မင်္ဂလာပါ Steemit မှ မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဗျာ။
ကျွန်တော်တို့ ကျင်လည်ကျက်စားရာ လူ့လောကတွင် အတုယူလေးစားစရာကောင်းသော လူတော်လူကောင်းများရှိသလို ရှောင်ရှားသင့်သော လူဆိုးလူမိုက်များလည်း ဒုနဲ့ဒေးပါ။ကျွန်တော်အပါအ၀င်မိတ်ဆွေများအားလုံးလည်း လူတော်လူကောင်းများနဲ့သာ ပေါင်းသင်းဆက်ဆံ ပတ်သက်ချင်ကြပါလိမ့်မယ်။အဘယ်ကြောင့်ဆိုသော် လူတော်လူကောင်းများက မိမိတို့အတွက် ကောင်းခြင်းအကျိုးရလဒ်များကိုသာ လမ်းညွှန်ပြသလေ့ရှိပြီး ၊ လူဆိုးလူမိုက်များကတော့ မိမိတို့အပေါ်တွင် နည်းအမျိုးမျိုးဖြင့် ဆိုးကျိုးရလဒ်များကို ယူဆောင်ပေးတတ်ကြလို့ပါ။ကျွန်တော်တို့ ဆရာတင်လှိုင်ဦး(သရက်)သင်ကြားပြသခဲ့သည့်အတိုင်း ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို သွားရောက်ဖို့အတွက် မိမိတို့လေးစားအတုယူစရာ စံပြပုဂ္ဂိုလ်ထားရှိဖို့လိုအပ်ပါတယ်။စံပြပုဂ္ဂိုလ်ထားရှိဖို့အတွက် အရင်ဆုံးကိုယ်နဲ့ အနီးဆုံးပတ်ဝန်းကျင်တွင် ထိုသို့အတုယူစရာလူတော်လူကောင်း ရှိနေဖို့လိုအပ်မယ်ထင်ပါတယ်။သို့ပေမယ့်လည်း ကျွန်တော့စိတ်အထင် လူ့အလို နတ်မလိုက်နိုင်ဆိုသလို စံပြထားလောက်တဲ့ ပုဂ္ဂိုလ်တွေ့ဖို့ကအလွန်ခဲယဉ်းတဲ့အရာတစ်ခုလို့မြင်ပါတယ်။အဲလိုဆို ဘယ်လိုလူမျိုးကိုထားရမလဲ ၊ ဘယ်လိုလူကကော မိမိအတွက်စံပြပုဂ္ဂိုလ်ထားဖို့သင့်မလဲဆိုတာ စဉ်းစားရတော့မယ်။စံပြပုဂ္ဂိုလ်ထားဖို့ဆိုတာက မိမိစိတ်ထဲမှာ လုံးဝကြည်ညိုလေးစားနေမှ အဆင်ပြေလိမ့်မယ်။ကျွန်တော်ကတော့ ကျွန်တော်ရဲ့ စံပြပုဂ္ဂိုလ်ကို တွေ့ရှိရှာဖွေနိုင်ခဲ့ပါပြီ။ကျွန်တော်ဆရာသင်ကြားပေးကတည်းက လိုက်ရှာခဲ့တာဘယ်လိုမှ မတွေ့ရှိခဲ့ပါ။အောင်မြင်နေသော လူတွေများကို အားကျအတုယူမယ်ဆိုပြီး ကြည့်လိုက်ပြန်တော့ သူတို့က စီးပွားရေးလုပ်ငန်းများတွင် အောင်မြင်နေသော်လည်း သူတို့ရဲ့ လောဘများကြောင့် ပူလောင်ခဲ့ရတဲ့ နောက်ကွယ်က သနားစရာမိသားစုများ ၊ သူတို့လုပ်ငန်းများအတွက် ဘယ်သူတေတေ ငတေမာရင် ပြီးရောဆိုပြီးလုပ်တဲ့ လူများကိုဘဲတွေ့ရှိခဲ့ရပါတယ်။ကျွန်တော်လည်း