ကျွန်တော်သည် ၂၀၀၀ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအား ချောမောစွာအောင်မြင်ခဲ့ပေသည်။ ကျွန်တော်သည် မတော်လွန်း မညံ့လွန်းသူတစ်ယောက်ဖြစ်သောကြောင့် ကွန်ပျူတာကောလိပ်သို့ဝင်ခွင့်ရှိခဲ့လေ၏။ ယခုတွင်မူကွန်ပျူတာတက္ကသိုလ်ဟုပြောင်းခဲ့၏။ ကျွန်တော်တက်ခဲ့သောကွန်ပျူတာကောလိပ်သည် ယခုကျွန်ုပ်၏ SL တစ်ယောက်ဖြစ်သော ကြည် (@kyi) တက်ရောက်ခဲ့သော နည်းပညာတက္ကသိုလ်(မုံရွာ)၏ အရှေ့ဘက်နားတွင်ရှိသော အဆောင် ၅ ဆောင် ၆ ဆောင်မျှသာရှိသေးသော မုံရွာကွန်ပျူတာကောလိပ်ဖြစ်ခဲ့လေ၏။ (ထို့ကြောင့်ပါတ်ဝန်ကျင်အနေအထားများကို အထွေအထူးမဖော်ပြတော့ပါ)
ကျွန်တော်တို့တက်ရောက်သောအချိန်က ကျောင်းသားကျောင်းသူ နည်းပါးခြင်း ဆရာဆရာမနည်းပါခြင်းတို့ကြောင့် ကျောင်းဆောင် ၆ ဆောင်ရှိသော ကောလိပ်မှာ လူမရှိသောစာသင်ခန်းအလွတ်များပင်ရှိပေသေးသည်။ ကျောင်းအုပ်ကြီးမှာ အပျိုကြီးဖြစ်၍ ရုပ်ရည်အင်မတန်ချောမောလှ၏။ ဆရာဟူ၍ လက်တစ်ဖက်ပင်ပြည့်အောင်မရှိဘဲ ဆရာမများသာများလေသည်။ ကျောင်းတွင် ကား ဟူ၍ ဆရာမကြီးစီးသော အစိုးရမှထုတ်ထားသည့် ဂျစ်တစ်စီးသာရှိ၏။ စာသင်ဆောင် ၅ ဆောင်နှင့် ဆရာဆရာမအဆောင်တစ်ဆောင်က ခပ်လှမ်းလှမ်းတွင်ရှိလေသည်။
ကန်တင်းခေါ်သော လက်ဖက်ရည်ဆိုင်လေးများမှာ သုံးဆိုင်သာရှိ၍ လက်ဖက်ရည်ရသောဆိုင်မှာတစ်ဆိုင်သာရှိသည်။ ကျန်ဆိုင်လေးများသည် ကော်ဖီမစ်ထုတ်လေးများ သာချိတ်ထားတတ်ပြီး အကြော်နှင့် ထမင်းသုတ် မုန့်ဟင်းခါးမျှသာရသည့်ဆိုင်ပေါက်စလေးများဖြစ်သည်။ မုံရွာမှ ဖယ်ရီကားများထွက်ပြီး အသွား ၅၀ ကျပ် အပြန် ၅၀ သာပေးရသည်။ ဖယ်ရီကားများသည် ဗောဓိတစ်ထောင် မိုးညှင်းသမ္ဗုဗ္ဒေများမှ ဈေးကားများဖြစ်ပြီး ဒိုင်နာကားလေးများဖြစ်ကြသည်။
ထိုဖယ်ရီကားလေးများသည် မနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင်မုံရွာမြို့ ကျောက်ကာလမ်းထိပ်မှ စတင်ထွင်ခွာပြီး ကျောင်းသို့၈ နာရီခွဲခန့်တွင်ရောက်လေ့ရှိသည်။ ကျွန်တော်တို့အဖွဲ့သည် ကျောင်းသို့ရောက်လျှင် ကျောင်းဆောင်ထဲထိ ဖယ်ရီကားဖြင့်မလိုက်ဘဲ အပြင် လက်ဖက်ရည်ဆိုင်လေးတွင် ဆင်းနေခဲ့လေ့ရှိသည်။ လက်ဖက်ရည်လေး ဆေးလိပ်လေး ဖြင့် နှပ်ပြီးမှ စာသင်ခန်းသို့ အမြန်ပြေးလေ့ရှိကြသည်။ ကျွန်တော်တို့အခန်းရောက်ချိန်တွင် ဆရာမစာသင်ကောင်းနေချိန်ဖြစ်သည်။ ကျွန်တော်တို့အဖွဲ့ဝင်လာသည်ကို ဆရာမက မျက်စောင်းတစ်ချက်ဖြင့်ကြိုဆိုပြီး သင်လက်စသင်ခန်းစာကိုဆက်သင်နေလေ့ရှိသည်။ တစ်ခါတရံ ကိုယ့်မေ့တတ်ချိန်မှလာရောက်၍ နောက်ကနေ ဗိုက်ခေါက်အား တစ်ယောက်ချင်းလိုက်ဆွဲတတ်သေး၏။ ကျွန်တော်တို့မှာအသံမထွက်ရဲပေ ခပ်တည်တည်ဖြင့်သာ အသာကျိတ်ပွတ်နေခဲ့ကြသည်ကို သတိယမိသည်။
ဆရာမ မလာသောစာသင်ချိန်များတွင် အင်မတန်ပျင်းရိဖွယ်ကောင်းသည် အပြင်ကန်တင်းသို့သွားရန်ကလည်းဝေး အခန်းထဲတွင် စာလည်းမကျက်ချင် အင်မတန်းပျင်းရိဖွယ်ဖြစ်လေသည်။ကျောင်းတွင်ရှိသော ပရယ်တီကယ်ခန်းခေါ် ကွန်ပျူတာများထားရှိရာအခန်းသည်လည်း အမြဲတစေ သော့ခတ်ထားသည်ကိုတွေ့ရှိရတတ်သည်။ တခါတရံသောဖွင့်ထားတတ်သော်လည်း မီးပျက်နေသည်ကများသဖြင့် ထိုအခန်းသို့ခြေဦးမလှည့်ကြသည်က ကျောင်းသားတိုင်းလိုလိုပင်ဖြစ်သည်။
တစ်ခါတစ်ရံ သူငယ်ချင်းမိန်းကလေးများနှင့်တိုင်ပင်ကာ ဗောဓိတစ်ထောင်ဘုရားသို့ မြင်းလှည်းဖြင့်ဖြစ်စေ ကားကြုံဖြင့်ဖြစ်စေ ကျောင်းလစ်လျက်သွားကြသည်ကိုလည်းအမှတ်ရမိသည်။ ထိုသို့သွားလျှင်တော့အင်မတန်ပျော်စရာကောင်း၏။ ဗောဓိတစ်ထောင်ဘုရားသို့မရောက်ခင် တွင်ပေါများလှသော ထန်းရည်ဆိုင်လေးများက အနံ့လေးများက ကျွန်တော်တို့ရိုးသားသူများကို လက်ယပ်ခေါ်နေသယောင်ပင်။ ကျွန်တော်တို့သည် မိန်းကလေးများကိုအားနာသဖြင့် ထန်းရည်ယူသော ချိုခါးခါးအရသာရှိသောအရာများကို ကြွက်ကြော် ငုံးကြော်လေးများဖြင့် မဝင်ဝင်အောင်ကျိတ်မှိတ်မြိုချပြီး ဆက်လက်ချီတက်ကြရာ သူငယ်ချင်းမိန်းကလေးများ၏ ပွစိပွစိ မကျေနပ်ချက်ရင်ဖွင့်သံများသည်လည်းကျွန်တော်တို့အဖို့ ရိုးနေပြီဖြစ်သည်။
ထိုစဉ်ကအင်မတန်နာမည်ကျော်ကြားလှသော မဟာဗောဓိတစ်ထောင်ဆရာတော်ကြီးသည် သက်ရှိထင်ရှားရှိသေးသည်။ မြန်မာပြည်၏ အကြီးဆုံးဖြစ်ပြီး ကမ္ဘာတွင်တတိယအကြီးဆုံးဖြစ်သော လေးကျွန်းစင်္ကြာရပ်တော်မူဘုရားကြီးမှာလည်း ဆောက်လက်စပင်ရှိသေးသည်ကို သတိယမိသည်။
