ကျွန်တော်ရယ် MSC ရယ် Steemit ရယ်

in #myanmar7 years ago (edited)

အားလုံးဘဲမင်္ဂလာပါခင်ဗျ။ ဟိုတစ်လောက MSC မန်ဘာဝင်တစ်ဦးရေးထားတဲ့ ဆောင်းပါးလေးတစ်ခုကို ဖတ်လိုက်ရတယ်ဗျ။ သူ Steemit ပေါ်မှာ Group 3 ထဲရောက်လာပုံ အထုတ်ခံရပုံနဲ့ ခုတော့ ပြန်လည် ၀င်ရောက်နိုင်ခဲ့ပြီး ပုံမှန်စာများရေးသား၍ ပရိုလည်းတင်နေဘီဖြစ်ကြောင်းလေးပေါ့။ ကျွန်တော်လည်း ကျွန်တော့် Steemit ပေါ်မှာ ကျင်လည်ပုံလေးကို ရေးသားချင်စိတ်လေးဖြစ်လာတယ်ဗျ။ ဒီလိုနဲ့ဘဲ ဒီစာစုလေးတစ်ခုဖြစ်ပေါ်လာတယ်လို့ဆိုကြပါစို့ဗျာ။

Screenshot_2018-02-06-21-50-55-1.png
ကျွန်တော် Steemit အကောင့် စဖောက်တာကတော့ ၂၀၁၇ ဇူလိုင်လကတည်းကပေါ့ဗျာ။ New user introduce post လေးကို ကိုသာအေး (ခေါ်) မာမီအေးရဲ့ အကူအညီနဲ့ တင်ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၆ လလောက်တုန်းကပေါ့ဗျာ။ အဲ မိတ်ဆက်ပို့စ်လေးပြီးပြန်တော့ ဘာရေးရမယ် ဘယ်လို ဆက်လုပ်ရမယ်ဆိုတာ သေချာမသိပြန်ဘူး ကိုသာအေးနဲ့က အဆက်အသွယ်ပြတ်သွားခဲ့ပြန်တယ် သူကလည်းကလေးထိမ်းလိုက် ဈေးရောက်လိုက် ထမင်းဟင်းချက်လိုက်ဆိုတော့ သူ့ကိုမေးရမှာလဲ အားနာ ကိုယ်ကလည်း အလုပ်ကတစ်ဖက် တစ်ခြားအွန်လိုင်းငွေရှာလေးတွေလည်းလုပ်တော့ Steemit နဲ့ အဆက်ပြတ်သွားပြန်တယ်ဗျ။ အဲ ဒီဇင်ဘာလလောက်ရောက်တော့ ကိုသာအေးမှ လာမဲဆွယ်တယ်ပေါ့ဗျာ။ သူက သေချာရှင်းပြတယ်ဗျ၊ အဲ့ကျမှ Steemit ဆိုတာဘာဆိုတာကျွန်တော်နားလည်သွားတယ်ဗျ။ ဒါနဲ့ ကျွန်တော်လည်း အရင်ကတည်းက စာရေးတာဝါသနာပါလေတော့ စာရေးမယ် ဘာဆက်လုပ်ရမလဲဆိုတာ သေသေချာချာပြောပြဆိုပြီး သင်ခိုင်းရတာပေါ့ဗျာ။ သူလိုင်းပေါ်မှာတွေ့နေတဲ့ကောင်မလေးကိုလည်း အဆင်ပြေအောင်ကူညီပါ့မယ် ဆိုပြီး ဖားရတာပေါ့။

Screenshot_2018-02-06-20-38-18.png
ဒီလိုနဲ့သူက ကြည်ဆိုတဲ့ မိန်မချောလေးနဲ့ မိတ်ဆက်ပေးပါလေရော။ အဲ ကြည်ဆိုတဲ့သူကတော့ အခြားမဟုတ်ပါဘူး ကိုဟင်ရဲ့ ၀တ္ထုထဲက မင်းသမီးလေးဘဲပေါ့၊ ခု Group 3 ရဲ့ SL တစ်ယောက်ပေါ့။ ဖြစ်ချင်တော့ သူနဲ့ ကျွန်တော်နဲ့က လိုင်းပေါ်မှာသာ တွေ့ကြခင်လာကြတာ သူ့နေရာနဲ့ ကျွန်တော့နေရာက ဆယ်မိုင်ဘဲဝေးတာလေ။ ဒါပေမယ့် အလုပ်ကိုယ်စီနဲ့ဆိုတော့ စိတ်ကသာရောက်တာ မတွေ့ဖြစ်ကြပါဘူးဗျာ။ ကျွန်တော်သူနေတဲ့မြို့လေးကို နှစ်ကြိမ်ရောက်ဖြစ်တယ် သူကနေ့လည် ၂ နာရီလောက်မှ အိပ်ယာထမှာဆိုလို့ တစ်ခါမှမတွေ့ဖူးကြဘူးပေါ့ဗျာ။ ကြည်က ကျွန်တော့ထက် ၂ နှစ်လားငယ်တယ်ဗျ ကျွန်တော်ကတော့ ကြည်လို့ဘဲခေါ်တယ် အဲ Group Chat ထဲမှာအများရှေ့မှာဆိုရင်တော့ညီမရေလို့ခေါ်တာပေါ့လေ။ကျွန်တော် ကြည်နဲ့စတွေ့တော့ သူက ချက်ချင်းဘဲ MSC No ရဘီလား မရသေးရင် ချက်ချင်းလျောက်ဆိုတော့ ကျွန်တော့် MSC No လျောက်တယ် MSC No ရလာတယ်ဗျ။ ဒါနဲ့ ကျွန်တော်ရဲ့ MSC No ပါဝင်တဲ့ ပထမဆုံး Seemit ပေါ်ကို ပိုစ့်တစ်ခုစတင်ဖြစ်ခဲ့တယ်ဗျ။ အိမ်ပြန်ချိန်ဆိုတဲ့ ပိုစ့်လေးပေါ့ဗျာ။ အဲ့ဒီပိုစ့်လေး ပီးခါရှိသေးတယ် Group တွေခွဲကြမယ် MSC member တွေများလာပြီ။ သက်ဆိုင်ရာ Group တွေက SL တွေနဲ့ ဆက်သွယ်ကြ ပေါ့ဗျာ ကျွန်တော်ဘယ်လောက် ကံကောင်းတယ်မှတ်လဲ ကြည်ရှိတဲ့ Group 3 ထဲမှာ တန်းနေတာဘဲ အဲ ကိုသာအေးကောအတူတူပေါ့ဗျာ။ ဂရုတွေခွဲမယ်ဆိုတုန်းကတော့ ကျွန်တော့်မှာ ဒီ Steemit နဲ့ပါတ်သက်တဲ့သူငယ်ချင်းကလည်းမရှိ ကိုယ်နဲ့သိကျွမ်းတဲ့ သူနှစ်ယောက်လည်း ဂရုကွဲသွားရင် ငါတော့ တော်ဘီ ဒီ Steemit ကိုဆက်မလုပ်တော့ဘူးလို့ စိတ်ထဲတွေးထားတယ်ဗျ၊ ကံကောင်းတော့ သုံးယောက်ကအတူတူဖြစ်သွားပါရော။ ဒါနဲ့ ကျွန်တော်လည်း Steemit မှာ ထပ်ပြီး အသက်ဆက်ခဲ့တယ်ပေါ့ဗျာ။

