သီတင်းကျွတ်အလုပ်ပိတ်ရက်နီးပြီးဖြစ်၍ ကျနော်တို့ရုံး၌ ဝန်ထမ်းများအားလုံး လုပ်လက်စ စာရင်းဇယားလေးများအား ပိတ်ရက်မရောက်ခင် အပြီးသတ် စာရင်းချုပ်နေရသောကြောင့် တစ်ရုံးလုံး အလုပ်ရှုပ်နေကြသည်။ပင်ပန်းပေမယ့်လည်း ပိတ်ရက်လေးများတွင် ကိုယ်ရဲ့မိဘဆွေမျိုးများနှင့် တွေ့ဆုံကန်တော့ရင်း သီတင်းကျွတ်ပိတ်ရက်ကို အနားယူကာ ပျော်ရွှင်စွာဖြတ်သန်းကြရမည့်အတွေးကိုယ်စီဖြင့် ကျနော်တို့အားလုံး တက်ကြွနေကြပါသည်။နယ်မှမိသားစုနှင့် ခွဲခွါကာအလုပ်လုပ်နေရသော ကျနော်တို့အဖို့ ပိတ်ရက်ရသည့် အချိန်များတွင်သာ မိသားစုနှင့်တွေ့ဆုံရမည်ဖြစ်သောကြောင့် ပိုမိုပျော်ရွှင်မိပါသည်။်ငယ်စဉ်ကတည်းက သားဦး မြေးဦးဖြစ်ပြီး အဖိုးအဖွါး အဖေအမေများရဲ့ ဂရုစိုက်စောင့်ရှောက်မှုများကြားမှာ ကြီးပြင်းလာရသောကျနော်သည် ယခုလိုတစ်နယ်တစ်ကျေးတွင် လာရောက်အလုပ်လုပ်ကိုင်နေရသည့်အချိန်များ၌ နွေးထွေးလှသည့် မိဘရင်ခွင်ကိုသာ အမြဲတမ်းတလေ့ရှိပြီး အခါအခွင့်သင့်တိုင်းပြန်လည်ခိုလှုံနိုင်ရန်သာ ကြိုးစားမိပါသည်။
ကျနော်နယ်ပြန်ရောက်လျင် အဓိက ကန်တော့ရမည့်သူများမှာ ကျနော့်ရဲ့မိဘများအပြင် ကျနော့်ကိုငယ်စဉ်ကတည်းက ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ပြီး မိဘတွေနဲ့မခြား မေတ္တာတွေပေးခဲ့တဲ့ ကျနော့်ရဲ့အဖိုးအဖွါးများပင်ဖြစ်ပါသည်။အခုအချိန်မှာ ကျနော့်အဖိုးအဖွါးတွေဟာ အသက်အားဖြင့် အဖိုးအသက်မှာ ၈၀ကျော်ပြီး အဖွါးမှာ ၇၀ကျော်ရှိပြီ ဖြစ်ပါသည်။သို့ပေမယ့် တောသူတောင်သားများပီပီ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော်လည်း အနားမယူကြသေးဘဲ ပါတ်ဝန်းကျင်ရှိ သွားလာနေထိုင်သူများအတွက် အကျိုးရှိစေမည့်အလုပ်ဆိုလျင် တတ်စွမ်းသလောက်လုပ်လေ့ရှိကြပါသည်။ကျနော့်အဖိုးဆိုလျင် ကျနော်တို့ရွာလေးမှ ခုနှစ်မိုင်လောက်ကွာဝေးသည့် မြို့ပေါ်သို့ပင် စက်ဘီးလေးဖြင့် အသွားအပြန်လုပ်နိုင်ပါသေးသည်။တစ်ခါတစ်ရံ ကျနော့်ကို စိတ်မချတာရော, ပူပန်တတ်တာရောကြောင့် ကျနော်နေထိုင်အလုပ်လုပ်သည့် ရန်ကုန်မြို့သို့ လိုက်လည်ခြင်သည်ဟုလည်း ပြောတတ်ပါသေးသည်။ အဖိုးမှ လိုက်ခြင်စိတ်ရှိပြီး လိုက်နိုင်ပြီဆိုသော်လည်း အဖိုးရဲ့အသက်အရွယ်အရ ခရီးအဝေးကြီးသွားရန်မသင့်လျော်သောကြောင့် ကျနော်သာ ပိတ်ရက်ရတိုင်း အဖိုးအဖွါးဆီမပျက်မကွက်ပြန်နိုင်အောင် ကြိုးစားရပါသည်။
