အားလုံးပဲ မင်္ဂလာပါ ရှင့် စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေရှင်
ကျမအခုတင်ပြမှာကတော့ လူမှုဘဝတွေမှာ နေ့စဉ်နဲ့အမျှလိုအပ်သော၊လူမှုဆက်ဆံရေးမှာအရေးပါသော ၊တစ်ဖက်သား၏စိတ်ကို ဆွဲဆောင်ရာမှာလည်း အရေးကြီးဆုံးတစ်ခုဖြစ်သော"တစ်ယောက်စကားတစ်ယောက်နားမှာ မခါးရအောင် ပျားတကာသို့ ချိုလှစေ" ဆိုသည့် ကဗျာလေးအတိုင်း ချိုသာသော စကားကို ပြောဆိုတတ်ဖို့ပါပဲ။
လူအတော်များများက အကြောင်းအရာ တစ်စုံတစ်ခု အဆင်မပြေဖြစ်သည့် အချိန်မျိုးတွင်မူ ချိုသာသောစကားပြောဖို့ မတတ်နိုင်ကြပေ။အကြောင်းမှာ လူတို့၏သဘာဝသည် မျှော်လင့်ထားသလို မဖြစ်လာသည့် ကိစ္စတစ်ခုတွက် ဒေါသများပေါက်ဖွားလာခြင်း၊ တစ်စုံတစ်ခုပေါ် မကျေမနပ်ဖြစ်ခြင်း၊ စိတ်ဓာတ်ခိုင်မာမှုနည်းခြင်းကြောင့် အားလုံးအပေါ် အကောင်းမမြင်ခြင်း စသည့် အခြေအနေများသည် အလိုလို စိတ်ကိုလွှမ်းမိုးသွားသည်။ဤအခြေအနေမျိုးတွင် ချိုသာသော စကားဆိုဖို့ မတတ်နိုင်ကြပေ။
မိတ်ဆွေအသေအခြာပြန်စဉ်းစားကြည့်ပါ ကိုယ့်ရဲ့ မျှော်လင့်ချက်လေးဆုံးရှုံးသွား တာနဲ့ပဲ စကားချိုချိုပြောဖို့ ခက်ခဲသွားရော့လား! ကိုယ့်ပတ်ဝန်းကျင်က လူတွေ၊ကိုယ့်မိသားစုတွေ၊ကိုယ့်လက်အောက်ငယ်သားတွေ အပေါ် ချိုသာသောစကားပြောဖို့ ရန် ဘယ်အရာနဲ့မှ မလှဲမိပါစေနဲ့။ မည်ကဲ့သို့သောအခြေအနေမျိုးပဲဖြစ်ဖြစ် တတ်နိုင်သမျှ ကိုယ့်စိတ်ကို ထိန်းထားပါ၊ ကိုယ်အဆင်မပြေတဲ့အချိန်၊ကျဆုံးတဲ့အချိန် တွေမှာ ဖြစ်ပေါ်တတ်တဲ့ စိတ်ရိုင်းတစ်ခုကြောင့် ကိုယ့်ဘေးနားက ကိုယ့်ရဲ့မိတ်ဆွေတွေ၊သူငယ်ချင်းတွေ၊လုပ်ဖော်ကိုင်ဘက်တွေအပေါ် မမှားသင့်တဲ့ ၊မပြောသင့်တဲ့ ဒေါသစိတ်၊အလိုမကျစိတ် တွေကို ထိန်းချုပ်နိုင်အောင်သတိနဲ့ ဆင်ခြင်တတ်ပါစေ။ဤကဲ့သို့သော စိတ်များသည် ချိုသာသောစကားကိုဆိုရန် အတားအဆီးဖြစ်နေတတ်သည်။
ချိုသာသော စကားကို ဆိုခြင်းသည် မင်္ဂလာတရားတွေက တစ်ခုပါပဲ။ ကိုယ့်ရဲ့အိမ်၊ကိုယ့်ရဲ့ဆိုင်တွေမှာ မင်္ဂလာရှိစေချင်တယ်၊ မင်္ဂလာအပေါင်းနဲ့ပြည့်စုံစေချင်တယ်ဆိုရင်တော့ ချိုသာသော စကားကို လည်းမမြဲတမ်းပြောဖို့မမေ့ပါနဲ့။ တစ်ဦးနဲ့တစ်ဦး စကားတစ်ခွန်းကြောင့် နီးရာကနေဝေးသွားတတ်တယ်။ အရင်းနှီးဆုံး ငယ်သူငယ်ချင်း တွေကနေပြီး မခေါ်မပြောဖြစ် နေသွားအောင်လည်း စကားတခွန်း လေးက ဖန်တီး နိုင်စွမ်းရှိတယ်။ဒါကြောင့် ကြမ်းတမ်းသောစကားကို မဆိုမိတာ အကောင်းဆုံးပါပဲ။
