အပိုင်း(၁၉)
ချမ်းသာ တို့ လက်ပံပင်အောက်ရောက်တော့ ထိုင်လိုက်ကြသည်။အားလုံးထဲမှာ အတက်ကြွဆုံးသူ ဖြစ်နေသည်။ သူတို့နေရာနဲ့ခပ်လှမ်းလှမ်းမှာ တရွာလုံးရဲ့ ကျေးဇူးရှင် ရေကန်ကြီးရှိသည်။ပြောရရင်အရင်တုန်းကအပျိုလေးတွေ showပြတဲ့၊အလှပြိုင်တဲ့နေရာဆိုလည်းမမှားပေ။ရေခပ်ဆင်းချိန် ညနေဆည်းဆာ ဆိုရင် အတော်ပင် တက်ကြွနေကြတတ်သော လုံမေတို့တသိုက် သနပ်ခါး ပါးပေါ်တင်သေချာဘီးလိမ်းထားသည်မှာ မြင်ရသူအဖို့တွက်တော့ အမေပြောတဲ့ အမောပြေလေပေါ့။ချမ်းသာတို့ နာရီဝက်လောက်ကြာတော့ ခပ်လှမ်းလှမ်းမှ ရယ်သံတချို့ကြားနေရသည်။ ဘယ်သူဘယ်ဝါအသံဆိုတာ မသည်းကွဲပေ။ချမ်းသာ တောသားကြီး ရင်ခုန်နေလေပြီ။ လူပျိုသဘာဝ ခေါင်းလေးသပ်လိုက် အင်္ကျီကို အောက်ဆွဲချလိုက်နဲ့အလုပ်ရှုပ်မေသည်ကို ကြည့်ပြီး တပည့်များပင်မနေနိုင်ရယ်တော့သည်။"ဆရာ တယောက် နေမသိထိုင်မသာဖြစ်နေတယ်နဲ့တူတယ်.."ဆိုပြီး ဝိုင်းဟားရင်းသတိလက်လွှတ်ပြောလိုက်သည်။ သို့သော် ချမ်းသာ စိတ်ဆိုးရမည်ကိုမေ့နေတော့သည်။ ဟိုလျှောက်ဒီလျှောက်နဲ့ "အေးကွ ဘယ်လိုဖြစ်မှန်းကိုမသိဘူး..ဒါပထမဆုံးအကြိမ်ဖြစ်လို့နဲ့တူတယ် ငါဒါမျိုးတွေ တခါမှမတွေးခဲ့ဖူးဘူး တွေးရမှန်းလည်းမသိခဲ့ဘူး ဘဝနဲ့ ငါ ၊ငါနဲ့ ဘဝ ဒါပဲသိခဲ့တာ..အဲ့တော့မကြုံဘူးတော့ ရင်ခုန်တာထက်ရင်တုန်နေတာကွ" "ဆရာ ကလည်း ဆရာ့ကြိုက်နေတဲ့ကောင်မလေးမှမရှိသေးတာဗျ..အခုဟာက အခုမှစမှာလေ " ဟားဟား.. ဟားဟား နဲ့ တပည့်တယောက်ပြောသည်ကို ချမ်းသာရယ်ပြီး" အေး..တွေ့တော့တွေ့ထားတယ် မနက်ကကျောင်းသွားတုန်းက တွေ့ခဲ့တာကွ.." "အော်..ဆရာက တွေ့ပြီးသွားပြီပေါ့..