လေ့လာမိသလောက် ကျနော်တို့
လူမျိုးကလည်း အလေးအပင်
အတော်ကြိုက်တာကိုးဗျ။ အစား
အသောက်ဆိုရင်လည်း ငပိရေ လိုမျိုး
လေးပါမှ စားလို့ သောက်လို့မြိန်တာ
ကလား ။ အငံဆိုရင်လည်း အငံ
အဖန်ဆိုရင်လည်း အဖန် အစပ်ဆိုရင်
လည်း အစပ် ပိုပိုကဲကဲလေးမှ လျှာ
ထိ ခံတွင်းမိကြလေသလား ။
အင်းပေါ့လေ . . . တစ်သက်လုံး
အကျင့်ဖြစ်လာတော့လည်း အရ
သာ ပြင်းတာလေးမှ နေသာထိုင်
သာ ရှိကြတယ်ထင်ပါရဲ့ဗျာ။ တိုင်းရင်း
သားတွေရဲ့ ရိုးရာအစားအစာ
ဆိုရင်လည်း သူ့နည်းသူ့ဟန်လေး
တော့ အရသာ ပေါ်အောင်ချက်ကြ
တာပါပဲ။ တကယ်တမ်းကျတော့
အစားအစာဆိုတာကလည်း လည်ချောင်းထဲရောက်သွားရင်
ဘာအရသာ မှ ခံလို့ရတော့တာမဟုတ်ဘူးရယ်။
လျှာပေါ်တင် ရတဲ့ရသာအာရုံလေး
ကို ထိထိမိမိလေး ဖြစ်လိုက်ရမှ
ကျေနပ်ကြတယ် ထင်ပါရဲ့ဗျာ။
တကယ်တမ်းပြောချင်တာက
အစားအသောက်အကြောင်း မဟုတ်
ပါဘူး။ ဆိုင်တာမဆိုင်တာ အပထား
ဆက်စပ်ပြီးပြောကြည့်တာ။ တကယ်
တမ်းပြောချင်တာက ဆောင်ပုဒ်တွေ
ဗျ။ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေ
ပေါ့ဗျာ ။ ကျနော်တို့ နိုင်ငံကြီး ဘာလို့
မတိုးတက်လဲဆိုရင် ဆောင်ပုဒ်တွေ
လေးနေတာလဲ ပါတယ်ဗျ။ ဆောင်ပုဒ်
တွေနဲ့ ပိနေတာပေါ့ဗျာ။ ပိဆို
ဆောင်ပုဒ်ကြီးတွေကလည်း နဲနဲ
နောနော မဟုတ်ဘူး အကြီးကြီးတွေ
ကိုးဗျ။ " မြန်မာ့အားကစား ကမ္ဘာကို
လွှမ်းရမည် " ဆိုတဲ့ဟာပေါ့ . . .
စေ့စေ့တွေးကြည့်လိုက်ရင် တကယ့်
Heavy ကြီး . . . ကမ္ဘာကိုတောင်
ဖုံးလွှမ်းအုံးမယ်ဆိုပဲ။ ထပ်ပြီးစေ့စေ့
တွေးကြည့်လိုက်ရင် ဘယ်လိုများ
လွှမ်းမှာလဲပေါ့လေ ။ အားကစား
မျိုးစုံမှာ မြန်မာက ရွှေတံဆိပ် ချည်းပဲ
ရနေတယ်ထား . . . တခြားနိုင်ငံတွေ
ကို အမိန့်ပေးစေခိုင်းလို့ရပါ့မလား . .
ကျနော်တော့ မရလောက်ဘူးထင်တယ် ။ အလွန်ဆုံး
လေယာဉ်အလကားစီးလို့ရမယ် ထမင်းအလကား
သွားစားလို့ရမယ်ဗျာ ။ ဒါတောင်
တစ်ခါနှစ်ခါပဲရလောက်မယ် . . .။
ပြီးတော့ အားကစားမျိုးစုံမှာနော်
ရွှေတံဆိပ်ရရမှာ နှစ်တိုင်း . . .
