ျွန်​မနှင့်​ Alcohol

in #myanmar7 years ago (edited)

received_2127211664231762.jpeg

Alcohol ဆိုတဲ့ သေရည်သေရက်သည် မူးရစ်စေသည်၊စွဲလန်းစေသည်၊စိတ်ညစ်မှု့များပြေပြောက်စေသည်။

90% boy များနှစ်ချိုက်စေသော အရာဖြစ်သည်။
ထို့ကြောင့် ကျွန်မ၏ ပတ်ဝန်းကျင်တွင် အရက်သောက်သူအများအပြားရှိခဲ့ဘူးသည်။

ထိုအထဲတွင် ကျွန်မ၏ ချစ်လှစွာသော ဖေဖေ လည်း အပါအဝင်ဖြစ်သည်။

မိုးလင်းစ အချိန်တွင် အိမ်ရှေ့မှ ကြေးစည်သံ နှင့်အတူ “ဆွမ်းတော်ဗျို့ ............ဆွမ်းတော်ဗျို့”ဟူသော အသံမှာ ကျွန်မ၏ အိပ်ခန်းအတွင်းသို့ ပြန့်လွင့်လာခဲ့သည်။
အေးမြသော လေပြေလေညင်းလေးများ နှင့်အတူ
သာယာစွာနိုးထခဲ့ဘူးသည်။

ထို့နေ့သည် ကျွန်မ၏ ဖေဖေ ဆေးရုံမှဆင်းသော နေ့
ဖြစ်သည်။

“သမီးရေ မေမေ့ကို သွားခေါ်စမ်း ဖေဖေနေရတာ မကောင်ဘူး" ဟုတ်ကဲ့ဖေဖေ သမီးသွားခေါ်လိုက်မယ် ဆိုပီး ကျွန်မအမေ ရှိရာ မီးဖိုထဲသို့ အပြေးအလွှားသွားခေါ်နေစဉ်မှာပဲ “အော့ ဆိုပီး ပါးစပ်ထဲမှ သွေးများ အန်လာသည်။

ဒါ အစာအိမ်သွေး ကြောပေါက်တာပဲ သမီးတို့ ဆေးရုံသွားကြစို့ ၊
ဖေဖေမေမေ အားလုံးအဆင်ပြေသွားမှာ ဆိုပီး
တစ်ယောက်ထဲ မျက်ရည်ကျခဲ့တာ ဘယ်သူသိနိုင်မလဲ

ဆေးရုံ၏အစာအိမ်နှင့်အူလမ်းကြောင်းဌာနသို့ ဆေးရုံတက်ခဲ့ရသည်“ငါသာယောကျာ်းလေးဖြစ်လိုက်ပါ
တော့၊မောင်နှမတွေရှိချင်လိုက်တာ၊ကူညီမဲ့သူတစ်ယောက်မှမရှိပါလားလို့ရေရွတ်မိပါတော့သည်

”မှောင်မိုက်သော ညတွေကိုအံတုရင်း အတွေးများက လွန်ခဲ့သောသက္ကရာဇ် 2000 ခုနှစ်သို့ရောက်သွားခဲ့
လေပြီ။

“သောက်သောက် နင် အဲ့အရက်ကိုသောက် သေသွားလဲအေးတာပဲ ငါသီးမခံနိုင်တော့ဘူး"
နေ့တိုင်းလိုလို ကြားနေရတဲ့ ကျွန်မ အမေရဲ့အသံပါပဲ

“ငါ့ဟာငါသောက်တာ ဘယ်သူထိခိုက်လို့လဲ ”
ဆိုတဲ့ ကျွန်မအဖေရဲ့အသံပါပဲ ကျွန်မကတော့ ငယ်
ငယ်ရွယ်ရွယ်နဲ့ စိတ်ထိခိုက်မှု့ခံစားခဲ့ရတယ်။

အိမ်စီးပွားရေးအနေနဲ့ Restaurant & Snooker club တခုရှိခဲ့တယ်၊အရက်နဲ့ပတ်သက်ပီး ရင်နှီးကျွမ်းဝင်ခဲ့တယ်၊အဓိက ကျွန်မ အဖေနဲ့ပတ်သက်ပီး ကျွန်မ အရက်အကြောင်းပိုသိခဲ့တယ်။