ဘယ်လိုဘဲရှာရှာမတွေ့နိုင်တဲ့အဆုံးမှာတော့ လက်လျော့ချင်လာခဲ့တယ်ဗျ။ကံကောင်းချင်တော့ အတွေးတစ်ချက်လင်းလက်သွားခဲ့တယ်။တွေ့ပြီကျွန်တော်ရှာတွေ့ခဲ့ပြီ စံပြပုဂ္ဂိုလ်ကောင်းတစ်ဦးကို ၀မ်းသာလိုက်တယ်ဖြစ်ခြင်း။သူကကျွန်တော်လုံးဝ ယုံကြည်စွာ ပြတ်သားစွာလက်ခံနိုင်သော လူတော်လူကောင်းတစ်ဦးပါဘဲ။သူဘယ်သူလဲ ၊ ဘယ်လိုလူစားမျိုးလဲဆိုတာ နည်းနည်းပြောပြပါမယ်။သူကတော့ အသက် (၃၇)နှစ်အရွယ် အစ်ကိုကြီးတစ်ယောက်ပါဘဲ။သူ့ရဲ့လူနေမှုစရိုက်က လုံးဝလေးစားလောက်ပါတယ်။သူဟာဘယ်တော့မှ သူများကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ပါဘူး။သူရဲ့အောင်မြင်ခြင်းတွေကြောင့် မာနတွေတက်နေသူတစ်ယောက်လည်းမဟုတ်ပါ။သူရဲ့နာမည်ကတော့ ကိုမျိုးလင်းဖြစ်ပါတယ်။သူကတော့ ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားလာသူမို့ထင်ပါတယ်။မာန်တွေတက်ခြင်းလည်း လုံးဝမရှိပါ။လူများကို ကူညီနေရရင်ဘဲ ပြုံးနေတတ်သူတစ်ယောက်မို့ ကျွန်တော်လေးစားမိတာတော့အမှန်ပါဘဲ။သူကတော်တော်ကိုအေးတာဗျ။သူအေးတယ်ဆိုတာထက် သူရဲ့ ငြိမ်းချမ်းတဲ့အသိတရားတွေကြောင့် အဲလိုဖြစ်နေတာထင်ပါတယ်။သူကတော့ ကျေးဇူးရှင်မိဘနှစ်ပါး ၊ သူ့ယောက္မတွေနဲ့ သူ့ဇနီးရယ် ၊ (၅)နှစ်သားအရွယ် သားတစ်ယောက်နဲ့ ၊ (၂)နှစ်အရွယ် သမီးကလေးတစ်ယောက်တို့နဲ့အတူ သူပိုင်ဆိုင်ထားသော ခြံဝန်းကျယ်ထဲမှာ ကိုယ်ပိုင်အိမ်ကလေးဖြင့် အေးချမ်းစွာ နေထိုင်သူတစ်ဦးဖြစ်ပါတယ်။
သူရဲ့ ခြံဝင်းထဲမှာ သစ်ပင်ပန်းမံတွေနဲ့ စိမ်းလန်းစိုပြေလို့ တော်တော်ကို နေချင်စရာကောင်းလောက်အောင် ဖန်တီးပြုစုထားတယ်ဗျ။အစ်ကိုရဲ့ သူများအပေါ်ထားရှိတဲ့ ကိုယ်ချင်းစာတရားဟာ ကျွန်တော်တစ်ခါမှ အခြားလူတွေဆီမှာ မတွေ့ဖူးခဲ့ပါဘူးဗျ။အစ်ကိုက မနက်ဖက်ဆို အစောကြီးထပြီး ဘုရားရှိခိုး ၊ ဆွမ်းတော်ကပ် ၊ ဝေနေယျသတ္တ၀ါအပေါင်းတို့အား မေတ္တာပို့ အမျှဝေခြင်းများကို နေ့စဉ်မပျက်မကွက်ဘဲ ဆောင်ရွက်ပါတယ်။သူတို့တစ်အိမ်သားလုံးကလည်း အစ်ကိုရဲ့နည်းစနစ်ကောင်းတွေကြောင့်ထင်ပါတယ် ဘာသာတရားကိုင်းရှိုင်းကြတာလွန်ပါရော။အစ်ကိုက