ကိုယ့်ရဲ့ လက်အောက်ငယ်သားတစ်ယောက်ကို ကိုယ်က ခိုင်းလိုက်တယ် အခြင်မပြေဘူး၊ခိုင်းလိုက်တဲ့ကိစ္စကို တာဝန်ကျေပွန်စွာမလုပ်ဆောင်နိုင်ဘူးဆိုရင် ခင်ဗျားဘာလုပ်မလဲ??? တချို့ကတော့ ဒါတောင်မလုပ်တတ်ဘူးလားဆိုပြီး ဒေါသမီးနဲ့အတူ လုပ်တတ်အောင်ပြန်သင်ပေးတယ်။တချို့ကျတော့ ဒါကဒီလိုရှိတယ်ဆိုပြီး သာသာယာယာပဲ ဖြေရှင်းပေးသွားတယ်။ အဲ့ဒီလူ နှစ်မျိုးစလုံးမှာ တူညီတာလည်းရှိတယ်၊မတူတာလည်းရှိတယ်။ တူတဲ့အချက်က ကိစ္စတစ်ခုကို ပြန်ရှင်းပြပေးတာပဲ။မတူတဲ့အချက်က ဖြေရှင်းပေးတဲ့နေရာမှာ သုံးတဲ့ လက်နက်မတူတာပါပဲ။ ဒေါသနဲ့အတူ ဖြေရှင်းပေးတဲ့ လူကို သူ့လက်အောက်ငယ်သားက ကြောက်ကြောက်နဲ့ ပြန်ပြီး တဖန်လုပ်ရတယ်။စိတ်ထဲမှာ မကျေနပ်တာလည်းရှိနေနိုင်တာပဲ။ အဲ့ဒီလိုဆရာမျိုးမှာ သူ့လက်အောက်ငယ်သားရဲ့ လေးစားမှု၊ရိုသေမှုဟာ ရာခိုင်နှုန်းနည်းနည်းပဲပြန်ရမယ်။ ဒေါသမပါပဲ အေးအေးဆေးဆေးနဲ့ သာသာယာယာလေးပဲ စကားချိုချိုသုံးပြီး ရှင်းပြပေးတဲ့ ဆရားမျိုးမှာကြတော့ ရာခိုင်နှုန်းပိုရတယ်။ အဲ့ဒီအပြင် ချစ်ခင်တွယ်တာမှုဆိုတဲ့ သံယောဇဉ် လည်းအပိုဆုအနေနဲ့ ရမှာအသေအချာပာပဲ။
ဤနှစ်ခုကွဲပြားချက်က ဘာလဲ??အရှင်းသားကြီးပါ ချိုသာသောစကားကို ဆိုတာနဲ့ ကြမ်းကြမ်းတမ်းတမ်း ဒေါသနဲ့ စကားကို ပြောတာပါပဲ။ ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေမှာတောင် စကားချိုချိုသုံးတတ်၇င် အရာအုံးလုံးအဆင်ပြေပြီး အောင်မြင်မှုရစေတယ်၊လူချစ်လူခင်ပေါစေတယ်။
ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ ကိုယ့်ရဲ့ အဆင်မပြေမှု တစ်ခုကြောင့် ကိုယ့်ဘေးနားကလူတွေအပေါ် ဒေါသမီးမတောက်ပါစေနဲ့။စကားကြမ်းကြမ်းမသုံးမိပါစေနဲ့။ ဘာတွေအဆင်မပြပြေ အရာအားလုံးဟာပြီးသွားမှာ ပါ ။ ချိုသာသောစကားကို ဆိုနိုင်ကြပါစေလို့ တိုက်တွန်းအကြံပြုရင်း နိဂုံး ချုပ်ပါရစေ။
အားလုံးကိုကျေးဇူးတင်ပါတယ်.....
@thithisann
Msc လျှောက်ထားဆဲ
စာရေးသားမှုကမဆိုးပါ၊ သင့်တော်ရာပုံလေးတွေထည့်ပေးပါ။
ဟုတ်ကဲ့ပါ ဆရာ ကျေးဇူးပါဆရာ
ရေးထားတာကောင်းပါတယ်သင့်တော်ဲုံလွှောထည့်ပေးရင်ပိုကောင်းပါမယ်။
ဟုတ်ကဲ့ပါရှင့် ထောက်ပြပေးတာကျေးဇူးပါ