစ္စာ။ ငါ့ကျောင်းကားမမှီတော့ပဲနေမယ်။ သွားတော့မယ်နော် သူငယ်ချင်း မနက်ဖြန်ကျောင်းစောစောလာခဲ့နော်"
ပြောလဲပြော ဖိုးအောင်ကျောင်းဘက်သို့ပြန်ပြေးသွားသည်။
မောင်ထွေးသိပါတယ် ဖိုးအောင် မင်းယူထားမှန်း ဒါပေမယ့် မင်းတို့က ချမ်းသာတဲ့သူတွေပါ။ အထူးသဖြင့် မင်းအမေ အတန်းပိုင်ဆရာမ တတန်းလုံးရှေ့မှာ မင်းကို သူခိုးဆိုပီး အမဲစက်တင်သွားတာကို အရှက်ရမှာစိုးတာတကြောင်း မင်း အရှက်ရသွားမှာတကြောင်းကို ငါ့စဉ်းစားတတ်တဲ့ မဖြစ်စလောက်ဥာဏ်လေးနဲ့ ဆုံးဖြတ်ခဲ့တာပါ ဖိုးအောင်ရယ်။ ငါတို့မိသားစုဆိုတာက သူ့ကျူ ရှင်မတတ်လို့ စာမွေးပွဲကျတဲ့ နှစ်စဉ် ပထမဆုရ အစ်မကြောင့် ဆရာမတစ်ယောက်ကိုအထက်ထိ တတ်တိုင်လို့ ကိုယ့်ရွာကျောင်းမှာစာမသင်ရပဲ ရွာနဲ့မိုင် သုံးမိုင်ဝေးကွာတဲ့ မြို့ပေါ်ကို လမ်းလျောက်ပီးကျောင်းတတ်နေရတဲ့သာဓက ရှိပီးသားမို့ပါ။
မင်း အနာဂတ်လေးလှပပါစေ။
ထိုနှစ်ပြီးနောက် ဖိုးအောင်အမေမှာ မောင်ထွေးတို့ အတန်းပိုင်ဆရာမဖြစ်ကာ ဖိုးအောင်အဖေမှာ ဌာနတစ်ခုမှအရာရှိဖြစ်ပီး ဖိုးအောင် တို့မိသားစုသည် သူ့အဖေ ဌာနပြောင်းသောမြို့သို့ အပီးတိုင်ပြောင်းရွေ့သွားခဲ့သလို မောင်ထွေးတို့မိသားစုသည်လည်း ကျောင်းတတ်ရတာဝေးသောကြောင့် အခြားသောမြို့တစ်မြို့သို့ပြောင်းလာလေသည်။
နှစ်ပေါင်းများစွာကြာပီးနောက်
"ကျော်ရှယ်ကွမ်းယာ"
"အစ်ကိုဘယ်လောက်ဖိုးလဲဗျ ။"
ဒီအစ်ကိုကြီးသည် တခါတလေ တထောင်ဖိုးမှ သုံးထောင်ဖိုးထိထုတ်တတ်၍ မောင်ထွေးလှမ်းမေးလိုက်သည်။
"ဟေ့ မင်းမောင်ထွေးမဟုတ်လား"
စားနေကျ အစ်ကိုကြီးနဲ့ အတူပါလာသော ခပ်ချောချော မျက်မှန်နဲ့ အစ်ကိုကြီးမှ မေးလာသည်။
"ဟုတ်ကဲ့အစ်ကို ကျနော်မောင်ထွေးပါ။ ဘာဖြစ်လို့လဲအစ်ကို။"
မောင်ထွေး ပြန်ပြောလိုက်သည်။
"ငါဖိုးအောင်လေကွာ ငါးတန်းတုံးက မင်းနဲ့ ကျောင်းအတူတူတတ်ခဲ့တဲ့ ဖိုးအောင်လေ။"
မမှတ်မိဘူးလား။
"ဟား.....ဖိုးအောင် သန့်လို့ချောလို့ပါလား။ မှတ်တောင်မမှတ်မိဘူး။ ဘယ်တုန်းက မန်းလေးရောက်နေတာလဲ။"
"ငါဆေးကျောင်းတတ်နေတာလေ။ မင်းကောကျောင်းထွက်လိုက်တာလား။"
"မဟုတ်ပါဘူးကွာ။ ငါဆယ်တန်းအောင်ပီးကတည်းက အမှတ်နဲလို့ ကျောင်းဆက်မတတ်ပဲ ကြုံရာကျပန်းလုပ်စားနေတာ။ ကွမ်းထုပ်သွားလေ။"
မောင်ထွေး ကွမ်းလည်းယာ ရင်းလှမ်းပြောလိုက်သည်။
"ရတယ်နေပစေ တစ်ယာပဲပေး ငါအမြဲမစားဘူး။ အေးပါ မင်းမအားဘူးနေမယ်။ ငါလည်းသွားစရာရှိလို့ သွားဦးမယ်။ နောက်မှလာလည်မယ်ဟေ့။ သူရကတော့ DSA ပါသွားတယ်။ ဆုံချင်သေးတယ်ဟေ့။
မင်းတို့နဲ့။"
ပြောလဲပြော ပြေးလဲပြေးကာ ကားပေါ်တတ်သွားသည်။ ထိုရက်မှစ၍ ဖိုးအောင်ကိုနောက်တကြိမ်ပြန်မတွေ့ရတော့ပေ။
သြော်ဖိုးအောင်၊ ဖိုးအောင်... အဆင်ပြေပါစေ သူငယ်ချင်း...