ဘယ်မှာ အိမ်ရှင်လုပ်လုပ် ။
ကမ္ဘာ့ ဘောလုံးချန်ပီယံဆုအများဆုံး
ရထားတဲ့ ဘရာဇီးတောင် နှစ်တိုင်း
ချန်ပီယံမဖြစ်ဘူး။ ပြောချင်တာက
ဆောင်ပုဒ်တွေရဲ့ အဓိပ္ပါယ်ကို
တွေးကြည့်လိုက်ရင် မျက်လုံးထဲ
မြင်တဲ့ဟာနဲ့ ဦးနှောက်က စဉ်းစား
မိတဲ့အရာက ရှင်းရှင်းလင်းလင်း
မရှိဘူးလို့ ထင်မိတယ်ဗျာ။ စဉ်းစား
ပေးတဲ့ ဦးနှောက်က ယုတ္တိမရှိဘူး
လို့ ယုံကြည်မိသွားရင် အဲဒီကိစ္စ
ဟာလည်း ရေပေါ်အရုပ်ရေးရ
သလိုပဲ ဖြစ်သွားမှာပါ။ အဓိပ္ပါယ်
ရှိပြီး ရှင်းရှင်းလင်းလင်းသိမြင်
နိုင်တဲ့ ဆောင်ပုဒ်မျိုးပဲ ဖြစ်သင့်တယ်
ထင်ပါတယ်ဗျ။ လာမယ့်ငါးနှစ်က
စပြီး အရှေ့တောင်အာရှ ဘောလုံး
ချန်ပီယံ ၅နှစ်ဆက်တိုက်ဖြစ်ရမည်
ဆိုပြီး ရည်မှန်းချက်သာ ထားမယ်
ဆိုရင် . . . ဒါဆိုကိုယ်နဲ့လည်း အဝေး
ကြီးမဟုတ်ဘူး. . . ဖြစ်နိုင်ချေရှိတယ် ပေါ့ဗျာ ။
ကမ္ဘာလွှမ်းမယ့် ကိစ္စကတော့
ထည့်ကိုစဉ်းစားမနေနဲ့ ကိုယ်နဲ့
မဆိုင်သလိုသာနေလိုက် ။ ခုတော့
ကမ္ဘာကိုလွှမ်းရမယ်ဆိုတော့
ဘောလုံးကန်နေတဲ့ လူတွေကပဲ
ကမ္ဘာကိုမှ မလွှမ်းနိုင်ရင် တာဝန်
မကျေတော့မှာ လိုလို . . . လွှမ်းမယ်
ဆိုတော့လည်း ဘယ်လိုလွှမ်းမှာလဲ
မရေရာ . . . ဆိုတော့ ထူးပါဘူးကွာ
ရသလောက်ပေါ့ ဆိုတာတွေ
ဖြစ်ကုန်တာပေါ့ဗျာ။
နောက်တစ်ခုရှိသေးတယ်
" လျှပ်စစ်စွမ်းအားဖြင့် လောက
နိဗ္ဗာန်တည်ဆောက်အံ့ " တဲ့ ။
အမယ် လောကကြီးရဲ့ နိဗ္ဗာန်တောင်
တည်ဆောက်အုံးမှာဗျ ။ သူကကမ္ဘာ
တောင်မဟုတ်ဘူး လောကတဲ့ . .
ဆိုးတော့မဆိုးပါဘူး ဖတ်မိလိုက်တာ
နဲ့ မျက်လုံးထဲ လင်းထိန်ပြီးတောက်ပ
သွားတယ်။ အဲ့ ဒါပေမယ့် ဘယ်လို
တည်ဆောက်မှာပါလိမ့် . . .
