မင်္ဂလာရှိသော ဆောင်းနံနက်ခင်းလေးပါ အကိုကြီး
ဆောင်းဝင်လာတော့ ကျန်မာရေး ဂရုစိုက်ဦးဗျ……
တိုက်ဆိုင်မှုလေးတွေကို တိုတိုတုတ်တုတ် ရင်ဖွင့်ခဲ့
မယ်ဗျ
အကိုကြီးပြောသလို ညီလေးတို့ နယ်စပ်မှာလည်း
အလုပ်လုပ်ရင် စကားပြောသာမကြိုက်ကြဘူးဗျ…
တရုတ်လူမျိုးတွေကိုပြောသာပါဗျ။သူတို့ရဲ့အယူအစက စကားပြောရင်းအလုပ်လုပ်ရင် အလုပ်မပြီးမြောက်နိုင်ဘူးလို့ ယူဆထားတယ်ဗျ
မှန်သင့်သလောက်တော့မှန်ပါတယ်လေ။
အလုပ်လုပ်ကိုင်ရာ၌လည်းတရုတ်တွေမှာမည့်သည့်အချိန်၌ပြီးမြောက်ရမယ်ဆိုတဲ့သက်မှတ်ချက်ထားရှိကြပါတယ်။သူတို့ခန့်မှန်းချက်ထက် ကျွန်နော်တို့မြန်မာတွေက ပိုလုပ်နိုင်စွမ်းရှိကြပါတယ်။
ပိုလုပ်ရင်လဲ…ပိုခိုင်းတက်ကြသာ တရုတ်လူမျိုးတွေရဲ့
အားနည်းချက်ဗျ။မြန်မာ့လုပ်သားတွေရဲ့စေတနာကို
တရုတ်တွေ နားမလည်တော့လဲ……အခုတော
ဖြတ်ထိုးဥာဏ် မှာ အစွန်းတဖက်ထိအောင်တက်မြှောက်
ကျွမ်းကျင်ကြတဲ့ ကျွန်နော်တို့ မြန်မာတွေမှာ
အခုတော့……(ပုံမှန်ပေါ့ကွာ) ဆိုတဲ့ခံယူချက်တွေ
ရှိနေကြပြီဗျ……
မြန်မာတွေဆင်းရဲပေမယ့်
စိတ်ဓါတ်တွေချမ်းသာသေးပါတယ်အကိုကြီးရယ်……တပါးသူတွေရဲ့ဖျက်ဆီးခြင်းမခံရဘူးဆိုရင်ပေါ့ဗျာ။
ကျွန်နော်တို့ဆီမှာ တရုတ်စကားပြောခြင်းကို ထ္မင်းစားရေသောက်လောက်မှမပြောတက်ရင်တော့
အရာရာမှာ ဘာတခုမှအဆင်မပြေဘူးဗျ။
ကိုယ့်မြေ ကိုယ့်ရေမဟုတ်တော့လည်း ခံပြင်းစိတ်က
ရင်၌အစိုင်အခဲကြီးဖြစ်နေမိမယ်ဆိုသာကို ညီတစ်ယောက်ထက်တူခံစားမိပါတယ်လို့
လိုရင်ဖွင့်ပြောကြားရင်း………@thura
You are viewing a single comment's thread from: