ဖတ်မိခဲ့သောသတင်းများထဲတွင် ရင်ကိုရိုက်ခတ်စေခဲ့သော ပုံရိပ်များတချို့ကို မြင်တွေ့ခဲ့ရပါတယ် ။ အကြောင်းအရာ ဘာဆိုတာ မဖတ်မိခင် ပုံတွေကိုမြင်လိုက်ကတည်းက ခံစားမှုကိုပေးစွမ်းနိုင်ခဲ့တာပါ ။
သတင်းထဲက အကြောင်းအရာက အတိုပြန်ပြောပြရရင် သားအဖနှစ်ယောက်ဟာ ဈေးရောင်းထွက်ကြပါတယ် ။ ဖခင်ဈေးရောင်းတဲ့နောက်ကို အကြောင်းအမျိုးမျိုးတွေကြောင့် သားသမီးဖြစ်တဲ့ကလေးငယ်က လိုက်ရတာမျိုးဖြစ်နိုင်သလို ကလေးငယ်လိုက်ချင်လို့  ခေါ်ရတာမျိုးလဲ ဖြစ်နိုင်မှာပါ ။
ရာသီဥတုရဲ့အပူဒဏ်ကိုခံရင်း တခြားသူတွေလို အိမ်ထဲမှာမနေနိုင်တဲ့အခြေအနေမို့  ဈေးရောင်းထွက်ရတာပေါ့ ။ ဈေးသည်အမျိုးသားဟာ ကလေးကိုချီရတာတမျိုး အပူဒဏ်ကိုခံရတာတမျိုးနဲ့ ဈေးလှည့်ရောင်းရင်း ပင်ပန်းရာက ရုတ်တရက်ရောဂါဝင်လာပြီး မူးမေ့လဲကျသွားမလိုဖြစ်ခဲ့ပါတယ် ။
သူမူးမေ့လဲကျဘို့ အတွက် သူသတိထားပြီး သူလဲကျလိုက်ရင် သူ့ ကလေးငယ် ထိခိုက်နာကျင်မှာကို သူသိတော့ သူဟာပွေ့ချီရင်း နီးစပ်ရာအမှီရှိရာ သံတိုင်မှာ မှီရင်း တဖြည်းဖြည်းလဲကျဘို့  ဆုံးဖြတ်လိုက်ဟန်ရှိပါတယ် ။
အဲ့လိုနဲ့ သူသံတိုင်ကိုမှီရက်နဲ့ ကလေးငယ်ကိုပွေ့ချီရင်း မှီနေလိုက်တာ အချိန်အတန်ကြာမှ တခြားသူတွေသတိထားမိလိုက်တော့ သူဟာ မူးမေ့ပြီး ကလေးပွေ့ချီလျှက် လဲနေတာကို သိလိုက်ရပါတော့တယ် ။
ဘယ်လောက်လေးစားစရာကောင်းတဲ့ဖခင်ဆိုတာ ပြောပြဘို့ မလိုလောက်ပါဘဲ ။ ဖခင်တိုင်းဟာ သားသမီးတိုင်းအပေါ်မှာ မေတ္တာထားပြီး ချစ်တတ် အနစ်နာခံတတ်ပြီး ရှာဖွေကျွေးမွေးရတာကို သားသမီးဖြစ်တဲ့ကျမတို့ တတွေဟာ နားလည်သိတတ်ကြပြီးသားပါ ။
ခုလိုအဖြစ်အပျက်ကို မြင်တွေ့ဖတ်ရှု့လိုက်ရတော့ ဖခင်တယောက်ရဲ့ သားသမီးအပေါ်မှာထားတဲ့ ဈေးသည်ကြီးရဲ့ မေတ္တာကို ပိုပြီးခံစားမိတယ် ။
သူ့ ရောဂါခံစားနေရချိန်မှာတောင် သတိထားပြီး သားသမီးနာကျင်မှာကိုတွေးပေးရှာတဲ့ဖခင် ဈေးသည်ကြီးပါ ။ ဘေးကလူတွေက ဝိုင်းပြီး မေးကြကူကြ ဆေးကုပေးကြလို့  သတိပြန်ရခဲ့တာပါ ။
ခုအဖြစ်အပျက်ကို အိမ်ကမောင်လေးနဲ့ညီမလေးကိုလဲ ပြောပြပြီး ကျမတို့ မိခင်နဲ့ဖခင်ကို ပိုပြီးလေးစားတန်ဘိုးထားကြဘို့  ပြောရမယ် ။ ကျေးဇူးသိတတ်ပြီး တတ်နိုင်သလောက် ကျေးဇူးပြန်ဆပ်ဖို့ ကိုလည်း ကြိုးစားကြမယ်လို့  ဆုံးဖြတ်လိုက်ပါတယ် ။
all photos crd # facebook news
MSC 027
အေးပါ ကလယ်မရယ်
အမ်
ညယ်မ မှန်တယ် တော်လာပီ
ငမ့်
သာဓုပါကွယ် သာဓု သာဓု
မွှချိ love you Mom !
အပေါ်ကမန့် ထားတာ တစိမ်းတွေချည်းမို့  အားနာလို့ မန့် မနေဘဲ စာဖတ်သွားပြီ
ခ်ခ်
ကျေးဇူးကြီးလှ မိနှင့်ဖ မဟုတ်ပါလား ညီမရေ..😊
ဟုတ်တာပေါ့မမချစ်ချစ်ရေ ဟီး အစားဖြေခဲ့တယ်နော်
အေးပါတော် ချစ်ညလေး ဖြေလဲ ရပါတေတော်😁
ကျေးဇူးပါမမkyiရေ
ဖတ်ပြီးစိတ်မကောင်းဖြစ်ရတယ်...အရင်ကထက်ပိုချစ်တော့မယ်လေ😁
ဟုတ်ကဲ့
မိဘမေတ္တာဟာ ကိုယ်တိုင် ကြုံရင် ပိုသိပါတယ်။
ကိုယ်တိုင်မကြုံသေးဘူး ဒါပေမယ့် သိနေပါပီ
မိဘမေတ္တာက ကြီးမားလှပါပေတယ် အစ်မရယ်
ဆပ်လို့ လဲမကုန်ပါဘူးရှင်
ပုံလေးတွေကြည့်ပြီး ရင်ကိုထိမိစေပါတယ်ဗျာ
ဟုတ်တယ်ရှင့် ဖခင်တယောက်ရဲ့မေတ္တာကို မြင်ရပါတယ်
ဒီအကြောင်းအရာလေးကိုသိရတော့ စိတ်မကောင်းဘူးဗျာ😔😔
ထပ်တူခံစားရပါတယ်
အတူနေဆိုရင်မိဘကို ကိုယ်ဖိရင်ဖိပြုစုပါ လုပ်ကြွေးပါ
အဲလိုသားသမီးတွေ နောင်ပွင့်ဘုရားကို ဖူးတွေခွင့်ရပြီး
ကျွတ်တန်းဝင်မှာပါ။
ဟုတ်ကဲ့ရှင့် မိဘကို လုပ်ကျွေးပြုစုပါ့မယ်
ရင်ကို ထိရှစေသော ပုံလေးတွေပါ
ဟုတ်ပါတယ်မမ
ဟုတ်ပါတယ်မမ မိဘမေတ္တာဟာဘာမှ တုနှိုင်းစရာမရှိပါဘူးဗျာ
မိဘမေတ္တာဟာကြီးမားလွန်းလို့ဆပ်လို့မကုန်နိုင်ပါဘူးဗျာ