လူ့စိတ်ဟာ လွန်စွာမှ ဆန်းကြယ်ပါတယ်။မည်သူမျှ မလွန်ဆန်နိုင်သော ရုပ်လှခြင်း မလှခြင်းဆိုသည့် ကံကြမ္မာ၏ စီမံရာကို ပိုင်ဆိုင်ကြရတယ်။ဒါကိုပဲ လွန်ဆန်ချင်သူအချိုက ခွဲစိတ်ပြုပြင်မှုစတဲ့ နည်းပညာအမျိုးမျိုးနဲ့ လှပအောင် ပြုပြင်ကြပြန်တယ်။မိမိ၏ စိတ်အရှင်သခင်ကိုတော့ ခြယ်မှုန်းရန် မေ့နေကြတတ်တယ်။
စိတ်လှမှ စာရိတ္တလှပေမည်။စိတ်မခိုင်လျှင် စာရိတ္တပျက်ပြား၍ ကိုယ်ကျင့်တရား ချို့ယွင်းနိုင်ပေသည်။ဒေါသ၊မောဟ၊မာနသည် ယဉ်ကျေးမှုအဆင့်အတန်းကို ပျက်ယွင်းစေနိုင်သည်။လူ့အဖွဲ့အစည်းတွင် ရှင်သန်နေထိုင်ရာတွင် ကိုယ်ကျင့်တရားကောင်းမွန်သူသည်သာလျှင် လူအများရဲ့ ယုံကြည်မှုကိုရပေလိမ့်မည်။သူတော်ကောင်းတရား ခုနစ်ပါးတွင် မကောင်းမှုကိုပြုရန်ရှက်ခြင်းနဲ့ ကြောက်ခြင်းတရား နှစ်ပါးသည် အခြေခံကျသည်။အရှက်အကြောက်မရှိသူထံတွင် အကျင့်သီလ မပြည့်စုံနိုင်ပေ။
လူတို့သည် ကိုယ့်သမိုင်းကိုယ် ရေးကြရပေသည်။နေ့စဉ်နဲ့အမျှ ကိုယ်၊နှုတ်၊နှလုံး အမူအရာများနဲ့ ရေးခြယ်နေကြသည်။ကိုယ်ကျင့်တရားမဲ့သူဟာ လောဘ၊ဒေါသ၊မောဟစိတ်တို့ရဲ့ ခိုင်းစေတဲ့အတိုင်း ပြုမူလှုပ်ရှားကြလို့ မကောင်းမှုဒုစရိုက်လမ်းကို ဦးတည်ပြီး လမ်းမှားရောက်ကြရတယ်။မကောင်းမှုကြောင့်ရလာတဲ့ ဥစ္စာနဲ့အောင်မြင်မှုတို့ကြောင့် စိတ်နှလုံးကိုမအေးချမ်းစေနိုင်ပါ။အမြဲ အရိပ်မဲလိုက်နေတယ်။ကိုယ့်သမိုင်း ကိုယ်ရေးကြရတာမို့ ဖြူစင်တဲ့ ကိုယ်ကျင့်တရားလေးနဲ့ မှတ်တမ်းကောင်းလေးနဲ့သာ ရေးကြပါစေလို့ တောင်းဆုပြုလိုက်ရပါတယ်။
Photo Credit; Facebook image
@thuzartun
Sneaky Ninja Attack! You have just been defended with a 4.60% upvote!
I was summoned by @thuzartun. I have done their bidding and now I will vanish...
woosh
A portion of the proceeds from your bid was used in support of youarehope and tarc.
Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?