အားလုံးပဲ မင်္ဂလာပါ ရှင့်။ကျန်းမာချမ်းသာကြပါစေ။
ဒီနေ့တော့ pro postတွက်မတင်ရတော့ ဖိအားတော့ သိပ်မရှိဘူး။မဟုတ်ရင် စဉ်းစားပြီး အများကြီးရေးဖို့ ကြံစည်ရအုံးမှာ။ပင်ပန်းတာပေါ့နည်းနည်းတော့။အချိန်သိပ်မရဘဲ အလုပ်အားတဲ့ရက်တွေဆို ဘယ်လို အချိန်ပေးရမလဲ ထမင်းစားချိန်လေး အချိန်နည်းနည်းပေးရမလား၊ ချစ်သူအတွက် ပေးထားတဲ့အချိန်လေးထဲက ပေးရမလား ဆိုပြီး အမျိုးမျိုး စဉ်းစားဖူးကြမှာပါ။ကျွန်မကတော့ ကျောင်းသူဆိုတော့ အားတဲ့အချိန်တော့ရှိပါတယ်။သူငယ်ချင်းတွေသာ အချိန်မပေးဘူးဆိုရင်ပေါ့။
ဒီလို ပေါ့ပေါ့ပါးပါးလေးပဲ ရေးရတဲ့နေ့ဆို ဝန်မကြီးဘူး စိတ်ထဲမှာ လည်း လေးမနေဘူး။မဟုတ်ရင် စာရေးရအုံးမှာ ၊ပုံရှာရအုံးမှာ ဆိုပြီးနောက်ကြောင်းမရှင်းဘူး။ဒါပေမယ့် စာဖတ်သူကို ထိရောက်မယ့်၊အကျိုးရှိစေမယ့် messageတော့ ပေးသင့်တာပေါ့။ကိုယ်ရေးတဲ့စာ တိုတာ ရှည်တာ ထက် ဘယ်ရှုထောင့်ကနေ ဘယ်လိုလေး ထောက်ပြပြီးအကြံပြုပြောဆိုမလဲ၊ဘယ်လို ပေါ်လွင်အောင်ရေးသားရမလဲတော့ လိုတာပေါ့။ဒါမှလည်း နှစ်ဦးနှစ်ဖက် အကျိုးရှိစေမှာလေ။
အခုဒီစာရေးဖို့ အချိန်ပေးစရာမလိုဘူး proမဟုတ်တော့လေ။လူလည်း မပင်ပန်းဘူး ပေါ့ပေါ့ပါးပါးလေးရေးရတာကို။ဒါပေမယ့် proလို voteမရဘူး။commentမများဘူး။စိုက်ထုတ်မှုအား မတူရင် တန်ပြန်သက်ရောက်မှုကွာခြားတယ်။အရင်းအနှီးနည်းရင် အမြတ်လည်းနည်းမှာအသေအချာပါပဲ။ဘဝမှာလည်း အဲ့လိုပဲ ကိုယ့်ရဲ့စိုက်ထုတ်မှုပေါ်မူတည်ပြီး အမြတ်အစွန်းဆိုတာ ကွာသွားမယ်။အောင်မြင်မှုတွေ မတူတော့ဘူး။ဒါကြောင့် အမြဲတမ်း ကြိုးစားရမယ်၊အချိန်ပေးတာနဲ့တန်အောင်ပြန်ယူတတ်ရမယ်။တချို့ရှိသေးတယ် စိုက်ထုတ်သလောက် မရဘူးဆိုတာမျိုးတွေ။အဲ့လိုဆိုရင်လည်း စိတ်ဓာတ်မကျပါနဲ့ ။
အနည်းဆုံးတော့ ကိုယ်ကြိုးစားခဲ့တယ် စိုက်ထုတ်ခဲ့တယ်။လက်တွေ့မှာအကျိုးမထူးပေမယ့် အနာဂတ်အတွက် parcel ထုတ်ထားပြီးသားပါ။အတွေ့အကြုံတွေ၊ခံနိုင်ရည်အားတွေ။အားလုံးဟာ ကိုယ့်အတွက်ပဲကျန်ခဲ့မှာပါ။အမြတ်သာ မရချင်နေမယ် အရင်းမရှုံးပါဘူး။တစ်နေနေ့တော့ အရင်းပါမက အမြတ်ပါရလာမယ်ကျိန်းသေတယ်။ဒါကြောင့် ကြိုးစားပါ။အရာမထင်ထင်ကြိုးစားပါ။အမြတ်မရသေးသ၍ ဆက်လုပ်ပါ။ကံကြမ္မာတစ်နေ့ ကိုယ့်ဘက်လှည့်လာမှာပါ။ကြောင်ကြာကြာရေမငုံ့ပါဘူး။waiting...wait.. ..wait...finally , you are success.
အားလုံးကို ကျေးဇူးတင်ပါတယ်။လိုရာခရီးအရောက်လှမ်းနိုင်ပါစေ။
@thithisann
Author ThiThiSan
Msc 262
Ok good
Thanks
သဘောကျပီ ဟုတ်တယ် coin တေလဲ ဈေးတက်လာမာပါ ကြောင်ကြာကြာ ရေမငုပ်ပါဘူးလေ😂
တစ်နေ့တော့ဖြစ်လာမှာပါ
ကြိုးစားပါ့မယ်
ကြိုးစားကြိုးစား
ရေထဲ ကြကြာ. ငုပ်မနေနိုင်ပါဘူး.. သေသွားမှာ သူသက်ရှူဖို့ ရေပေါ်. ခနတော့ တက်လာအုးံမှာပါ😃😃😃😃
တက်လာမှာအသေချာပဲ စောင့်နေ
ကိုယ်စိုက်ပျိုးခဲ့တာကို ကိုယ်တိုင်ပဲရိပ်သိမ်းရမှာပါပဲ :-)
ဟုတ်တယ် ကိုယ်တိုင်ပဲရိတ်သိမ်းရမှာ
ကျေးဇူးပါ
အားပေးတဲ့ အတွက် ကျေးဇူးပါ
စိတ်ဓါတ်ရဲ့ကြံ့ခိုင်မှုကိုစာထဲမှာတွေ့လိုက်တယ်
အလွန်တော်ပါတယ်သမီး