ကျွန်မမှာ well power တွေရှိခဲ့တယ် ငယ်ငယ်ရွယ်ရွယ်နဲ့ လူကဲခပ်နိုင်လာခဲ့တယ်။

(1)လူတစ်ယောက်ကို ဖုန်းနဲ့စကားပြောကြည့်ယုံဖြင့် အရက်သောက်ထားလားသိနိုင်တယ်။

(2)ညပိုင်းမသိအောင်အရက်သောက်ထားလဲ မနက်
ရောက်ရင်ညကအရက်သောက်ထားမှန်းသိနိုင်တယ်။

(3)ဘာအရက်သောက်ထားလဲ ဥပမာ Red/Blue/Black label,Grand Royal,ABC,Tiger, Myanmar,Army,Rum,ဂျင်,နောက်ဆုံး BE ကစ ခွဲနိုင်ခဲ့တယ်။

(4)ကျွန်မ၏ နှာခေါင်းက အနံ့နဲ့ပက်သတ်လာရင် sensitive ဖြစ်ခဲ့တယ်။

ထို့ကြောင့် ကျွန်မအဖေက အရက်နှင့်ပတ်သက်လာ
ရင် ကျွန်မအား လိမ်လို့မရခဲ့ပါ။

“ဖေဖေ ဖေဖေ သမီးသူငယ်ချင်းတွေကို အိမ်မခေါ်ချင်ဘူး ဖေဖေက အရက်သောက်လို့ ”
“ဖေဖေ ဖေဖေ သမီးကို ချစ်ရင် အရက်မသောက်ပါနဲ့ နော်”
“ဖေဖေ ဖေဖေ မေမေ့ကို စိတ်ညစ်အောင် မလုပ်ပါနဲ့ အရက်မသောက်ပါနဲ့”
သမီးတို့ဒီဆိုင်ကြီးမဖွင့်တော့ဘူး ဟိုးးအဝေးကြီးမှာသွားနေကြမယ်လေနော် လို့ အမြဲပြောဖြစ်ခဲ့တယ်။

“သမီးက ဖေဖေ့ ဘဝ ဖေဖေ့ အလင်းရောင်”
မေမေ့ကိုလဲချစ်တယ်သမီးလေးကိုလဲချစ်တယ်
အရက်သောက်တာ သူများပစ္စည်းခိုးတာမှမဟုတ်တာလို့ ပြောခဲ့တယ် ဒါပေမယ့် နားလည်မပေးနိုင်ခဲ့ဘူး။
ဖေဖေနဲ့မေမေ အရက်ကြောင့် အမြဲရန်ဖြစ်နေတဲ့ မြင်ကွင်းပဲမြင်ခဲ့ရတယ်။

လူမှန်းသိတက်စကတည်းက ဘုရားရှိခိုးတိုင်းတောင်းတဲ့ဆုက ဖေဖေအရက်မသောက်ပါစေနဲ့ဆိုတဲ့ဆုပဲ။ ကျွန်မ ဘဝမှာ ဒီတခုထဲ အလိုချင်ဆုံးဖြစ်ခဲ့ရပါတယ်။

ကျွန်မ အမေတောင်းတဲ့ဆု ကတော့ တားမရတဲ့အဆုံး အရက်ဝင်တာနဲ့ သွေးအန်ပါစေလို့ ပြင်းပြင်းထန်ထန်ဆုတောင်းမိတယ်တဲ့ အဲလိုတွေတောင်းခဲ့မိတာ နှစ်
တွေကြာခဲ့လေပြီ။
ဒီနေ့ဒီအချိန်မှာ အဲ့ဆုတွေပြည့်လာတာလား၊မေမေ့ဆုတောင်းကြောင့် ဖေဖေဒုက္ခရောက်ရပီလားဆိုတဲ့
စိတ်တွေနဲ့ မေမေနဲ့ကျွန်မ မျက်ရည်ကျခဲ့ရလေပြီ။

ကျွန်မ၏နယ်လွန်နေသော အတွေးများနှင့်အတူ
ပါးပြင်ပေါ်မှာ စီးကျလာသော မျက်ရည်စများအား
သုတ်ရင်း ဆရာဝန်အခန်းမှ ပြန်လာနေသော မေမေ့အား လှမ်းကြည့်မိတော့သည်။

ညှိုးနွမ်းနေသောမျက်နှာ ပါးလွှာလွှာ ဆံပင်လေးကို ချီနှောင် ဝမ်းနည်းမှု့မျက်လုံးများကို ဖုံးကွယ်ရင်း အားတင်းစွာ ပြုံးပြလာသော အပြုံးတခုကြောင့် ကျွန်မခွန်အားတွေ ဖြစ်ခဲ့ရတာ ဘယ်သူသိနိုင်မှာလဲ။

