အွန်လိုင်း ခရီးအပိုင်း(၁) နှင့် (၂) ကိုမဖတ်ရသေးသော မိတ်ဆွေများအတွက်
(1) https://steemit.com/myanmar/@thettinaung/aynlongkhyai
(2) https://steemit.com/myanmar/@thettinaung/aynlongkhyai-2
Paidvert ဆိုတာ ကျနော့်အတွက်တော့
online earning လုပ်ခြင်းရဲ့ အခြေခံ
ပညာကျောင်းကြီးပဲဆိုပါတော့ဗျာ ။ သူကမှတစ်ဆင့် နွယ်ရင်းနွယ်ရင်း တခြားဟာတွေပါ သိလာခဲ့ရပါတယ် ။
Paidvert ကိုလုပ်နေရင်း BTC ဆိုတာ စသိလာပါတယ် ။ အဲ့တုန်းက BTC ဈေးက လည်း $200 ဝန်းကျင်လောက်
ပဲရှိတာ ။ Crytocurrency တွေဆိုတာ
တော်တော်များများတော့ တွေ့နေရပေမယ့်
အခုချိန်ခါလောက်ကြီး ခေတ်မစားသေးဘူး
။ သိရသလောက် Crypto တွေဆိုရင်
BTC , LTC , DOGE , Feather , Steller ,
Fedora တို့ အကြမ်းဖျဉ်း ၁၀ မျိုးလောက်
ပဲရှိအုံးမယ်ထင်တယ်။ Crypto Mining
လုပ်တယ်ဆိုတာ တွေ့တော့တွေ့နေရတယ်
. . . . ဒါပေမယ့် လေ့လာဖို့က စိတ်ထဲမှာ
တော်တော်လေး အလှမ်းဝေးနေသလိုမျိုး
ပဲ ။ ဘယ်လောက်ဖတ်ဖတ် နားကိုမလည်
ခဲ့တာ . . . . Eng လို အတန်အသင့်ဖတ်နိုင်
ပေမယ့် ဒီကဏ္ဍတွေကျတော့ မြန်မာလို
ရှင်းပြပေးမယ့်လူရှိမှ လုံးစေ့ပတ်စေ့
နားလည်နိုင်တာမျိုးပါ။ အဲဒီလိုနဲ့ BTC free
ပေးတဲ့ BTC Faucets တွေ လုပ်ခဲ့ပါတယ်။ အဲ့တုန်းက free ပေးတဲ့ပမာဏ
ကလည်းအခုချိန်ဈေးနဲ့တွက်ရင်မနဲဘူးဗျ။
ကိုယ်တွေအတွက် အသစ်အဆန်းလေးလို
လည်း ဖြစ်နေ . . . ပြီးတော့ 1 BTC ဆိုတာ
ကြီး ပြည့်သွားရင်ဘယ်လိုနေမလဲ သိချင်
တာရယ်ကြောင့် . . . . လိုက် Claim ရတာ
တစ်ခါတစ်ခါ ပျော်သလိုလိုတော့ ဖြစ်မိသား။ အင်တာနက်လိုင်းလေး ပျောက်တောက် ပျောက်တောက်ကို သည်းညည်းခံရင်း
ဘာမှန်းညာမှန်းသေချာမသိတဲ့ . . . .
Satoshi လေးတွေကို Claim ရင်း
တစ်ချို့ညတွေဆို အိပ်ချိန်တောင် မရှိခဲ့
ဘူး ။ကိုယ့်ဇောနဲ့ ကိုယ်ဆိုတော့လည်း
ပင်ပန်းတယ်လို့ကို မထင်ခဲ့တာ 😃 . . . ။
နောက်ထပ်ဇောကပ်ခဲ့တဲ့ တစ်မျိုးက hyip
တွေပါ။ ဒါလည်း ဆရာသမားဂုရုတွေရဲ့
နည်းပေးလမ်းပြမှုတွေနဲ့ တော်တော်လေး
ရခဲ့ပါတယ် . . . . . ပညာတွေပါ။ hyip က
တော့ သိကြတဲ့အတိုင်း ငွေထည့်ရင်းတာကို
အတိုးသဘောမျိုး %နဲ့ ပြန်ပေးပြီး ငွေရင်း
ပြန်ထုတ်ရတာမျိုး ရှိသလို . . . ကိုယ်ထည့်
ထားတဲ့ငွေကိုပဲ အချိန်လိုက် အရစ်ကျ
အတိုးရင်းပေါင်း ပြန်ပေးတာမျိုးလဲရှိပါ
တယ်။ မှတ်မှတ်ရရ လုပ်ခဲ့ဖူးတဲ့တစ်ခုဆို
တစ်လလောက်ဆက်တိုက် အပေးမှန်ခဲ့တာ
ပါ။ ကိုယ်တွေလည်း ပထမ ထုတ်ကြည့်
သေးတယ် ထုတ်လို့ရတာပဲဆိုပြီး . . . .
