အားလုံးပဲ မင်္ဂလာပါ ရှင့်။ကျန်းမာချမ်းသာ ကြပါစေ။
ဒီနေ့တစ်နေကုန် ကျောင်းပိတ်လို့လိုင်းတွေထိုင်သုံးနေလိုက်တယ်။ပျင်းတာကို သုံးပစ်လိုက်တာပေါ့။လိုင်းသုံးတိုင်းလဲ MSC gathering ပုံတွေတစ်နကုန် ပို့နေကြတော့ မသွားနိုင်တာ ဝမ်းနည်းမိတယ်။အခုလို တစ်နှစ်ပြည့်မှာ စုံစုံလင်လင်ဖြစ်ရင် ပိုကောင်းတာပေါ့။ပိတ်ရက်နဲ့ရက်တိုက်ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် မသွားနိုင်ခဲ့ဘူး။ကိုယ်လို ဘဝတူတွေလည်း တွေ့မိပါတယ်။သူတို့တွေလည်း မသွားရပေမယ့် ပုံတွေကြည့်ပြီး ကြည်နူးစိတ်တွေဖြစ်မိမှာ အသေအချာပါပဲ။
MSC နဲ့ပတ်သက်တဲ့ အကြောင်းတွေ၊တိုးတက်ဖို့အကြောင်းတွေ ဆွေးနွေးနေကြသည်များလည်း မသွားရပေမယ့် ပုံတွေကြည့်ပြီး သိလိုက်တယ်။လူအရမ်းကြီးမစုံလှပေမယ့် တကယ့် msc ကိုစပြီးပျိုးထောင်ပေးတဲ့ ဆရာတွေတော့ တော်တော်လေးစုံတယ်။ဘာပဲဖြစ်ဖြစ် အခုလိုပွဲလေးလုပ်ဖြစ်သွားတာ ကောင်းတယ်။အရင်ကဆို လေလှိုင်းထဲမှာပဲ ခက်ကြမင်ကြရင်းနှီးကြရတာကို။အခုအပြင်မှာ လူချင်းတွေ့ရတော့ ရင်းနှီးမှုတွေပိုရကြတယ်။msc ရဲ့မိသားစုဝင်တွေ အဖြစ်မှတ်ကျောက်တင်ခြင်းတစ်မျိုးပါပဲ။
မနက်အာရုံဆွမ်းလောင်းလှူတဲ့ပုံတွေ ပို့ကြတော့လည်း တကယ်ကိုဝမ်းမြှောက်မိပါတယ်။လူကိုယ်တိုင်မလာနိုင်ကြတဲ့ ကျန်မိသားစုဝင်တွေအတွက် သာဓုခေါ်ရတာပေါ့။အခုလို msc အနေနဲ့ အလှူပွဲတွေလုပ်ဖြစ်တာတွေ့ရတော့ သာဓုလည်းခေါ်မိတယ်၊ဝမ်းလည်းဝမ်းမြောက်မိပါတယ်။ကျွန်မတို့ MSCကြီးရေရှည်တည်တန့်ဖို့ အုတ်မြစ်ချတယ်ဆိုလည်း မမှားပါဘူး။အားလုံးအတွက်အမှတ်တရတွေလည်းရှိကြမယ်ဆိုတာ ပြေးကြည့်စရာပင်မလိုပါ။
ဒီနှစ်အတွက်တော့ ကျွန်မ msc member ဝင်တစ်ရောက်အနေနဲ့ မတက်ရောက်ဖြစ်ခဲ့တဲ့အတွက် အနူးအညွတ်တောင်းပန်ပါတယ်။တာဝန်မကျေသလိုလည်း ခံစားမိတာအမှန်ပါ။နောက်နှစ်များအတွက် ကြိုးစားပါ့မယ်။MSC မှဆရာကြီးတွေ၊သူငယ်ချင်းတွေနဲ့လည်း အပြင်မှာတွေ့ခွင့်ရချင်ပါသေးတယ်။နောက်နှစ်များဆိုရင်တော့ ပိုပြီးလူစုံပြီး ဒီနှစ်ထက်မက ပျော်စရာတွေအများကြီးရှိမယ်၊အလှူတွေအများကြီးလုပ်နိုင်မယ်၊ဒီနှစ်ထက်ပိုပြီးရင်းနှီးကြမယ်ဆိုတာ တွေးယုံနဲ့တင်သိနိုင်ပါတယ်။
အားလုံးက အားလပ်ရက်နဲ့တိုက်လို့လာတယ်ဆိုပေမယ့် အခြားအလုပ်တွေဘေးခေါက်ပြီး msc ကိုဦးစားပေးကြခြင်းကြောင့် တက်ရောက်ကြတာပဲဖြစ်တယ်။တကယ်ကို တာဝန်ကျေပြီး ခေါင်းဆောင်တွေပီသကြပါတယ်။နောင် msc member ဝင်အသစ်တွေအတွက် အတုယူပြီးအားကျစရာကောင်းတယ်။ အခုလို စည်းလုံးညီညွတ်ခြင်းကကို အခြားအဖွဲ့များနဲ့မတူ msc ရဲ့ထူးခြားချက်ဖြစ်ပေမည်ဟုထင်မိပါတယ်။ငွေဆိုသော အရာကြောင့် လိုင်းပေါ်မှာ တွေ့ဖြစ်ကြတယ်ဆိုပေမယ့် အခုလို မိတ်ဆွေသစ်မိတ်ဆွေကောင်းတွေလည်း ရကြတယ်။ဝါဒနာတူလမ်းကြောင်းတူလျှောက်လှမ်းကြတဲ့ မိသားစုဝင်တွေ ပန်းတိုင်တစ်ခုဆီဦးတည်နေပြီ။အဲ့ဒီပန်းတိုင်သည်လည်း စည်းလုံးခြင်းကြောင့် ပဲ ရမယ်ဆိုတာ အသေအချာပါပဲ။