ကျွန်တော်တို့အဖွဲ့သည် တစ်နေကုန်သည်အထိ လျောက်လည်ကြပြီးနောက် ကျောင်းဆင်းချိန်နီးချိန်တွင် ဖယ်ရီကားလာချိန်အား ခန့်မှန်းတွက်ချက်ပြီး ကျောင်းသို့ပြန်လာလေ့ရှိကြသည်။ နောက်ရက်တွင် စာသင်ခန်းထဲ၌ဆရာမထံမှ ကြားနေကျစကားလုံးများကို ကျွန်တော်တို့တစ်ဖွဲ့လုံးသာမက အတန်းဖော်များပါကြားတတ်ရလေသည်။ ကျောင်းတွင် ဆရာနှင့်တပည့်မှာနည်ပါးသဖြင့် ဆရာဆရာမများကလည်းကျောင်းသူကျောင်းသားများကို မှတ်မိနေကြသည်။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော်၏ ဘဝအစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သော ကျောင်းသားဘဝလေးကို အမြဲသတိယနေသည်ပြီး သင်ဆရာမြင်ဆရာများကို ဤစာလေးဖြင့် ကန်တော့ပါရစေခင်ဗျာ ဆရာဆရာမများအားလုံး ကိုယ်ကျန်းမာစိတ်ချမ်းသာကြပြီး နိုင်ငံအကျိုးကိုဆထက်တံပိုးကြိုးပမ်းနိုင်ကြပါစေ။
Post Writer : Thet Naing Min (@thetnaingmin)
From Myanmar
Photo Credit google Image & by me
MSC-129
ဆရာအရေအတွက်မှာ လက်တစ်ဖက်ပင် မပြည့်ဆိုသောအသုံးအနှုန်း အရမ်းသဘောကျမိပါတယ် အစ်ကို
ဟုတ်ကဲ့ခင်ဗျ
အော် ဆရာက ကွန်ပြူတာဆရာကိုးးးးး
ဟုတ်ပါ့ဟီးး
ဖတ်ကောင်းပါတယ်...ကျောင်းသားဘ၀အမှတိတရများ...good
ကျေးဇူးပါ
ဗဟုသုတအမျာကြီးရတယ်ဗျာ
ဟုတ်ကဲ့ပါကျေးဇူးပါ
ကောင်းပါတယ် bro.
ကျေးဇူးနော်
ကွန်ပူတာ သင်ပေး😊😊
သင်ပေးပါ့မယ်ညီမရေ
good post brother
thanks
Memoryလေးတွေပေါ့အကို
ဟုတ်ပါ့ဗျာ
သတိ၇တယ်ကျောင်းသားဘဝ
သတိယတာပေါ့
အသိပညာတိုးစေပါတယ်အကိုရေ
thanks
Nice post ပါ bro
thanks
good post
thanks
Good bro
thanks
V 100% $11 V n C done @poe/thiha
thanks @poe family
မုံရွာသားဆို လာတွေ့အုန်းလေ။
လာမှာပေါ့ဗျာ အားတဲ့နေ့ ကြည်နဲ့လဲတွေ့ဖို့ ချိန်းထာတယ်
ဘဝမှာကျောင်းနေစဉ်အချိန်တွေက အကောင်းဆုံးပါပဲဗျာ……သူရ
ဟုတ်ပါ့ဗျာ
ကျောင်းသားဘဝက ပျော်စရာအကောင်းဆုံးဖြစ်ပါမယ်
ဟုတ်ကဲ့ဗျ အပူအပင်းကင်းချက်တော့ဟိဟိ
ထန်းရည်နဲ့ကြွက်ကြော်😍😍😍
ရှယ်ကြိုက်ဗျာ
အဲ့ဒါအကြိုက်ဆုံးလေ ဟိဟိ