Star Story (part-4 ) မှ အဆက်....
ကြီးမားလှတဲ့မေတ္တာ....ကြီးမားလှတဲ့သစ္စာနဲ့...ကာလရှည်စွာ စောင့်စားခဲ့ရခြင်းရဲ့ လမင်းဖိုရဲ့ နိဂုံးမှာ သူတော်စင်ဟာ...လမင်းဖိုကို မီးသဂြိုလ်ပြီး... ကျန်ရစ်တဲ့ သူ့ရုပ်ကြွင်းပြာတွေကို...သူအနှစ်နှစ် အလလ...သိမ်းထားခဲ့တဲ့ လမင်းဖိုရဲ့...မျက်ရည်ကြေးဖလားခွက်ထဲကို...ရောထည့်လိုက်တယ်တဲ့....။
ပြီးတော့...ဖြေးညှင်းတဲ့ခြေလှမ်းနဲ့ တောင်ထိပ်က ကျောက်စွန်းတစ်ခုပေါ်ကိုတက်တယ်...။ မှောင်မိုက်နေတဲ့ မိုးကောင်းကင်ကိုမော့ကြည့်ပြီး... လမင်းဖိုရဲ့ မျက်ရည်ကြေးဖလားခွက်ကို ကိုင်မြှောက်ရင်း... သစ္စာဆိုလိုက်တယ်...။
' ကျွန်ုပ်၏.... နှစ်ပေါင်းများစွာ...ဘဝပေါင်းများစွာ.... ကျင့်ကြံအားထုတ်ခဲ့သော... ဒါန .... သီလ... ဘာဝနာ... မေတ္တာ တို့ကို...တိုင်တည်၍သော်လည်းကောင်း ...။ ဤကြေးဖလားခွက်မှ... ကြီးမားသော...မေတ္တာ...သစ္စာ....နှင့် ..မျှော်လင့်စောင့်စားခြင်း... မျက်ရည်များကို... တိုင်တည် ၍သော်လည်းကောင်း.... ကျွန်ုပ် သစ္စာဆိုပါသည်....။
ဤမှန်သောသစ္စာစကားကြောင့်... လမင်းဖို၏.... အလိုဆန္နတို့သည်....ပြည့်စုံရပါစေသား.... ' လို့
အလေးအနက် ဆုတောင်းပြီး... မျက်ရည်ကြေးဖလားခွက်ထဲက... ပြာရောထားတဲ့မျက်ရည်တွေကို...ကောင်းကင်ထက်ပေါ်...ပက်ဖြန်းလိုက်တာပေါ့...။
အဲ့ဒီ့အခါ... အလွန်ထူးဆန်းစွာပဲ...မျက်ရည်စက်တွေဟာ... မြေပြင်ပေါ်ကိုတစ်စက်မှပြန်ကျမလာတော့ဘဲ... ကောင်းကင်ထက်မှာ...ကြယ်တာရာတွေဖြစ်သွားပြီး...ကောင်းကင်တစ်ခုလုံး... ကြယ်တာရာတွေနဲ့ ပြည့်ဖုံးလို့သွားတော့တယ်... ။
သိပ်မကြာခင်ကာလတစ်ခုမှာ... လမင်းမလေးဟာ... နေမင်းကြီးရဲ့ ပူလောင်လှတဲ့ အပူရှိန်ကို... မခံနိုင်တော့တာကတစ်ကြောင်း... လမင်းဖိုကို ကြာလာလေလေ... သတိရလေလေ ဖြစ်လို့ကတစ်ကြောင်း ကြောင့်... လမင်းဖိုဆီ ပြန်လာခဲ့တော့တယ်တဲ့...။
သူရောက်လာတဲ့အချိန်မှာ ...လမင်းဖိုကို ရှာလို့မတွေ့တာနဲ့ ... သူတော်စင်ကြီးဆီ... ပြေးသွားပြီး... သူတော်စင်ကိုတွေ့တော့....
' သူတော်စင်ကြီးရေ... အကိုလမင်းဖို ... ဘယ်များသွားနေတာလဲဟင်...' လို့ ... မေးလိုက်တော့... သူတော်စင်ကြီးက... သူ့ကိုရီဝေတဲ့မျက်လုံးနဲ့ကြည့်ရင်း ... စကားတစ်ခွန်းမှမပြောဘဲ... ကြယ်တာရာတွေကိုသာ... လက်ညှိုးညွှန်ပြပြီး... လမင်းမလေး အနားက.... ခေါင်းငုံ့ကျောခိုင်းပြီး... ထွက်ခွာသွားတော့တယ်...။
အဲ့ဒီနောက်တော့... လမင်းမလေးဟာ... လမင်းဖိုရဲ့အချစ်သက်သေ ကြယ်တာရာလေးတွေနဲ့ပဲ ...ကောင်းကင်ထက်မှာ... တစ်ကိုယ်တည်းပဲ ဝမ်းနည်းစွာသာနေရတော့တာပေါ့ကွယ်....။
ပုံပြင်လေးကတော့.... ဒါလေးပါပဲ...။ ။
အဆုံးထိဖတ်ရှုပေးလို့ကျေးဇူးအထူးပါ။
RSM-16
good post
good post
Good sis