ကပ္ပိယကြီးမေးတော့.." ပြောတုန်း ချမ်းသာ ဖြတ်လိုက်ပြီး" ငါမသေချာလို့ မရှိဘူးလို့ပြောလိုက်တာ ငါသူ့ကို ပြောရရင် ဆံပင်ပဲကောင်းကောင်းမြင်လိုက်တာ မျက်နှာက မသည်းကွဲဘူး အဲ့တော့.." ပြောနေရင်း စကားသံများကြားလိုက်ရသည်။ သူတို့နဲ့ သိပ်မဝေးလှတဲ့ နေရာကကြားနေရခြင်းဖြစ်သည်။ စကားသံများသဲသဲကွဲကွဲ ကြားနေရသည်။ သေချာပြီဒီတခါတော့ အသောပိုင်းက ကြားရတဲ့အသံက ရွာထဲက လင်မယားနှစ်ယောက် ညဘက်အကောင်ထောင်သွားခြင်းဖြစ်နေ၍ ချမ်းသာ ရှက်ကိုရှက်ကန်းဖြစ်သော်လည်း စကားပြောမပြတ်ဘဲ ဟန်မပျက် နေလိုက်သည်။
အခုတော့ အပျိုလေးတွေ တယောက်နဲ့တယောက် ကျီစယ် နေကြသည်ကို ကြားနေရသည်။ တို့လိုက် ဆိပ်လိုက်နဲ့ အိမ်မှာ ဗိုင်းကောင်း ကျောက်ဖိနေရ၍ အခုလိုချိန်တွင် လွတ်လွတ်လပ်လပ် ပျော်ပါးကြသည်။ ကျီစယ် ကြသည်။ တချို့ကာလသားတွေနဲ့ သနောက်ကြသည်။ ဤကဲ့သို့ လွတ်လပ်မှုလေးလည်း ရ၊ အလှတွေလည်း ပြင်လို့ရတဲ့ ညနေခင်းဆို အလိုလိုပျော်နေကြသည်။ ချမ်းသာ တို့ နေရာက ရေကန်ဆီသွားတဲ့ လမ်းသွယ်ရဲ့ လမ်းဘေးတွင် ရှိနေသည်မဟုတ်။ သို့သော်မဝေးလှပေ ဘယ်သူဘယ်ဝါ မြင်ရသည်။ ချမ်းသာတို့အဖွဲ့မြင်တော့ ပြောလက်စ စကားများပင် ရပ်သွားကြသည်။ ကိုယ့်လမ်းကို ပဲမှန်မှန်လျှောက်နေကြသည်။ ချမ်းသာ ဟိုတယောက်အား ရာကြည့်သည်။ ၅ယောက်အုပ်စု ဆိုတော့ ရှင်းရှင်းလင်းလင်း ကြည့်နိုင်သည်။ မျက်နှာအားမမှတ်မိသော်လည်း ဆံပင်အား သိနေ၍ "ဟာ..ဟိုကောင်မလေး..အဲ့ဒါသူပဲ သေချာတယ်ကွ.."ဆိုပြီး ပြုံးပြုံးကြီးနဲ့ အားရပါးရပြောနေပေမယ့် တပည့်များက သေချာမမြင်ရဘူးဆရာ ကျုပ်တို့ ရေကန်နားထိ သွားရအောင် ဆိုပြီး ပြောတော့ ချမ်းသာ "အေး..သွားမယ်ကွာ"ဆိုပြီးကြောက်ကြောက်နဲ့ပြောသည်။ ဘဝရဲ့လောကဒဏ်ကို အကြောက်မရွံ ဖြတ်သန်းခဲ့တဲ့ လူက အခုတော့ အချစ်နဲ့ တွေ့မှ "ရန်သူတစ်ရာ စီးချင်းထိုးနိုင်တယ် ..အချစ်မှာရင်မဆိုင်ရဲခဲ့" ဆိုတဲ့ထဲကလိုပဲ ရင်မဆိုင်ရဲမှန်း အမူရာတွေကသက်သေပြနေတော့သည်။တွန့်ဆုတ်နေ၍ အတင်းပင် ဆွဲခေါ်နေရသည်။
အပိုင်း(၂၀)ဆက်မည်
@thithisann
Fb acc:thithisan
Msc လျှောက်ထားဆဲ
ဝတ္ထုတစ်အုပ်စာ ရတော့မယ်