ပေါင်းစပ်ခြင်း

in #myanmar7 years ago

အရာဝတ္ထုနှစ်ခုကို တူညီမှ ပေါင်းစပ်ကြသလို
တချို့စမ်းသစ်တီထွင်လိုသောသူတို့ က အရာဝတ္ထုနှစ်ခုကို မတူညီဘဲပေါင်းစပ် ခဲ့ကြသည် ။ အကောင်းတွေဖြစ်လာသလို အဆိုးတွေလဲဖြစ်ကြသည် ။

အစားအစာနှစ်ခုကို ပေါင်းစပ်စားကြည့်ဘူးကြသည် ။
တချို့က အရသာကောင်းမွန်စွာ စား၍ရကြသည် ။
တချို့မှာတော့ အခန့် မသင့်ကာ အစာအဆိပ်သင့်၍ သေဆုံးတတ်၏ ။

အိမ်မှာအမြဲပြောလေ့ရှိပါတယ် ။ စနေနေ့ရောက်လို့  ဘာချက်စားကြမလဲမေးတိုင်း ကြိုက်တာချက်ပါလို့  ဖြေကြပြီး ချက်လဲချက်ရော ဒီဟင်းလား ? ဘာအသီးအရွက်မှလဲရောမချက်ဖူး အသားဟင်းချည်းစားရတာ အီတယ် ဘာညာပေါ့ ။

နောက်တခါ အဲ့လိုပြောကြလွန်းလို့  ရောနှောချက်တာပေါ့ ။ အိမ်ကလူတွေက ဘာဟင်းချက်လဲဝေ့ဆို ကြက်သားနဲ့ ဘူးသီးသပြွမ်း သရက်ချဉ်သုပ် ငရုပ်သီးထောင်းလို့  ဖြေလိုက်ပါတယ် ။ ဒါလဲ မဟုတ်ပြန်ဘူး ။

ဘူးသီးနဲ့ရောမယ့်အစား ဖရုံသီးလေးနဲ့ရောပါလားသမီးကြီးရယ် ။ ဖရုံသီးက ကျောက်ကြေတယ်တဲ့ ။ အချဉ်ကလဲ နှမ်းဖတ်ချဉ်လေးဆို ဆိမ့်နေမှာ နံနံပင်လေးထည့်သုပ်တော့ မွှေးနေမှာတဲ့ ။

သူတို့ အကြံပေးတာအားလုံးဟာ တွဲရောစားလို့ ကောင်းနေတဲ့ အစားအစာအမှန်ပါဘဲ ။ ဆိုလိုတာက အမျိုးမျိုးပြောင်းပြီး ပေါင်းစပ်ချက်ပြုပ်လည်း စားလို့ အရသာရှိတဲ့ဟင်း ဖြစ်လာတာကိုပါ ။ ဒါကတော့ ဟင်းကိုအမျိုးမတူဘဲ ပြောင်းလို့ ရောလဲ စားကောင်းနေတာပေါ့ ။

ကြက်ဟင်းခါးသီးကို အမျိုးတဲ့ဘာနဲ့ရောချက်မလဲ ?
ဘာနဲ့မှရောချက်လို့ အမျိုးမျိုးရောချက်လို့  အဆင်မပြေတော့ပါဘူး ။
ငပိ ပုဇွန်ခြောက်နဲ့ကလွဲ တခြားဟာနဲ့ရောချက်ကြည့်ပါ ။ စားလို့ မကောင်းသလို ရောတဲ့အရာတွေကိုပါ အခါးတွေကူးကုန်ပြီး စားမကောင်းဖြစ်သွားပါတယ် ။

ထိုထက်ပိုဆိုးသည်က နွားနို့ သောက်ပြီး သံပုရာသီးညှစ်ထားတဲ့အစားအစာကို စားမိတာမျိုးကျ စားမိတဲ့လူကိုပါ တခါထဲ ဆိုးရွားတဲ့ကျန်းမာရေးကိုဖြစ်စေပြီး အဆိပ်သင့်ကာ သေတတ်တာတွေရှိလာပါတယ် ။ ကြက်ဟင်းခါးကို တခြားဟာနဲ့ရောစားမိတာက ခါးရုံအရသာကိုသာပေးပြီး လူကို အဆိပ်သင့်သည်အထိ ဒုက္ခမပေးပါဘူး ။

ဒါကြောင့် အမျိုးမတူတာတွေကို ပေါင်းစပ်ကြည့်ရာမှာ အဆင်ပြေတာကနဲပြီး အဆင်မပြေတာက များတာကို တွေ့ရပါတယ် ။

လူတို့ သည်လည်း ဒီလိုပါဘဲ ။ အကျင့်စရိုက် ပတ်ဝန်းကျင်ကွာခြားလွန်းအားကြီးနေရင် ပေါင်းစပ်လက်တွဲဘို့  ခက်ခဲမှာပါ ။ အဆင်ပြေသွားကြတဲ့ပေါင်းစပ်ခြင်းမျိုးလည်းရှိမယ် ။ ခနအဆင်ပြေပြီး နောက်ကျ အဆင်မပြေတော့တာတွေလည်းရှိမယ် ။ ထို့ ထက်ပိုဆိုးသည်က လုံးဝပေါင်းစပ်လို့ မရခြင်းတွေရှိတတ်ပါတယ် ။