ကျနော်တို့ရွာအဝင်လမ်းထိပ်တွင် ရွာဦးစေတီနှင့်ဘုန်းကြီးကျောင်းလေး တည်ရှိပါသည်။ကျနော်တစ်ရွာလုံးရှိ ရွာသူရွာသားများအားလုံးသည် သောက်သုံးရေရရှိရန် ဘုန်းကြီးကျောင်းရှေ့ရှိ ကန်ကြီးထဲတွင် လာရောက်ခပ်ယူလေ့ ရှိကြပါသည်။ရွာထဲရှိသောက်သုံးရေ လာရောက်ခပ်ယူသူများရော,လပြည့် လကွယ်နေ့တိုင်း ဘုန်းကြီးကျောင်းသို့ ဥပုဒ်သီလဆောက်တည်ရန် လာရောက်ကြသူများပါ ဖြတ်သန်းသွားလာရင်း ခူးယူစားသောက်နိုင်စေရန် ရည်ရွယ်ချက်လေးဖြင့် ကျနော့်အဖိုးသည် ညနေခင်းတိုင်း ကန်ပေါင်ပတ်လည်ပေါ်တွင် သရက်ပင်,ငှက်ပျောပင်,ပိန္နဲပင်,မာလကာပင် အစရှိသော နှစ်ရှည်ခံအပင်လေးများနှင့် ရာသီပေါ်အသီးအနှံပင်လေးများဖြစ်သည့် ဗူးပင်,ပဲပင်,ပြောင်းဖူးပင်လေးများကို နှစ်စဉ်နှစ်တိုင်း မပျက်မကွက် စိုက်ပျိုးထားလေ့ရှိပါသည်။
သားသမီးများ၏ ထောက်ပံ့မှုများနှင့်ရော,့်ငယ်ရွယ်စဉ်အချိန်ကတည်းက ကြိုးကြိုးစားစားရှာဖွေစုဆောင်းထားသည့် လယ်ခင်းယာခင်းများ,ထန်းတောများဖြင့်ပါ အခုအချိန်မှာ ကျနော့်အဖိုးနဲ့အဖွါးဟာ ပူပင်ကြောင့်ကြမှုမရှိဘဲ အေးချမ်းစွာနေထိုင်နိုင်ပြီဖြစ်သော်လည်း သက်သာစွာအနားမယူသေးဘဲ ခုချိန်ထိ ရွာရဲ့သာရေးနာရေးမည်သည့်ကိစ္စကိုမဆို အဖိုးနဲ့အဖွါးဟာ စိတ်ရောကိုယ်ပါ ပါဝင်ကူညီလုပ်ကိုင်လေ့လည်း ရှိကြပါသည်။ခုချိန်ထိ သန်သန်မာမာနှင့် ကျန်းမာရေးနှင့်ညီညွတ်စွာ အများအကျိုးအတွက် လှုပ်ရှားလုပ်ကိုင်နေဆဲဖြစ်လို့ အဖိုးနဲ့အဖွါးဟာ တခြားသော သက်ကြီးရွယ်အိုများထက်ပို၍ ကျန်းမာသည်ဟုလည်း ကျနော်ထင်ပါသည်။ဒီနေရာမှာ ကျနော်တွေးမိတာလေးတစ်ခုကို ထည့်ပြောခြင်ပါသည်။ကျနော်တို့ရဲ့ အဖိုးအဖွါးအများစုသည် အသက်အရွယ်အိုမင်းချိန်တွင် ဘုရားသွားကျောင်းတက်အလုပ်များ လုပ်ရမည့်အပြင် အိမ်တွင်လည်းမိမိဝါသနာအလိုက် စာဖတ်ခြင်း,သစ်ပင်ပန်းပင်လေးများစိုက်ပျိုးခြင်း,ကိုယ်တတ်စွမ်းလုပ်ကိုင်နိုင်သလောက် အများအကျိုးအတွက် လူမှုရေးကိစ္စများတွင်ပါဝင်လုပ်ကိုင်ခြင်းဖြင့် အသက်အရွယ်ကြီးရင့်ချိန်မှာဖြစ်တတ်သော အထီးကျန်ဆန်မှု,ကျန်းမာရေးချို့တဲ့မှုများမှ အထိုက်အလျောက်ရုန်းထွက်နိုင်မည်ဟု ကျနော်ထင်မြင်မိပါသည်။