ဘုရားရှိခိုး ၊ တရားထိုင်ခြင်းများကို တော်တော်အချိန်ပေးပြီး လုပ်ကိုင်တာပါဗျ။တရားထိုင်ပြီး နံနက်စောစော ခြံထဲတွင်သူ၏ စိုက်ပျိုးရေးလုပ်ငန်းများကို လှည့်ပတ်ပြီး ၊ စစ်ဆေးနေတတ်ပါတယ်။လမ်းလျှောက်ပြီး တစ်ခင်းဝင် ၊ တစ်ခင်းထွက်ဖြင့် စစ်ဆေးရတာက သူ့ကိုအတော်ငြိမ်းချမ်းစေပြီး ကျန်းမာရေးကိုလည်း အထောက်အကူပြုတယ်ဆိုပြီး လက်ခံထားတာဗျ။
အစ်ကိုက အလုပ်လုပ်ရာတွင်လည်း တော်တော်စည်းကမ်းတကျလုပ်ပါတယ်။သူ့ခြံထဲမှ အလုပ်သမားများကိုလည်း မိသားစုဆွေမျိုးမောင်နှတွေလို ကူညီစောင့်ရှောက်ပေးပါတယ်။သူ့အလုပ်သမားများနဲ့ အလုပ်လုပ်နေတဲ့အချိန်တွေမှာလည်း ရယ်ရယ်မြူးမြူးပျော်ပျော်ရွှင်ရွှင်ပါဘဲ။အလုပ်သမားများကို ဆူပူအော်ငေါက်ခြင်းတွေကိုတော့ တစ်ခါမှမတွေ့မြင်ခဲ့ဖူးပါဘူး။အလုပ်သမားများကလည်း ချစ်လိုက်ကြတာမှ အစ်ကို့ကို ချစ်ကြောက်ရိုသေဆိုတာမျိုးပေါ့။သူတို့မိသားစုကတော့ တော်တော်အေးချမ်းတည်ငြိမ်တဲ့ မိသားစုဖြစ်လို့ မြင်ရသူများအဖို့ မလေးစားဘဲ မနေနိုင်လောက်အောင်ဖြစ်ကြရပါတယ်။ရပ်ထဲရွာထဲ ကိစ္စတွေမှာလည်း အစ်ကိုက ထိပ်ဆုံးကနေပြီး ကိုယ်ကျိုးလုံးဝမကြည့်ဘဲ အများအကျိုးအတွက် နှလုံးလှစွာပေးဆပ်ရင်းဘ၀ကိုဖြတ်သန်းနေသူတစ်ယောက်ပါ။
အစ်ကို့ရဲ့စေတနာအကျိုးတွေကြောင့်ထင်တယ်ဗျ အစ်ကို့ခြံထဲက စိုက်ပျိုးရေးကလည်း အောင်မြင်သလားမမေးနဲ့။အစ်ကို့ခြံထဲကထွက်တဲ့ သီးနှံတွေဆို အိမ်နားက ကလေးတွေအတွက် ဘယ်လိုသီးနှံကိုမဆို အစ်ကိုကပေးကမ်းပြီးသားဗျ။ကလေးတွေကိုလည်း ကိုယ်စားနိုင်သလောက်ဘဲ စားဖို့နဲ့ မလိုအပ်ဘဲ အပိုအလျှံမဖြစ်ဖို့ကို အမြဲဆုံးမပေးလေ့ရှိတယ်ဗျ။
ကလေးတွေကလည်း သူ့ခြံထဲကိုရောက်ပြီဆို တော်ရုံနဲ့ကို ပြန်မထွက်ချင်ကြတော့ဘူး။ဘယ်ထွက်ချင်ကြမလဲဗျာ သူ့တို့ကို အမြဲဂရုတစိုက်ရှိလှတဲ့ အစ်ကို့ရဲ့မေတ္တာတရားက သူတို့အတွက် အေးချမ်းတယ်လေ။