ဘုရားဟောတရားတွေအရ လောက
ကသုံးမျိုးဗျ ။" သတ္တလောက ဩကာသလောက သင်္ခါရလောက "
ဒီလောကသုံးပါးစလုံးလား နိဗ္ဗာန်
တည်ဆောက်ပေးမှာ ။ ကျနော်
စကားကပ်ပြောတာမဟုတ်ပါဘူး
ဆက်စပ်ပြီးတွေးကြည့်တာပါ ။ ဆောင်
ပုဒ်ရဲ့ အဓိပ္ပါယ်အရ လျှပ်စစ်မီးနဲ့
အားလုံး အဆင်ပြေချောမွေ့အောင်
လောကကြီးတစ်ခုလုံးကို လုပ်မယ်
လို့ ဆိုချင်တာနေမယ်ဗျ ။ ဒါပေမယ့်
ထုံစံအတိုင်း ပိုကဲလိုက်ရမှ ကျေနပ်
ကြတဲ့ သဘာဝအရ နိဗ္ဗာန်ဆိုတာ
ကြီးဖြစ်ကုန်ရောဗျ။ ဒီနေရာမှာ
နိဗ္ဗာန်ဆိုတဲ့ အဓိပ္ပါယ်က ဖြစ်ပျက်
ချုပ်ငြိမ်းခြင်းတော့ ဟုတ်လောက်ဘူး
ထင်တယ်။ အဲလိုသာဆိုရင်တော့
မီးလာတာလည်း မရှိတော့ဘူး
မီးပျက်တာလည်း မရှိတော့ဘူး
လျှပ်စစ်မီးဆိုတာ မရှိတော့ဘူး
ဖယောင်းတိုင်နဲ့ပဲ နေကြဆိုတဲ့
အဓိပ္ပါယ်ပေါ့လေ 😁😁 ။
တစ်ချို့ကျတော့လည်း လောကကြီးရဲ့ နိဗ္ဗာန်
တည်ဆောက်ရင်း ကိုယ့်အတွက်
အရင်နိဗ္ဗာန် တည်ဆောက်လို့ မပြီး
နိုင်ကြတာလဲ ရှိကောင်းရှိပေမပေါ့
ဗျာ။ ဒါတွေတော့ မပြောတော့ပါဘူးလေ
ကိုယ်နဲ့ မဆိုင်ပါဘူး ။ ဒါပေမဲ့ပေါ့လေ
ဆောင်ပုဒ်တစ်ခုဆိုတာကလည်း
ရည်မှန်းချက်တစ်ခု ဒါမှမဟုတ်
လိုက်နာကျင့်သုံးရမယ့်ရမယ့် အရာတစ်ခု
ပဲဆိုတော့ . . . ။ခုနကကိစ္စပြန်ပြောရရင်
ဆောင်ပုဒ်တစ်ခုက အဓိပ္ပာယ်ရှင်းရှင်းလင်းလင်း
မရှိဘူး။သေချာအချိန်ယူစဉ်းစားပြီးမှ
ကိုယ်ဟာကိုယ် ဖြည့်တွေးရတဲ့ဆောင်ပုဒ်မျိုး
ဖြစ်နေတော့ . . . ကဲ လောကနိဗ္ဗာန်ကြီးကို
တည်ဆောက်ကြရအောင် ဟုတ်ပြီ
ဘယ်လိုတည်ဆောက်ကြမှာလဲ လောကကြီးရဲ့
ဘယ်နားကနေစဆောက်ကြမလဲ . . . စဉ်းစားရင်း
စဉ်းစားရင်းနဲ့  ငါ့လောကဆိုတာ ငါ့ပတ်ဝန်းကျင်
ငါ့ပတ်ဝန်းကျင်ဆိုတာ ငါ့မိသားစု
ငါ့မိသားစုမှ ငါကအိမ်ထောင်ဦးစီး . . . ဆိုတော့
လောကကြီးဆိုတာ ငါပါလား . . . ငါချမ်းသာအောင်
အရင်လုပ်မယ်။ လူတိုင်းသာကိုယ်စီကိုယ်စီ ငါ့လိုတွေးရင်
လောကတစ်ခုလုံးချမ်းသာပြီပေါ့ . . . ဒါ ဆောင်ပုဒ်ထဲက
နိဗ္ဗာန်ပဲ . . . ။ ဒါဆို ရည်မှန်းချက်ချမှတ်ပေးသူနဲ့
ရည်မှန်းချက်အကောင်အထည်ဖော်တဲ့သူ
ဘာလုပ်ရမလဲဆိုတာ ရှင်းသလို ဖြစ်သွားပြီဆိုတော့
ကဲ . . . ထူးပါဘူးကွာ . . လျှပ်စစ်စွမ်းအားနဲ့  လောက
နိဗ္ဗာန်တည်ဆောက်ရင်း ငါ့ကိုယ်ငါချမ်းသာအောင်
အရင်လုပ်မယ် ဆိုပြီးဖြစ်ကုန်ကြတယ်လို့
ထင်တယ်ပေါ့ဗျာ။မြန်မာတစ်နိုင်ငံလုံး
၃၅ ရာခိုင်နှုန်းပဲ မီးရသေးတဲ့ ကိစ္စတွေက
နောက်ပိုင်း လူတွေအကုန်လုံးချမ်းသာလာရင်