စိတ်ကူးရင်သက်သက်ဖြစ်သောကြောင့် တိုက်ဆိုင်မှုရှိရင်ခွင့်လွတ်ပါ။
Photo from google
That Ko Zaw
MSC 005
အဲလို သူငယ်ချင်းမျိုးလေး ရချင်တယ်ဗျာ
ရှိပါတယ် သေချာမကြည့်တာပါ
That is why, i always read your realism. You have a really nice skill in writing.
ပျော်ပီလေ ကိုဒွန်ခြေဖျားတောင် မမှီတာကိုကိုဒွန်ရယ်
သဘောမနောကောင်းလေးပေါ့
ဘာဘဲဖြစ်စြဖ် တစ်စုံတစ်ခုရသွားတဲ့အတွက်ကျေးဇူးပါ
သဘောကောင်းတာထက် ဆုံးဖြတ်မှန်သွားတာ
good တကယ့်သူငယ်ချင်းကောင်းပါ
သူနည်းနည်းတွေးတတ်သွားပီး အချိန်မှီ ဆုံးဖြတ်နိုင်ခဲ့လို့
ဖတ်ခဲ့ပီး....ဖတ်လို့ကောင်းတယ်...good
မတွေ့တာကြာပီ စာရွက်တွေခေါက်သေးလား
ကိုယ်ချင်းစာတရား လက်ကိုင်ထားရင် ဘာမဆို အောင်မြင်ပါလိမ့်မေ အက်မင်ဂျီး😊😊
ဟုတ်ကဲ့ပါ မမကြည် ဆပ်လီတာကြီး
သူငယ်းချင်းကောင်းသိပ်ရှားလာတယ် ရချင်မိတယ်
ရှိပါတယ် သေချာမတွေ့သေးတာပါ
တဖတ်သားကို နားလည်ပေးနိုင်တဲ့ မောင်ထွေးရဲ့စိတ်က လေးစားစရာပါဗျ
မောင်ထွေးမှာ အနာရှိတော့ သူ့အတွက်လဲ သူတွေးတာပါ သူ အဝေးကြီးကျောင်းတတ်ခဲ့ရတာကိုး
သူငယ်ချင်းကောင်းရှားသွားပါပြီ
ရှိတော့ရှိပါသေးတယ်
သူငယ်ချင်းကောင်း တွေနဲ့အမြဲ ဆုံချင်ပါတယ်ဗျာ
ဆုံရမှာပေါ့ အများကြီးလူလုပ်ရဦးမှာ
သူငယ်ချင်းကောင်းဆိုတာပြန်ဆုံဖို့ခက်ခဲပါ၏
တကယ်ပဲ online ပေါ်အနေများရင်ပိုဆိုးတယ်
ကလေးတွေရဲ့ ဖြတ်သန်းရတဲ့ဘဝက တကယ်ကိုအရေးပါတယ်နော် အစ်ကို အကယ်၍များ ဘာမဟုတ်တဲ့အမည်းစက်တစ်ခုလုပ်မိခဲ့ရင်တောင် အချင်းချင်းက အမြဲစနောက်ပြောနေကြတော့ သူတို့ခမျာ စိတ်ထိခိုက်သွားနိုင်တယ်လို့ ယူဆမိပါတယ်ဗျ
သူ့အမေက အတန်းပိုင်ဆရာမ သူခိုးတာ သိသွားခဲ့ရင် ဆရာမတွေကြား အရှက်ရစရာ သားသမီးကြောင့် မောင်ထွေးလဲ နာမည်ပျက်စနောက်ခံရမယ် ကျောင်းပြောင်းလို့ကမရ ဘဝ တစ်ဆစ်ချိုးပြောင်းသွားနိုင်တယ် နောက်တခုက မောင်ထွေး ကြောင့်ဆိုပီး မောင်ထွေးဘဝလဲ မလွယ်တော့ပဲ ဖိနိပ်ခံရနိုင်တယ်
လူတိုင်းဖတ်သင့်တဲ့စာလေးပါအကိုရေ
ကျေးဇူးပါ
အမှန်ပဲ အရမ်းကိုလိုချင်တယ်
ရရမှာပေါ့ မောင်ထွေးရှိပါတယ်
စိတ်ကောင်းရှိတဲ့ မောင်ထွေးလေး ..
မောင်ထွေးက အဲ့တုန်းက ဘာဖြစ်သွားလဲမသိဘူး သနားသွားတာ
တစ်ကယ့်real event လေးပေါ့နော် ကိုသက်
မည်သို့မန့်ရမည်မသိတော့ ရင်ထဲတွင်တော့ ments ပေါင်းများစွာ အစ်ကိုသက်...
ရင်ဘတ်ကြီးနဲ့ခံစားရတယ်
တစ်ယောက်လောက်လိုချင်မိ
အာ့ကြောင့်ကိုတွေကဘော်၁စော်၂
https://steemit.com/introduceyourself/@nawgyi/i-introduce-my-self-to-steemit-cd162d074705b Please UPVOTE | RESTEEM | FOLLOW a friend of yours @nawgyi
Font ကြောင့်လား