ရှေ့နောက်ပေါင်းမှ ကျွန်မနဲ့မေမေ နှစ်ယောက်ထဲ
ရှိခဲ့ရတဲ့နေ့တွေ့ အကူညီကင်းမဲ့ ခဲ့တဲ့နေ့တွေ ငွေ
အခက်အခဲ ဖြစ်ခဲ့ရတဲ့နေ့တွေ ခြောက်ခြားလွန်းတဲ့
ဆေးရုံပေါ်က ညတွေကို များစွာကျော်ဖြတ်ခဲ့ဘူးသည်။

ကျွန်မသည် ကျွန်မဖေဖေ အသက်ရှင်ဖို့ဆို ဘာလုပ်ရလုပ်ရဟု ဖြစ်ခဲ့ဘူးသည်။ ဘာသာပေါင်းစုံ ဘုရားပေါင်းစုံအား ဆုတောင်းခဲ့ဘူးသည်။ကျွန်မမှ လွှဲ၍ မြင်မြင်သမျှ ပျော်စရာကောင်းတဲ့ဘဝတွေ ပိုင်ဆိုင်ထားပါလား လောကကြီးမတရားဘူး ဟု ကံဇာတ်ဆရာအား အပြစ်ပုံချဘူးသည်။

ဖေဖေကြောင့်ပဲ ဆေးရုံဆေးခန်းနဲ့ အကျွမ်းတဝင်ဖြစ်ခဲ့တယ်။အတွေ့အကြုံတွေအများကြီးရခဲ့တယ်။
လောကဒဏ်ကိုကြံကြံခံနိုင်ခဲ့တယ်။
လောကကြီးမှာ ကျန်းမာရေးက နံပါတ်တစ်ပဲဆိုတာ သိခဲ့ရတယ်။လူအမျိုးမျိုး ရောဂါအမျိုးမျိုး နဲ့ ဒုက္ခပေါင်းစုံ
ရောက်နေတဲ့သူတွေ အရမ်းများတာ တွေ့ခဲ့ရတယ်။

“သမီးရေ သမီးရေ ”မေမေ့ခေါ်သံပါလား “ရှင် မေမေ”
သမီးရေ ဖေဖေကြီး အားလုံး OK တဲ့ အရက်ကတော့လုံးဝသောက်လို့မရတော့ဘူးတဲ့ နှစ်ရက်လောက်နေ
ရင် ဆေးရုံက ဆင်းရမယ်တဲ့။

လောကကြီးတခုလုံး အေးချမ်းစွာခံစားလိုက်ရတယ်။
ကြက်သီးတွေတောင် ဖြင်းကနဲ ထသွားတဲ့ခံစားချက်မျိုး ဆုတောင်းတွေလဲပြည့်ခဲ့ပီ နှစ်ပေါင်းများစွာ မပျော်ရွှင်ခဲ့ရပဲ အခု သိန်းတသောင်းဆုကြီး ပေါက်တဲ့ခံစား
ချက်မျိုး ခံစားလိုက်ရတယ်။

ပျော်လွန်းလွန်းကျတဲ့မျက်ရည်ကို ခွက်နဲ့ခံပီး ပြတိုက်ထဲမှာ သိမ်းထားလိုက်ချင်တယ်။

ကျွန်မမှာတော့ အဲ့လိုခံစားချက်မျိုးခံစားဘူးတယ်။
လူတိုင်းလူတိုင်းမှာ အလိုချင်ဆုံးမျှော်လင့်ချက်တခုဆီတော့ ရှိကြတာပဲလေ အဲ့ဆုလေးတွေပြည့်ခဲ့ရင်
ကျွန်မလိုပဲ ပျော်ရွှင်ကြမှာပါပဲ။

အရက် ဆိုတဲ့ အရာဟာ ဘဝအမောတွေပြေစေတာလား ။
စိတ်ညစ်မှု့တွေပြေပြောက်စေတာလား။
ဒါမှမဟုတ် ဒုက္ခရောက်စေသောအရာလား။
ကံဆိုးမှု့တွေရောက်လာစေတဲ့အရာလား။

အို ဘာပဲဖြစ်ဖြစ် ကျွန်မအတွက်တော့ Alcohol ဆိုတာ ကံဆိုးမှု့ တစ်ခုပါပဲ။

ဘဝအချိုးအကွေ့အနိမ့်အမြင့်တွေကြားမှာ
ကျွန်မ ဘဝသည် ကံဇာတ်ဆရာ၏ အလိုအတိုင်း
ဆက်လျှောက်ရပေအုံးမည်။

ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း ကြောက်ရွံ့ခြင်း ပူဆွေးခြင်း
ဒေါသထွက်ခြင်း လွမ်းဆွေးခြင်း တွေနဲ့ ဘဝကို ခရီး
ဆက်ရပေအုံးမည်။

Sort:  

ရေးထားတာ​တွေ​ကောင်းပါတယ်​ဗျ ဖိုက်​တင်း