ပြီးတော့ အဲ့တုန်းက ဆရာသမား Upline
တွေကလည်း owner နဲ့ တစ်လေသံတည်း
အရင်းကို မထုတ်စေချင်ကြဘူး . . . ပေးနေ
တဲ့ Site ကြီးပျက်သွားမယ် ဘာညာနဲ့
ပြောထားတော့ . . . . ရတဲ့အမြတ်လေးကို
ပြန်ထည့်ပေါင်းပြီး ထပ်ရင်းပေါ့ဗျာ။
အမြတ်တွေ တက် တက်လာတာကြည့်နေ
ရတာကိုက အရသာဗျ . . . အဲ့တုန်းက။
ကွန်ပျူတာ screen ကြီးကိုပြုံးပြုံး
ကြီးကြည့်ရင်း ကျေနပ်နေတာ ။
ကြာကြာတောင် မကျေနပ်လိုက်ရပါဘူး . . .
တစ်ရက် FB ကအဲဒီ hyip group ထဲမှာ
လှုပ်လှုပ် လှုပ်လှုပ်နဲ့ဖြစ်လာပါတယ် . . .
ပိုက်ဆံတွေထုတ်မရတော့ဘူးတွေ
ဘာတွေဖြစ်လာတော့ ကျနော်လည်း
ကိုယ့်ပိုက်ဆံလေးကို အူယားဖားယား
ပြေးထုတ်တာပေါ့ဗျာ ။ ဒါပေမယ့် မရတော့
ပါဘူး . . . အဲဒီအခါမှ Scam ဆိုတဲ့
စကားလုံးရဲ့ အဓိပ္ပာယ်ကို သိခဲ့ရတယ်
ဆိုပါတော့ဗျာ . . . နဖူးတွေ့ဒူးတွေ့ကိုးဗျ။
ဒါလည်းမမှတ်သေးပါဘူး . . . လောဘ
ကြောင့်ရယ် ဆရာတွေ အဆွယ်ကောင်းတာ
ရယ်ကြောင့် နောက်ပိုင်း hyip လေးတွေ
ထပ်ပြီးလုပ်ဖြစ်ခဲ့ပါသေးတယ်။ ဒီတစ်ခါတော့
ဆရာ Upline တွေရဲ့ လေသံပြောင်းလာပါ
တယ် . . . စောစောထည့် . . စောစောထုတ်
ဆိုတဲ့ဗျူဟာကို ကျင့်သုံးရမယ်ဆိုပြီး
ဖြစ်လာပါတယ် ။ ဘယ်လိုပဲကျင့်သုံး ကျင့်သုံး
ပါ ကျနော့်ကံကြမ္မာကတော့ မပြောင်းလဲ
ခဲ့ပါဘူး။ တစ်ရက် ကျနော့် email ထဲကို
hyip နဲ့ပတ်သက်တဲ့ မေးလ်တစ်ခုဝင်လာ
ပါတယ် . . . hyip တစ်ခုကိုမိတ်ဆက်တာပါ
. . . သူတို့ Programme ကစတာမကြာ
သေးဘူးပေါ့ . . အတိုးပေးတဲ့ %တွေကလည်း
daily တောင်မဟုတ်ဘူး . . .hourly တွေ
ပေးတာတဲ့ဆိုတော့ ။ Site နာမည်ကလည်း
အသစ် ဆရာသမားတွေတောင် မသိလောက်
သေးဘူး ။ pay out လုပ်ထားတဲ့ Proof
ပုံတွေလည်းပြတယ် ။အဲဒါနဲ့ ကျနော်လည်း
ဒီတစ်ခါတော့ ကံအကြီးကြီးကောင်းပဟဲ့
ဆိုပြီး ရင်းထည့်တာပေါ့ဗျာ . . . စိတ်ထဲမှာ
လည်း ဒီတစ်ခါတော့ဆရာသမားတွေ
နောက်ကောက်ကျပြီလို့ တွေးရင်း . . .
နောက်မှသူတို့ကိုပြောပြမယ်ဆိုပြီး . . .
