ရစ်ချတ် ရဲ့ ရွေးချယ်မှု
ရစ်ချတ် ဆီးဝပ် . . . ဘော်ဒါအပေါင်းအသင်းတွေကတော့
သူ့ ကို ရှက်ဂီလို့ ခေါ်ကြတယ်။ တစ်ခြားလူတွေအတွက်
တော့ သူ့ အမည်နာမဟာ ရစ်ကီ (သို့ ) ဘော့စ် ဖြစ်ပါတယ်။
အခု ကားပါကင်က ကားထဲမှာ . . .
ကားမှန်ကို တစ်ဝက်ချထားပြီး သူ့ ကြည့်ရတာ အနည်းငယ်
ပျင်းရိငြီးငွေ့ နေတဲ့ပုံပါပဲ။ ဝတ်ဆင်ထားတဲ့ မီးခိုးရောင်
ဘောင်းဘီရှည်နဲ့  အဖြူရောင်ရှပ်အင်္ကျီဟာ
ခပ်လှမ်းလှမ်းက မြင်လိုက်ရုံနဲ့ တန်ဖိုးကြီးအဝတ်အထည်
တွေမှန်း သိသာပါတယ်။ လက်ပတ်နာရီကလည်း
သာမန်ထက် အရွယ်ကြီးပြီး ပေါ်လွင်လွန်းပါတယ် . . .
သူအခုထိုင်နေတဲ့ ဇိမ်ခံကားထက်တောင် ဈေးကြီး
တဲ့နာရီပါ။ အသွင်အပြင်အရ သူ့ ရဲ့နာမည်ပြောင်
ရှက်ဂီ (မွှေးထူလူကြမ်း) ဆိုတာနဲ့တောင် မလိုက်
ဖက်ပါဘူး။ ဒီနာမည်ဟာ ဝတ်ပုံစားပုံကြောင့်
တွင်ခဲ့တာ မဟုတ်ပါဘူး . . . သူရိတ်ပစ်လိုက်တဲ့
မုတ်ဆိတ်မွှေးရှည်ကြီးတွေကြောင့်ပါ။ လူငယ်ဘဝ
လမ်းမတွေပေါ်မှာ ကျင်လည်ကျက်စားစဉ်က
ဒီမုတ်ဆိတ်တွေကို မရှည်ရှည်အောင် မွေးထားခဲ့လို့ 
မျက်နှာအနှံ့ မှာ မညီမညာ ပေါက်ရောက်ကုန်ပါတယ်။
သူတို့ ဂိုဏ်းအဖွဲ့ ကလူတွေကတောင် ရှက်ဂီလို့ 
စခေါ်တဲ့အထိ မရိတ်ပဲ ပေပြီးထားခဲ့ပါတယ်။
နောက်ဆုံးတော့ သူ လက်လျှော့ပြီး ရိတ်သင်လိုက်
ပေမယ့် ရှက်ဂီဆိုတဲ့ အမည်ကတော့ တွင်သွားခဲ့ပါပြီ။
ဘဝမှာ သူဖြစ်ချင်တာ သူလိုချင်တာကို မရ ရအောင်
လုပ်ခဲ့တဲ့ လူတစ်ယောက်ပါ။ ကောင်းတာတွေဝတ်
ကောင်းတာတွေစားပြီး ကောင်းကောင်းနေထိုင်တတ်
ပါတယ်။ ရေကူးကန်ပါတဲ့ ခြံကျယ်ကြီးနဲ့ အိပ်ခန်း
လေးခန်းပါ အိမ်ကြီးကို လက်ငင်းငွေချေဝယ်ထားသူ
ဖြစ်ပြီး သူ့ ရဲ့ဂရုစိုက်မှုကို လိုချင်သူ ငယ်ရွယ်လှပတဲ့
မိန်းမပျိုလေးတွေနဲ့  ခြံရံပြီးနေတတ်သူပါ။သူ့ မှာ
ရန်သူလည်း သိပ်မရှိပါဘူး . . . အာဏာပိုင်တွေနဲ့ 
တောင် တစ်ခါတစ်ရံမှသာ ပြသနာတက်တာပါ။
ဒေသခံရဲတွေနဲ့ တော့ အလွမ်းသင့်လွန်းသူပဲ ဖြစ်ပါတယ်။
လက်နက်ကိုင်ရဲတွေဖြစ်ပေမယ့် သူ့ အရိပ်ကိုခိုလုံသူတွေ
သာဖြစ်ပါတယ်။ သူ့ မှာအစီအစဉ်တွေ ဆက်တိုက်
ဆွဲထားပါတယ် . . လူမသိသူမသိ အနားယူပြီး
ကျန်တဲ့ ဘဝသက်တမ်းကို အေးအေးလူလူ
