အကျိုးရှိရှိ ရပ်​တည်​ပါ

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာချမ်းသာကြပါ​စေ။

ဟိုတ​နေ့က အိမ်​ကအ​မေက ဖုန်းလာလို့ အားတက်​သ​ရော ဖုန်း​လေး​ကောက်​ကိုင်​မိပါတယ်​။ကိုယ့်​သတင်းက စထွက်​လာပြီ။သမီး​ကျောင်းပိတ်​ရက်​ ဘယ်​သွားလဲတဲ့။အဲ့​မေးခွန်း​မေကတည်းက အ​ကြောင်းတစ်​ခုသိလို့ ​ပြောရရင်​ ကျွန်​မမြို့ထဲသွားတာကိုသိလို့ ​မေး​သော​ကြောင့်​ဖြစ်​သည်​ကို သတိထားမိလိုက်​တယ်​။အဲ့​နေ့က ရန်​ကုန်​က အမတစ်​​ယောက်​ ​မန္တ​လေး အလုပ်​ကိစ္စနဲ့ လာတုန်း ​သွား​တွေ့မိတယ်​။သွား​တွေ့တယ်​ ဆိုတာလည်း သူ့​မေတ္တာသူ့ဆီပြန်​ဟပ်​တယ်​လို့ ဆိုရမယ်​ သူဆီမသွားရပဲ သူပြန်​သွားမှာကို ​ကြောက်​မိ၍ ​ကျောင်းပိတ်​တာနဲ့သွားလိုက်​မိတယ်​။ကိုယ်​ရန်​ကုန်​သွားတုန်း အစစအရာရာ ဂရုစိုက်​ပြီး ကူညီခဲ့တဲ့သူဆို​တော့ မသွား၍မ​ကောင်းဘူး​လေ။သူ့​မေတ္တာ၊​စေတနာက ကျွန်​မကို သူ့ဆီသွား​တွေ့​ဖို့ ​ခေါ်​ဆောင်​​နေသည်​။

image

သူ​ရောက်​တုန်း ကုသိုလ်​​တော်​ ဘုရားလိုက်​ပို့မယ်​လို့ စိတ်​ကူးထားတယ်​။နန်းတွင်းလည်း ဝင်​ခဲ့​သေးပါတယ်​။အားလုံး​ပျော်​​ပျော်​ရွှင်​ရွှင်​နဲ့ ကုန်​ဆုံးခဲ့​သော အချိန်​​တွေ သတိရ​နေမှာ အ​သေအချာပါပဲ။ အခုဏကိစ္စပြန်​ဆက်​ရရင်​...အ​မေကိုဘယ်​သူ​ပြောလဲ လို့ ​မေး​တော့ ငါ​ပြောမယ့်​လူ​တွေ​ပေါတယ်​တဲ့။ညည်းပြတိုက်​​တွေ ဘာ​တွေသွားလားတဲ့ အတိအကျဖြစ်​​နေပြီသတင်းက။ ​နောက်​ဆုံး​တော့ ဟုတ်​တယ်​လို့ပဲဝင်​ခံလိုက်​ရတယ်​။အ​မေက​တော့ ဘယ်​သူ​ပြောလဲဆိုတာ ကို ကျွန်​မ​မေး​သော်​လည်း သူ​ဖြေမသွားဘူး။မြို​ထဲ​တွေခဏခဏမသွားနဲ့ ဒါပဲတဲ့။ဖုန်း​ပြောလို့ပြီးသွား​ပေမယ့်​ ကျွန်​မအ​တွေး​တွေက မပြီး​သေးပါ။ဘယ်​သူလဲဆိုတာ သိချင်​​နေတုန်းပါ။

သေချာစဉ်းစားကြည့်​ရင်​ တရားခံက ကျွန်​မပါ။ကျွန်​မ ပုံ​တွေတင်​ပြီး facebookက​နေ ကြွားမိတယ်​​လေ။သြော်​....နည်းပညာ...နည်းပညာ မလွယ်​ပါ့လား။အရင်​တုန်းက ကိုယ်​​ပြောပြမှသိရ၊ကြားရတဲ့ သတင်း​တွေက အခု​တော့ ကိုယ်​မသိလိုက်​တဲ့အချိန်​​လေးအတွင်းမှာ လူ​ပေါင်းများစွာ သိ​နေကြပြီ။ကိုယ့်​ရဲ့ informationကို ​နေ့တိုင်း facebook​ပေါ်တင်​ပြီး အမှတ်​တရလုပ်​တယ်​၊အသိအမှတ်​ပြုကြတယ်​။အရင်​တုန်းက လူတစ်​​ယောက်​အ​ကြောင်းစုံစမ်းမှသာ သိနိုင်​​ပေမယ့်​ အခုက စုံစမ်းစရာမလို။သူ့ facebook account​လေး သိယုံနဲ့ သိနိုင်​ပြီ​လေ။

image

ဒါနည်းပညာ​ကြောင့်​ ပါပဲ။ကျွန်​မတို့မြန်​မာပြည်​မှာက Facebook ကို ရီးသားစကား​ပြောဖို့​လောက်​ပဲသုံးကြတာများတယ်​။အကျိုးမရှိတာ​တွေ လုပ်​​နေရတာကို ကိုယ့်​ကိုယ်​ကို ဆရာကြီးဖြစ်​​နေပြီဟုထင်​​​နေကြတယ်​။ကိုယ်​တင်​တဲ့ ပုံ​လေး likeများများရရင်​၊commentsများများရရင်​ ​ပျော်​​နေကြတယ်​။ဘာမဟုတ်​တဲ့အရာ​တွေကို အင်​တိုက်​အားတိုက်​ ဝိုင်းဝန်းလုပ်​​ဆောင်​​ပေး​နေကြတာ အမြင်​ပါပဲ။ကိုယ့်​ရဲ့ Data​တွေကို အလွယ်​တကူ ဆုံးရှုံး​ခံ​နေကြတာ။တခုခုဆို facebook​ပေါ်တက်​ပြီး တင်​ပြလိုက်​ရမှ ​နေသာထိုင်​သာ ရှိကြတာ။တခါတ​လေ ပျင်းလို့ သုံးတာမျိုးဆိုရင်​​တော့ လက်​ခံပါတယ်​။အချိန်​ပြည့်​နီးပါးဆိုရင်​​တော့ မ​ကောင်း​တော့ပါဘူး။ဆင်​ခြင်​ကြပါ။ပိုက်​ဆံလည်းကုန်​၊dataလည်း ဆုံးရှုံး မိ​အေးနှစ်​ခါနာဖြစ်​​နေတယ်​ဆိုတာ သတိရပါ။

Facebookသုးံတာ ရပ်​ပါ။မရပ်​နိုင်​ရင်​ ​လျှော့သုံးပါ။အကျိုးရှိရှိသုံးတာမျိုးဆိုရင်​​တော့ အား​ပေးပါတယ်​။
အားလုံးကို​ကျေးဇူးတင်​ပါတယ်​။
@thithisann

Sort:  

Nice place, great history, culture and tradition and even you look cute and all the pictures came out so perfect.

ဟုတ်​ကဲ့

ခင်​ဗျားလည်းများရင်​​လျှော့သင့်​ပီ