ပီတိတွေတစ်လှပ်လှပ်နဲ့ ကြံနေတာပေါ့ဗျာ။
ဒီလူတွေတော့ ကိုယ့်ကိုလေးစားတော့မှာ
ဆိုပြီး ကိုယ်က Upline သူတို့က Downline
ပေါ့လေ စိတ်ကူးတွေယဉ်နေခဲ့တော့ . . . ။
ကံကြမ္မာက လူကိုတော်တော်လေးချဉ်နေပုံ
ပေါက်ပါတယ် . . . ၂ ရက်လောက်ကြာ
တော့ အမြတ်လေးထုတ်မယ်ဆိုပြီး ထုတ်ရော
. . . . မရသေးဘူးတဲ့ minimum pay out က
$ 100 မှရမှာဆိုပဲ ။ စိတ်ထဲတော့ သံသယ
စဝင်လာခဲ့ပါတယ် . . ဒါပေမယ့် သူပြောတဲ့
အတိုင်း $ 100 ဆိုတာလည်း သိပ်ကြာကြာ
စောင့်ရမှာမှ မဟုတ်တာ . . . ဒီအတိုးနှုန်း
အရဆို နောက် ၃ ရက်လောက်ပဲစောင့်ရမှာ
ဆိုတော့ . . . ကဲ မြတ်ထားတာလေး ထပ်ရင်း
ထပ်ပေါင်းပြီးစောင့်ခဲ့တယ်ပေါ့ဗျာ ။ $ 100
ပြည့်လောက်တဲ့နေ့လည်းရောက်ရော
စိတ်လှုပ်ရှားမှုအပြည့်နဲ့ အဲဒီ Site လေးကို
ဖွင့်ကြည့်တော့ . . . အံမယ် $100 တောင်
ကျော်နေသေးဗျ ။ကဲ ထုတ်မယ်ဆိုပြီး
ထုတ်ရောဗျာ . . . ဘာပြောလဲဆိုတော့
Wallet ထဲမကြာခင်လွှဲပေးမယ်ဆိုပြီး . .
ပြောလာပါတယ် ။ Withdrawal ဆိုတဲ့နေရာ
မှာ Pending ဆိုတဲ့စာသားလေးနဲ့ပေါ့ဗျာ ။
Pending ဆိုတာဘာများလဲလို့ Dictionary
ကြည့်ကြည့်တော့ ဆိုင်းငံ့ထားတယ်ဆိုပဲ။
ဒါပေမယ့် မနက်ဖြန်လောက်တော့ လွှဲပေးနိုင်
ကောင်းရဲ့ဆိုပြီး ဆက်စောင့်တာပေါ့လေ ။
စောင့်ရင်းစောင့်ရင်း တစ်ပတ်လောက်ကြာ
သွားတယ် Pending ပဲ ။သိတော့သိလိုက်
ပါပြီ ဒီတစ်ခါလည်း သွားပြီဆိုတာ။
ဟိုလုပ်ဒီလုပ်နဲ့ တစ်လလောက်ကြာသွား
ရော သံယောဇဉ်လေးနဲ့ Site ထဲ
တစ်ကြော့ပြန်ဝင်ကြည့် . . . Pending ပဲ။
ဒီတစ်ခါ ပညာတိုးခဲ့တာကတော့ Pending
ဆိုတဲ့အဓိပ္ပာယ်ပါပဲ ။
ဆက်ရန် . . . . .
MSC - 105@thettinaung
This post has received a 1.20 % upvote from @drotto thanks to: @thettinaung.
Your Post Has Been Featured on @Resteemable!
Feature any Steemit post using resteemit.com!
How It Works:
1. Take Any Steemit URL
2. Erase
https://
3. Type
re
Get Featured Instantly – Featured Posts are voted every 2.4hrs
Join the Curation Team Here
funds growth projects for Steem like our top 25 posts on Steem! The other half helps holders of Steem power earn about 60% APR on a delegation to me! For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily? To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?Thank you @thettinaung for making a transfer to me for an upvote of 0.82% on this post! Half of your bid goes to @budgets which
This post has received a 5.27% upvote from @lovejuice thanks to @thettinaung. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.
နောက်ဆုံးမှာတော့ ဇာတ်သိမ်းက ဒီလိုပဲဖြစ်ဖြစ်တတ်လို့ steemit power up လုပ်ရင်းနဲ့ bro ပြေသာလို pending ဖြစ်သွားလေမလားလို့
မဖြစ်ပါစေနဲ့လို့တော့ ဆုတောင်းပါတယ် Bro ရေ။ ဒါပေမယ့် Bro ရေ GrumpyCat တို့ Barniesander တို့ရဲ့ Post တွေဖတ်ကြည့်ပါ BRO ။ ကိုရီးယား haejin ရဲ့ reward pool အပေါ်
သောင်းကျန်းနေတာတွေ ကလန့်စရာပဲဗျ။
ကိုဟင်ပြောသလို steemit က beta ပဲရှိသေးတယ်။
မတည်ငြိမ်နိုင်သေးဘူးလို့ထင်ပါတယ်။
စိတ်ဝင်စားစရာဘဲ
ဖတ်ပေးလို့ကျေးဇူးပါဗျာ