အစားအစားကို ပေါင်းစပ်ချက်မိလို့  စားမကောင်းတာက စွန့် ပစ်လိုက်လို့ ရပါတယ် ။ လူချင်း ပေါင်းစပ်မရတာကို ဇွတ်အတင်းပေါင်းစပ်ခဲ့ပြီး ဘယ်လိုမှမဖြစ်တာလဲသိရော ဟင်းတခွက်ချက်ပြီး လွှင့်ပစ်မရတာကြောင့် အခက်တွေ့နိုင်ပါတယ် ။

အမျိုးမတူတဲ့ ဘယ်အရာကိုဘဲပေါင်း ပေါင်း စဉ်းစားချင့်ချိန်ပေါင်းစပ်နိုင်ဘို့  အရေးကြီးပါတယ်လို့  ပြောပါရစေ ။ သီးစုံရောချက်လို့  စားလို့ ကောင်းတဲ့ သီးစုံချဉ်ဟင်းရည်လို ကောင်းတဲ့ဟာလည်း ရှိတာပေါ့နော် ။

image

photo credit # facebook

@thetlyar

MSC 027

Sort:  

တစ်ယောက်နဲ့ပေါင်းသင်းဆက်ဆံဖို့က ဝါသနာတူလေ ပိုကောင်းလေပေါ့နော် အစ်မ

ဟုတ်ကဲ့

ပြိုင်တူတွန်းလျင်ရွေ့နိုင်သည်ဆိုတဲ့ စကားပုံလေးလိုပေါ့နော် အမ

ဟုတ်

ဟုပါတယ် သက်ရေ မတူတာတွေ ပေါင်းစက်လို့က အောင်မြင်ဖို့က အလွန်နည်းပါတယ် မမ လက်ခံပါတယ်😁

မမလက်ခံရင် ရေးရတာ ကျေနပ်တာပေါ့

ချစ်ယူ သက်ရေ😁

ဒါကြောင့်လည်း လူအကြောင်းပေါင်းကြည့်မှသိ ဆိုတဲ့စကားပုံပေါ်လာတာပေါ့လေ။

ဟုတ်ပါတယ်

မှန်​ပါတယ်​ဗျာ

ဟုတ်

Right
Good....Good

မတူညီတာကို​ပေါင်းစပ်​နိုင်​ရင်​ပိုမိုစွမ်းအားရှိတဲ့ခွန်းအာတခုကိုဖြစ်​​စေတယ်​တဲ့ ပညာရှင်​​တွေ​ပြောတာ​နော်​ မ​ပေါင်းစပ်​တပ်​ရင်​​တော့
သေပြီဆရာပဲ

ဒါပေါ့

မှန်​ပါတယ်

ဟုတ်ကဲ့

ပေါင်းစပ်ပြီးရလာတဲ့ ရလဒ်က မူရင်းထက်ပိုလှတတ်ပါတယ်ဗျာ

သီးစုံချဉ်ရည်ဟင်းတခွက်လို့ ပေါ့

အင်းပြောမယ်သာပြောရတာ ကိုယ့်စိတ်ကိုတောင် တစ်ခါတရံ အလိုမကျတာတွေဖြစ်တတ်သေးတော့ လွယ်တော့မလွယ်လှဘူးပေါ့ကွယ်

ဟာတ်ကဲ့

အသီးအရွက်နဲ့ အသား ပေါင်းစပ်စားတာ ကြိုက်တယ် .. ကြက်သား ဘူးသီး .. ကြက်သား အာလူး .. ကြက်သားကုလားပဲ .. ကြက်ရိုး ဂွေးတောက်ရွက် .. ကြက်ကျောက်ဖရုံသီး .. ဝက်နံရိုးမုန်ညင်း .. ဝက်နံရိုး ပိန္နဲကွင်း .. ဝက်နံရိုး ဟင်းရွက်စုံ ..
လူကျတော့ စိတ်တူ ကိုယ်တူ ဆို အလွန်ကောင်းပေါ့ .. နှစ်ယောက် .. သုံးယောက် ပေါင်းရင် .. အပြန်အလှန် အကြံပြုနိုင် .. မှားရင်သတိပေး ထိန်းပေးနိုင်တာပေါ့

ဟုတ်

လူသားနှစ်ဦးပေါင်းစပ်ဖို့ တောင် မလွယ်တာ
ကျန်တာထားတော့

ဟီး

ခ်ခ်

မတူညီ​သောအရာများကို သီးစုံချဉ်​ရည်​ ဟင်းကဲ့သို့ ​ပေါင်းဆပ်​နိုင်​ကြပါ​စေ။

ခ်ခ်

ဝါသနာတူ အမျိုးတူ ပေါင်းစပ်တာ အကောင်းဆုံးပါနော်မသက်

ဟုတ် အကို

အဓိပ္ပာယ် ရှိတဲ့စာလေး ဖတ်ရလို့ ကျေးဇူးပါ

thank you

အဝါနဲ့အနီပေါင်းစပ်ရင်တောင် လိမ္မော်ရောင်ဖြစ်နိုင်သေးတာဘဲလေ

ဟုတ်ကဲ့ လူချင်းကျ ကပြားတွေဖြစ်ကုန်ရောလေ ခ်ခ်

တူရာတူရာ ‌ပေါင်းကြတာများပါတယ်‌။ချို‌ထောင်‌ ရှိရာ ချို‌ကောက်‌ မလာသလို‌ပေါ့။

Congratulations @thetlyar! You have completed some achievement on Steemit and have been rewarded with new badge(s) :

You got your First payout
Award for the total payout received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Do not miss the last announcement from @steemitboard!