နေထိုင်သွားနိုင်ဖို့ ဖြစ်ပါတယ်။ ဒီညမှာတော့
သူ့ မှာ လုပ်ရမယ့်အလုပ်တစ်ခုရှိနေပါသေးတယ်။
ဒါပြီးရင်တော့ ဒီလိုအလုပ်တွေကို အပြီးရပ်နား
လိုက်တော့မှာပါ။
လူတစ်ယောက် သူ့ ကားနားကပ်လာတော့ ရှက်ဂီ
ခပ်မတ်မတ်လေးထိုင်လိုက်ပါတယ်။ ထိုလူကို မြင်
လိုက်ချိန်မှာ သူမျှော်လင့်ထားတဲ့လူမဟုတ်တာကြောင့်
စိတ်တိုသလို ဖြစ်သွားရပါတယ်။ထိုလူ ဆွဲလာတဲ့
လက်ဆွဲအိတ်ကို မြင်လိုက်ရပြီး . . . စိတ်မသက်
မသာ ဖြစ်ရပြန်ပါတယ်။ရဲတွေဆိုရင် လက်ဆွဲအိတ်
ဆွဲလေ့တော့ မရှိဘူး။ ရှက်ဂီ ကားရဲ့ ဂီယာအုံနားလေးကို
တိုးသွားပြီး လက်နဲ့ သေနတ်ကို အုပ်ထားလိုက်ပါတယ်။
“ဒါမျိုးကတော့ ဆိုးရွားတဲ့ ရွေးချယ်မှုပဲ ကိုယ့်လူ”
ထိုလူက ကိုယ်ကိုကိုင်းညွှတ်ကာ ကြည့်ရင်း ရှက်ဂီ
ကို ပြောလိုက်ပါတယ်။
ရှက်ဂီ ထိုမျက်လုံးပြာတွေကို ခဏလောက်စိုက်ကြည့်
မိပြီး တစ်ဖက်ကို လှည့်ကာ ၊ သေနတ်ကို ပြန်ချထား
လိုက်ပါတယ်။
“ဟေ့ လူ . . ဝေးဝေးသွားနေစမ်း” ရှက်ဂီ ကြိမ်းမောင်း
လွှတ်တယ်။
“ကျနော် ကမ်းလှမ်းမယ့် ကိစ္စကို ခင်ဗျား ကောင်းကောင်း
မသိသေးပါဘူး”
“ခင်ဗျား ဘာသာ ဘာပဲရောင်းရောင်း
ကျုပ်ကတော့ မဝယ်ဘူး ဟေ့လူ”
“ကျနော် ပြောတဲ့ ဈေးနှုန်းကို ခင်ဗျား နှစ်သက်
မှာပါ . . . ရစ်ချတ် ဆီးဝပ် . . တစ်ခြား
ဘယ်သူမှ မပေးနိုင်တဲ့ ကမ်းလှမ်းမှုမျိုး ကျုပ်မှာ
ရှိတယ် . . အဖိုးအခကလည်း ခင်ဗျားပေးပျော်တဲ့
ပမာဏပါပဲ” လို့ ထိုလူက ညှင်သာစွာ ပြောပါတယ်။
ရှက်ဂီ အသိတွေထဲမှာ သူ့ နာမည်ရင်းကို
ခေါ်ပြောတဲ့လူမရှိပါဘူး . . . ဘယ်လိုနည်းနဲ့ ပဲဖြစ်ဖြစ်
သူဆက်စပ်လုပ်ချင်တဲ့ လူမျိုးတော့ မဟုတ်
လောက်ဘူး။
“ ဒီမှာ ဟေ့လူ . . . ခင်ဗျားဆီက ရဲနံ့ ရတယ်
ကျုပ် နဲ့ ဝေးဝေးသွားနေစမ်းပါ”
ထိုလူက ဒရိုင်ဘာ ဘေးခုံဘက်ကို ပတ်သွားပြီ
ကားတံခါးကို ဆွဲဖွင့်လိုက်ပါတယ်။ ရှက်ဂီ မတ်ခနဲ
ဖြစ်သွားပြီး အံ့သြသွားပါတယ်။ ကားတံခါးကို
သူသေချာပေါက် လော့ချထားခဲ့တာပါ။
ထိုလူက သူ့ ဘေးခုံမှာ ဝင်ထိုက်လိုက်ပြီး
လက်ဆွဲအိတ်ကို ပေါင်ပေါ်တင်ထားလိုက်ပါတယ်။
ဆက်ရန် . . . . .
Translated From “THE CHOICE MAN” by O.H.Reads
@thettinaung
MSC - 105