၁၀၀ ရာခိုင်နှုန်း သေချာပေါက်မီးရလာမှာပေါ့ဗျာ။
ဟုတ်ဘူးလား . . . . . . . 😁😁😁😁
နောက်ရှိပါသေးတယ်ဗျာ ဆောင်ပုဒ်တွေ
စက်မှုစွမ်းအားခေတ်ကျော်လွှား ဆိုပြီး . . . ဘယ်ခေတ်ကို
ဘယ်လိုများ ကျော်လွှားနေကြပါလိမ့်။ ဥရောပမှာတော့
၁၉ ရာစုလောက်ကတည်းက စက်မှု ခေတ်ပြောင်း
တော်လှန်ရေးဆင်နွဲပြီး တစ်ခေတ်ပြီးတစ်ခေတ်ပြောင်း
လာလိုက်တာ အိုင်တီခေတ်ဆိုတာကြီးကို ပီပီပြင်ပြင်
ရောက်နေပြီပေါ့ဗျာ။ သူတို့ ဆီမှာက တစ်ခေတ်ကုန်ပြီး
တစ်ခေတ်ပြောင်းတာဆိုတော့ နောင်လာနောင်သားတွေ
အရင်ခေတ်ကိုမသိရတော့ဘူးပေါ့ဗျာ။ ကျနော်တို့ဆီမှာတော့
အဲလိုမဟုတ်ဘူး အိုင်တီခေတ်လည်းမီတယ် ၊ ဖေ့ဘုတ်
တွစ်တာ ဝီချက် ဗိုင်ဘာ အစုံသုံးတယ် ။ ဒါအိုင်တီခေတ်ပဲ
ပြီးတော့ နွားနဲ့ လည်း လယ်ထွန်နေတုန်းပဲ ။
ခေတ်စုံကိုမီတယ်ပေါ့ဗျာ။ ခေတ်ကျော်တာမကျော်တာ
အသာထား ခေတ်စုံကိုမီနေတယ်ဆိုတော့လည်း
တစ်ပန်းသာတာပေါ့ဗျာ . . . . ။
နောက်တစ်ခုပေါ့ဗျာ . . . ဆောက်လုပ်ရေးရဲ့ စွမ်းပကား
ဘာဖြစ်တယ် ညာဖြစ်တယ် ပေါ့လေ ဆောင်ပုဒ်တစ်ခု
သေချာတော့မမှတ်မိတော့ဘူး ။ ဒါပေမဲ့ ဆောက်လိုက်တဲ့
တံတားတွေက ဒီပုံစံတွေချည်းပဲ ။ ဒါလည်း တစ်မျိုးကောင်း
တယ်လို့ဆိုရမယ် . . . ကိုယ်ပိုင်နိုင်တဲ့ပုံစံကိုပဲဆောက်တာ
ပေါ့ဗျာ ။ မပိုင်နိုင်ပဲ အဆန်းထွင်ပြီးဆောက်မိလို့
ဟိုမြို့ကကြိုးတံတားလို ပြတ်ကျမှာလည်းစိုးရိမ်ရတယ်ဗျ။
ဆောင်ပုဒ်ပိတာလည်း မပြောပါနဲ့ ဆောင်ပုဒ်ဆိုတဲ့
အမျိုးက ကြီးလေ ပြောရတဲ့လူရော နားထောင်ရတဲ့
လူရော စီးစီးပိုင်ပိုင်ရှိတာကိုးဗျ ။အရင်နှစ်နှစ်ကျော်
လောက်ကဆို ဆောင်ပုဒ်တစ်ခု တော်တော်ခေတ်စား
သွားသေးတယ်ဗျ ။ ဘာလဲဆိုတော့ ပြောင်းလဲချိန်တန်ပြီ
ဆိုတာပေါ့ဗျာ ။ အဲဒီအချိန်တုန်းက အပြောင်းအလဲ
ဆိုတာ ဘာများလဲပေါ့လေ . . . ကျနော်အပါအဝင်
လူတိုင်းက သိချင်နေခဲ့တာပေါ့ဗျာ ။ ဒီအတိုင်းကြီးနေရတာ
ရိုးလာပြီလေဗျာ . . . အပြောင်းအလဲလေးတော့
ဖြစ်ချင်ကြတာ ဓမ္မတာပဲဆိုပါတော့ ။ကဲ ဒီတော့
ပြောင်းလဲချိန်တန်ပြီဆိုတော့လည်း ပြောင်းလဲမယ်ကွာ
ဆိုပြီး ပြောင်းလဲခဲ့ပါတယ် ။ အခုအချိန်မှာ ကျနော်
ပြန်သုံးသပ်ကြည့်မိတယ် . . . ကျနော်တကယ်
ပြောင်းလဲခဲ့ပြီလားပေါ့လေ . . . အဟုတ်ပါပဲ
ကျနော်တကယ်ပြောင်းလဲခဲ့ပါပြီ . . . ကျနော်လူပျို
မဟုတ်တော့ပါဘူး . . . မိန်းမနဲ့  ကလေးနဲ့  ဖြစ်နေပါပြီ
. . . ကလေးတောင် ၆ လပြည့်တော့မယ်ဗျ ။အဲ . . .