အခုလို စည်းလုံးတဲ့ msc ၊ ပန်းတိုင်တွေဆီကို ဗျုဟာအသစ်တွေနဲ့ ချီတက်တဲ့msc၊ မိတ်ရင်းဆွေရင်းတွေလို ရင်းနှီးဖော်ရွေတဲ့ member တွေနဲ့ ပေါင်းစည်းထားတဲ့ msc၊ စည်းကမ်းတွေနဲ့ စည်းစည်းလုံးလုံး လိုက်နာတဲ့ msc ဤကဲ့သို့သော အဖွဲ့အစည်း၏ member ဖြစ်ခွင့်ရတာ ကျေနပ်တယ်။ကျွန်မချစ်သော msc ကြီး အမြဲတမ်း အေးချမ်းပါစေ။
အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီနှစ်အတွက် တောင်းပန်စာလို့လည်းပြောလို့ရပါတယ်။နောင်နှစ်များတ9ွင် ကြိုးစား၍ တွေ့ဆုံပွဲအား လာမည်စိတ်ကူးထားပါသည်။
Photo crd:facebook
@thithisann
Author Thi Thi San
Msc 262
မိန့်ခွန်းပြောနေပုံ နဲနဲ အမှောင်ကျတယ်
အမောင်ကျ အမကြောင်တာပေါ့
မျက်မှန်တပ်တော့ ဟတ်ထိုးထည့်ထားတယ်ဟ
နောက်က အလင်းရောင်များနေလို့ပါခင်ဗျ ဖုန်းလေးတွေနဲ့လျှပ်တပြက် ရိုက်ချက်လေးတွေမို့ပါခင်ဗျ
သူများပုံတွေ ယူပီးတင်လိုက်တာ
ရပါတယ် ဒီနှစ်မဟုပ်လဲ လာမဲ့နှစ် တောင်ကြီးပေါ့
ဟုတ် ဆုံကြမယ်လေ
လာမယ့်နှစ် တောင် ကြီးမှာ တွေ့ကြမယ်။Fighting.
Fighting
ကိုယ်တိုင်မသွားရောက်နိုင်ခဲ့တော့ပုံတွေကြည့်ပြီးပျော်နေရတယ်...သွားရောက်နိုင်သူများကိုလည်းလေးစားပါတယ်။
အတူတူပေါ့လေ မသွားဖြစ်တာ
Congratulations! This post has been upvoted from the communal account, @minnowsupport, by bobbylay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
နောင်နှစ်ကိုကြိုးစားပြီးလာကြပါလို့တိုက်တွန်းပါရစေ
အလွန်ပျော်ရွှင်ကြည်နူးစရာကောင်းလို့ပါသမီးရေ
ပုံတွေကြည့်ပီး ပျော်မိပါတယ် လာနိုင်အောင်ကြိုးစားပါ့မယ်ရှင့်
နောက်နှစ်ပေါ့ဗျာ
ဟုတ်ကဲ့ပါရှင့်နောက်နှစ်ပေါ့
တစ်ကယ်ပျော်စရာကောင်းတဲ့ အလှူ ဒါနနဲ့ ပြည့်စုံတဲ့
MSC gatheringပွဲတော်ကြီးပေါ့ကွာ
MSC ပွဲတော်ကြီး
တူတူပါပဲဗျာ မသွားဖြစ်ဘူး
အဲဗျာ ကျနော်တို့တောင် review ပြန်စရာမလိုအောင် ရေးသွားတာ ကောင်းတယ်ဗျာ။ ဒီနှစ်မတွေ့ဆုံလိုက်ရပေမယ့် နောက်နှစ်တွေ တွေ့ဆုံကြမယ်ဗျာ။
MSC ကိုကြိုက်ရုံကြိုက်သူများကတော့မလာနိုင်ပါ၊ မြတ်မြတ်နိုးနိုးချစ်သူများကတော့ မဖြစ်ဖြစ်အောင်လာကြပါတယ်။MSC ကိုချစ်နိုင်ကြပါစေဗျာ။