ခြံထဲက ထွက်သမျှလာရောက်ဝယ်ယူကြသော လက်လီလက်ကားဈေးရောင်းသည်များကိုလည်း အမြဲပြုံးရွှင်စွာ ဆက်ဆံတတ်သူဖြစ်ပါတယ်။သူနဲ့စကားများရန်ဖြစ်တဲ့ ဈေးသည်တွေဆိုတာ တစ်ခါမှ မကြားမိပါဘူးဗျာ။အစ်ကိုက သူတို့အတွက်လည်း အမြဲကိုယ်ချင်းစာကာ မျှတစွာပေါင်းသင်းဆက်ဆံပြောဆိုလို့ပါဗျ။အစ်ကိုက အားလပ်ချိန်များတွင်လည်း စာအုပ်စာပေများဖတ်ရှုကာ အနားယူလေ့ရှိပါတယ်။အစ်ကိုက စကားပြောရင်လည်း အေးအေးဆေးဆေးပြောတတ်ပြီး အပြုံးတွေကိုလည်းအမြဲတမ်းပေးကမ်းလေ့ရှိပါတယ်ဗျ။သူ့နဲ့တွေ့သူများအဖို့ စိတ်မချမ်းသာစရာ အကြောင်းမှ မရှိတော့တာပါ။အစ်ကိုလက်ကိုင်ထားတဲ့ ဆောင်ပုဒ်ကတော့ ကိုယ်ချင်းစာတရားဆိုတဲ့ ဆောင်ပုဒ်ပါဘဲ။အစ်ကိုက ပြောဖူးပါတယ် ညီလေးသူတစ်ပါးနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ ၊ သူတစ်ပါးကို တစ်ခုခုပြောတော့မယ်ဆိုရင် ကိုယ်သာသူ့နေရာမှာဆိုရင် ဆိုတဲ့အတွေးမျိုးကို တွေးဖို့ဘယ်တော့မှ မမေ့ပါနဲ့လို့ပြောဖူးပါတယ်ဗျ။အစ်ကိုရဲ့ ကြိုးစားအားထုတ်မှုက ကျွန်တော်လုံးဝအတုယူလေးစားရပါတယ်ဗျာ။အစ်ကိုလိုလူရည်မွန်ဆီမှာ နောက်ထပ်မတွေ့ဘူးတာတွေလည်း ရှိသေးတယ်ဗျ။အစ်ကိုက ကွမ်း ၊ ဆေးလိပ် ၊ အရက်စသည့် မူးယစ်ထုံထိုင်းစေတဲ့အရာများကို ပြုလုပ်တာမျိုးမတွေ့ခဲ့ပါ။ကျွန်တော်မေးကြည့်ဘူးတယ်ဗျ။အစ်ကိုတစ်ခါမှ မလုပ်ခဲ့ဘူးတာလားလို့။အစ်ကိုကပြောပါတယ် အစ်ကိုစမ်းကြည့်စရာမှမလိုတာ ညီလေးရာ ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတာဘဲ ၊ မူးရူးပြီးအဓိပ္ပာယ်မရှိတာတွေကိုလုပ်နေကြတာတို့ ၊ ကျန်းမာရေးကိုထိခိုက်ခံပြီး သောက်နေကြတဲ့ ဆေးလိပ်တွေ ၊ ပတ်ဝန်းကျင်သန့်ရှင်းမှုကိုပါ ဆိုးရွားစွာထိခိုက်စေတဲ့ ကွမ်းယာစားခြင်းတွေ အကျိုးမရှိတာတွေကို မလုပ်မိအောင်ဆင်ခြင်ရတာပေါ့။အကယ်လို့ လုပ်မိခဲ့ရင်တောင်မှ တစ်ပါးသူကိုမထိခိုက်ဖို့ သတိထားရှောင်ရှားသင့်တယ် ညီလေး။မကောင်းတာကို မကောင်းမှန်းသိအောင်ပြုလုပ်နိုင်မှ လူပီသမှာပေါ့လို့လည်း ဆုံးမဖူးတယ်ဗျ။အစ်ကို့ရဲ့ ကိုယ့်ကျင့်တရားကြောင့်ဘဲ အစ်ကိုဟာ သူရဲ့ဝန်ထမ်းဘ၀ကို စွန့်လွှတ်ပြီး စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်းပြုစုပြီး ဘ၀ကိုအေးဆေးစွာဖြတ်သန်းနေခဲ့သူပါ။အခုဆိုရင် အစ်ကို့ရည်မှန်းချက်တွေကို