Screenshot_2018-02-06-20-23-03.png

ဟောခုဆိုရင် Group 3 ထဲမှာ မသိတဲ့သူလည်းမရှိတော့ပါဘူး တော်တော်များများလည်း ရင်းနှီးနေဘီပေါ့ဗျာ။ ဒါနဲ့ ကြုံတုန်းလက်စနဲ့ တောင်းပန်စရာတစ်ခုရှိတယ်ဗျ။ ကိုသီဟကိုကိုဆိုတဲ့ ကိုရီးယားဘာသာစကားသင်ပေးတဲ့ ဆရာကိုပေါ့ဗျာ။ ညဆိုလိုင်းပေါ်သိပ်မတက်နိုင်တော့ သင်တန်း Group Chat ထဲထည့်ခိုင်းပြီး မသင်နိုင်တာကိုတော့ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ လို့ တောင်းပန်ပါတယ်ဗျာ။ ကိုသာအေးနဲ့ ညီမကြည်တို့ကိုလည်းကျေးဇူးတင် ပါတယ်လို့ပြောပါရစေ။ အစစအရာရာ သင်ကြားပေးတဲ့အတွက်ပေါ့။ ခုဆို ပျော်ရွှင်စရာ Group 3 လေးထဲမှာ ပျော်စရာတွေနဲ့ ဆက်လက်ချီတက်ပြီး MSC အဖွဲ့ကြီး အောင်မြင်ပါစေလို့ ဆန္ဒပြုလိုက်ပါရစေခင်ဗျား။ Myanmar Steemit အဖွဲ့သားများ ကျန်းမာရွှင်လန်းကြပါစေ။
Post Writer : Thet Naing Min (@thetnaingmin)
From Myanmar
Photo by me
MSC-129

Sort:  

အယ်လယ် ကိုသာအေးက ပြုံးပြူံးကြီး ဖက်နေလေရဲ့
သဘောကျတယ် အဲလိုပို့စ့်လေးတွေ အရမ်းကောင်းတယ်
ရေးမယ်ဆိုရေးစရာအများကြီးပါချစ်သက်ရေ

ဟုတ်ပါ့ ဘယ်ချိန်ကစခင်လာတယ်ဆိုတာမထည့်လိုက်ရဘူး

ကွီး အာ့တုံးက သူ အမေးမြနိး သိပ်ထူတာပဲ😇😇

ကိုယ်နဲ့ အကျွမ်းတ၀င်မဖြစ်တဲ့အရာမို့နေမာပါဟီးးး

ဖတ်​​ကောင်းလို့good story

ကျေးဇူးပါညီမရေ

ကွီးရေ..အာ့တုံးက msc နဲ့ နေ့တိုင်း စကားပြောဖြစ်ကြတေ အရမ်းခင်တယ်ဂျာ😉😉

အရာရာအတွက်ကျေးဇူးပါညီမရေ

ဟုတ် ဖတ်ကောင်းပါတယ်ဗျာ အသိမိတ်ဆွေတွေလည်းတိုးပါတယ်

ကျေးဇူးပါညီရေ

We are G3 ပါ။ဖတ်‌လို့‌ကောင်းတယ်‌ ညီ။

ကျေးဇူးပါ

မမ အိပ်ယာထ နောက်ကျတယ်တဲ့
We are G 3 family.

ဟုတ်ပါ့ အမြဲတမ်းနေ့လည် ၂ နာရီမှထတယ်တဲ့

ဟားးးသ​ဘောကျတယ်​ဗျာ Good post

ကြိုးစားလျက်ပါ

အရမ်းကောင်းပြီးဆွဲဆောင်မှုရှိပါတယ်

ကျေးဇူးပါ

ချစ်​ဆုံး အီ အီးစားတဲ့​နေ့ မှန်​​အောင်​​ပြောပါ။

ပျော်စရာကြီးတော် Group 3 က

we are family
we are g3

ဟုတ်ပါ့ဗျား

We r G3 , bro.

ကောင်းပါတယ်

ကျေးဇူးညီရေ