ဟုတ်ပြီ တစ်ခြားရော ဘာတွေပြောင်းလဲသေးတုန်း ပြောပါအုံး
ဆိုရင် . . . အဲ . . အဲဒါတော့ ပြည်သူနှင့်အတူ ပေါ့ဗျာ။
ဘယ်လို . . . ???
အဲ့ . . . ပြည်သူနှင့်အတူ ဆိုပါတော့ဗျာ 😁😁😁😁
MSC-105@thettinaung
ဒီနေ့ pro ရှိတယ်နော် bro
တင်ထားပါတယ်ဗျ thanks Bro
ကလေး အနှီး လျှော်နေရလို့ အရင်ပတ်တွေက pro မတင်တားလားဗျ
သူများလို လျှော်ချင်ရင် သူများလိုရအောင်လုပ် :D
ရှိသေးတယ်။နိုင်ငံခြားသားများကို ကူညီစောင့်ရှောက်ပါတဲ့။ မြန်မာအချင်းချင်းတော့ မကူညီခိုင်းတာလားမသိပါဘူး။ဆိုင်းဘုတ်တွေပြောပါတယ်။
ဟုတ်တယ် ဘဒို တစ်ချို့နေရာမှာ နိုင်ငံခြားသားတွေအတွက် အိမ်သာတောင်သီးသန့်ဗျ
ပျောက်သွားတာတောင် အတော်ကြာ
ဟုတ်ပါတယ် ဘရို
ပြည်ပအားကိုး ပုဆိန်ရိုး ဆိုလား ဘာလား ရှိသေးတယ်
အလုပ်ဝင်စာမေးပွဲမှာ ရှေ့ပြန်နောက်ပြန် အလွတ်ကျက်ခဲ့ရတာပေါ့ဗျာ :D
ဆောင်ပုဒ်တွေ အလွတ်မှတ်မိနေတာပါလားဗျ။
စာစီစာကုံးတောင် ရေးခဲ့ရသေးတယ် ဘဒိုရေ :D
ဟားးးဟုတ်သလိုလိုပဲဗျ
ဟုတ် ဖတ်ပေးလို့ ကျေးဇူးပါဗျာ :D :D
ဖတ်ရတာကို အားရပါးရ ရှိလှပါတယ်
ဆောင်ပုဒ်တွေကလည်း အရမ်းလှ 😂😂😂
ကျေးဇူးပါဗျ ဖတ်ပေးလို့
ဆောင်ပုဒ်များရဲ့ နိုင်ငံတော် 😁
ဟုတ်ပဗျာ မရိုးနိုင်အောင်ပါပဲဗျ
အရေးသားတွေက လိုက်နာစရာ ကျင့်ဆောင်စရာ
တွေးတောစရားများ အလွန်ကောင်းလှပါသည်
ဟုတ်ကဲ့ပါဗျ
မရေးတော့လည်းမရေးဘူး
ရေးတော့လည်း တစ်လုံးတစ်ခဲကြီး 😁😁😁😂😂
ရေးချင်နေတာကြာပြီ ဘရို :D :D
ဘယ်လိုတောင်ပြောရပါ့
ဟုတ် ပြောချင်တာသာ ပြောလိုက်ပါဗျ :D
နိုင်ငံရေးတွေ ပါလာပြီလားဗျ😁😁😁
ဟုတ်ရပါဘူးဗျ ၊ ပဲဟင်းနဲ့ ငပိကြော်က တစ်ခါတစ်လေပဲကောင်းတာပါဗျ :D
အမှန်တွေပဲရေးထားတာ။
ဟု တ်ပါ့😂😂😂
နိုင်ငံတော်ကြီးအတွက်ပေါ့ဗျာ
အဲဗျာ ရှင်းသွားလင်းသွားတာပဲ ရေးတတ်ပဗျာ။ satire စစ်ပါတယ်။
ဟုတ်ကဲ့ အကို ဖတ်ပေးလို့ ကျေးဇူးပါဗျာ
ပြည်သူနဲ့အတူဆိုတော့
အစိုးရလိုပဲလား 😂
ပြောဘူး 😁😁
ပြောင်းလဲမှုကတော့ ပြောင်းလဲတယ်ပဲထားလိုက်တာကောင်းပါ
တယ် သားလေးရေ
ဟုတ်ကဲ့ပါဗျ