တစ်စိုက်မတ်မတ်ကြိုးစားအားထုတ်ခဲ့သောကြောင့် အောင်မြင်သော စိုက်ပျိုးရေးလုပ်ငန်းရှင်တစ်ဦးဖြစ်လို့နေခဲ့ပါပြီဗျ။အစ်ကို့လိုလူမျိုးများ လူ့လောကတွင် အများကြီးရှိနေမှ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာသာယာအေးချမ်းနိုင်မယ်လို့ထင်တယ်ဗျ။ထို့ကြောင့်ကျွန်တော်လည်း အစ်ကို့လိုမျိုးလိုချင်သော ရည်မှန်းချက် ဘ၀ပန်းတိုင်ကိုလျှောက်လမ်းနိုင်ဖို့အတွက် အစ်ကိုသည် ကျွန်တော့ရဲ့ စံပြပုဂ္ဂိုလ်အဖြစ်ထားထိုက်သည်ဟု ခံယူလျှက် နိဂုံးချုပ်လိုက်ပါတော့တယ်ဗျာ။
Photos:Images #Credit Google
Writter @theinzawlin
MSC No.128
Good writing & post
thanks sister
အကို့အရေးအသားလေးကြိုက်တယ်အကို
ကျနော်ကအသစ်မလို့ ကျနော့်ကိုလဲလမ်းပြပေးပါဦးဗျ
အခုလို အားပေးတဲ့အတွက် ကျေးဇူးပါဗျ
အားပေးပါတယ်ဗျာ
thanks bro
Nice post လေးပါဗျာ
ကျေးဇူးပါဗျ ကိုလွမ်း
အကို့ရဲ့ ဆောင်ပုဒ်ကလေးကို လက်ခံတယ်ဗျာ။
ကျေးဇူးပါဗျ
မျက်လုံးထဲတောင်မြင်ယောင်မိတယ်
thanks
ကောင်းပါ့ဗျာ idea တူတယ်
ဟုတ်ကဲ့ပါ အစ်ကို
Yes ဘဝမာ စံပြပုဂ္ဂိုလ် ကိုယ်အားကျရသူ ရှိစမြဲ😍😍
ဟုတ်ကဲ့ပါ မမ
အရမ်းကောင်းတဲ့အရေးအသားပါခင်ဗျာ
ကျေးဇူးအများကြီးတင်ပါတယ်ဗျ
စိတ်နှလုံးအေးချမ်းသူနဲ့ နေရရင် ကိုယ် လည်းအေးချမ်းလာတယ်။
တကယ်အေးချမ်းလာပါတယ်ဗျာ
ဖတ်လို့ကောင်းတယ်ဗျာ
ကျေးဇူးပါဗျ
ဖတ်ခဲ့ပါတယ် အားပေးနေဆဲပါ
ကျေးဇူးပါ sister
goodတယ်ဗျာ။နောက်လည်းများများရေးပေးပါ
ဟုတ်ကဲ့ပါဗျ အခုလိုအားပေးတဲ့အတွက် ကျေးဇူးပါဗျ
ကောင်းတယ်ဗျာ
အားပေးတဲ့အတွက် ကျေးဇူးအထူးပါဗျ
good writing
thanks ko nann
ဖတ်ရတာ
ရင်ထဲ ထိတယ် bro
ကျေးဇူးပါဗျ
v100%$0.06 v n c done.
thanks sir
$0.06
thanks sir
good
thanks bro
ကိုယ်တိုင်လည်းကြိုးစားရင် သူလိုလူမျိုးဖြစ်နိုင်တာပဲလေ
ကြိုးစားပါမယ်ဗျ ကိုစိုး
Congratulations! This post has been upvoted from the communal account, @minnowsupport, by theinzawlin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.