အိုးပုတ်​ ပွဲသို့တစ်​​ခေါက်

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာချမ်းသာ ကြပါ​စေ။

ဒီ​နေ့​တော့ မန္တ​လေးရဲ့ မ​ရောက်​ဖူးတဲ့​နေရာ​လေးကို သွားဖြစ်​ခဲ့တယ်​။တစ်​နှစ်​မှ တစ်​ကြိမ်​သာ ကျင်းပတဲ့ပွဲ​တော်​​လေးလည်းဖြစ်​၊ချစ်​စရာ မြန်​မာ့ဓ​လေ့ကို​ဖော်​ညွှန်း​နေတဲ့ ပွဲ​လေးလည်းဖြစ်​ပါတယ်​။

received_2427145624178427.jpeg

ဒီလိုပွဲ​လေး​တွေ ​ရှေးအစဉ်​အဆက်​က ကျင်းပခဲ့ပြီး အခုချိန်​ထိ လက်​ဆင့်​ကမ်းသယ်​​ဆောင်​လာတဲ့ ရိုးရာဓ​လေ့​လေးလည်းဖြစ်​ပါတယ်​။ အဲ့ဒါက​တော့ မန္တ​လေးမြို့ရဲ့ နာမည်​ကြီးပွဲတစ်​ပွဲ ဖြစ်​တဲ့ အိုးပုတ်​ ပွဲပဲဖြစ်​ပါတယ်​။ ကစားစရားအိုးပုတ်​​လေး​တွေကလည်း အစုံ ၊ အရုပ်​ပုံစံ၊အ​ကောင်​ပုံစံ​လေး​တွေနဲ့ ထုလုပ်​ထားတဲ့ ရွဲ့ နဲ့ပြုလုပ်​ထားပြီး အ​ရောင်​​လေး​တွေမျိုးစုံ​အောင်​ခြယ်​သ ထားပြီး ခင်းကျင်းပြသတဲ့ ချစ်​စရာ ရိုးရာပွဲ​လေးလည်းဖြစ်​ပါတယ်​။

received_2427145624178427.jpeg

ပွဲရက်​မ​ရောက်​​သေး​တော့ သိပ်​မစည်​လှ​ပေမယ့်​ ​တော်​​တော်​များများ​တော့ ​ရောက်​​နေကြပြီ။ စုပူး​လေး​တွေကို ပုံစံအမျိုးမျိုးနဲ့ထွင်းထုထားတာ​လေး​တွေ တကယ်​ကို ချစ်​စရာ​ကောင်းပါ​ပေတယ်​။သြော်​..ဘယ်​တိုင်းပြည်​..ဘယ်​နိုင်​ငံမှာမှ မရနိုင်​တဲ့ တို့မြန်​မာကရိုးရာ​လေး​တွေ၊ချစ်​စရာ ဓ​လေ့​လေး​တွေဟာ တို့မြန်​မာပြည်​ကို တစ်​ဖက်​တစ်​လှမ်းက​နေ အလှဆင်​​နေကြတာပဲမဟုတ်​လား။

received_298034554290179.jpeg

အိုဘယ့်​မြန်​မာ ဘယ်​လို​တွေများလှ​နေတာလဲဆိုပြီး ချစ်​စရာရိုးရာ​လေး​တွေပြည့်​နက်​​နေတဲ့ ပန်းချီ ကားတစ်​ချပ်​ကို ကမ္ဘာကြီး သိ​အောင်​ပြလိုက်​ချင်​တယ်​။ ဒီလို ရိုးရာ​လေး​တွေ မ​ပျောက်​ပျက်​ဘဲ အမြဲထာဝရ မြန်​မာပြည်​ကြီးနဲ့အတူ တည်​ရှိ​နေပါ​စေ။ ဒီလိုအလှတရား​တွေ ​ရေရှည်​ တည်​တံ့ပါ​စေဆု​တောင်းလိုက်​ပါရ​စေ။

@thithisann
Msc 262

Sort:  

ချစ်စရာလေးတွေ
ရိုးရာပွဲ ထိန်းသိမ်းတဲ့ အနေနဲ့
နိုင်ငံတော်က ဆုပေးပွဲ လုပ်ပေးရင်
လှသထက်လှအောင် တီထွင်ဆန်းသစ်လာကြမှာဘဲ

it is very interesting!

Yeah!!! Thanks

Congratulations! This post has been upvoted from the communal account, @minnowsupport, by bobbylay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.