ကျနော်တို့ရွာတွင် ကျနော်သိတတ်စအရွယ်မှ ခုချိန်ထိ ကိုယ်စိုက်သည့်ထန်းပင်မှအသီးအပွင့်ကို ပြန်လည်စားသုံးခွင့်ရသည့်သူမှာ ကျနော်သိရသလောက်ပြောရရင် ကျနော့်ရဲ့အဖိုးတစ်ဦးပင်ရှိပါသည်။အဖွါးနဲ့အိမ်ထောင်ကျပြီး အဖိုးအသက်၂၅နှစ်အရွယ်လောက်မှာ ထိုထန်းတန်းကြီးကို စတင်စိုက်ပျိုးခဲ့ပါသည်။ယခုအဖိုးစိုက်ပျိုးထားသည့် ထန်းပင်တွေရှိသည့်နေရာသည် ဟိုယခင်အချိန်တုန်းက ချုံနွယ်ပိတ်ပေါင်းများအလွန်ထူထပ်ပြီး ထင်းခွေရန်ပင် မည်သူတစ်ဦးတစ်ယောက်မျှမဝင်ရဲသည့် "ချုံတောကြီး"ဟုတစ်ရွာလုံးက ခေါ်တွင်ကြသော နေရာတစ်ခုဖြစ်သည်။ထိုချုံတောကြီးကို ကျနော့်အဖိုးမှ နေ့စဉ်အချိန်မှန်မှန် တစိုက်မတ်မတ်ရှင်းလင်းကာ လယ်ကန်သင်းလုံးကြီးပြုလုပ်ပြီး ထိုကန်သင်းပေါ်တွင် ထန်းပင်များ အမြောက်အမြားကို စီတန်းစိုက်ပျိုးခဲ့ပါသည်။အဖိုးစိုက်ပျိုးထားသော ထန်းပင်များမှထွက်သည့် ထန်းရည်,ထန်းသီး,ထန်းညက်များကို လွန်ခဲ့သော ၁၀နှစ်ခန့်ကတည်းပင် ကျနော်တို့တစ်မျိုးလုံး စားသုံးခွင့်ရခဲ့ကြပါသည်။အဖိုးနဲ့အဖွါးရဲ့ ငယ်ရွယ်စဉ်အချိန်ကတည်း တက်ညီလက်ညီကြိုးစားစုဆောင်းခဲ့ခြင်းတို့ကြောင့် သားသမီးမြေးမြစ်များဖြစ်သည့် ကျနော်တို့အားလုံးပါ ရွာတွင် ငယ်စဉ်ကတည်းခုချိန်ထိ မပူမပင်ဖြင့် အခြေတကျနေထိုင်နိုင်ခဲ့ပါသည်။အဖိုးအဖွါးများရဲ့ စည်းစနစ်တကျ ဆုံးမသွန်သင်သည့်လမ်းစဉ်အတိုင်း ကြိုးစားခဲ့မှုများကြောင့်လည်း ကျနော်တို့အားလုံး ခုချိန်မှာကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေနိုင်ပြီဖြစ်ပါသည်။
ကျနော်ချစ်ခင်လေးစားရတဲ့ ကျနော့်အဖိုးနဲ့အဖွါးအကြောင်းကို ဆက်လက်ရေးသားပါဦးမည်။
writing by @thihakoko
သာဓု သာဓု
ကျေးကျေး ပါဗျ
အကို့ရေမင်္ဂလာပါ vote and followခဲ့တယ်နော် ကျွန်နော်ကိုလဲvote and followပြန်ပေးပေးပါအုံးဗျ friနည်းနေလို့
ok bro
@thihakoko So much information thanks for sharing.
thank you
good post
သာဓု သာဓု သာ
မင်္ဂလာပါ follow
မင်္ဂလာပါ
အရမ်းကောင်းပါတယ်
good post
thanks sis
Good
thanks
အသက်ကြီးသွားသူများအတွက် စိတ်ဖြေရာပါဗျာ
ဟုတ်ကဲ့ အစ်ကို ကျေးကျေး ပါဗျ
votesခဲ့ပါတယ်ဗျ
me too bro
ထန်းတော ရှိတဲ့ နေရာကို တနေ့တော့ အရောက်လာခဲ့အုံးမယ်။