မြန်မာစတီးမစ်မိသားစုဝင်များ ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ….
(၁) ကြွင်း စနေအထွန်း ဖွားဥာဉ်
(၁)ကြွင်း စနေအထွန်းဖွားဥာဉ်သည် စနေ(၀)ဂဏန်း၏ တန်ဖိုးအရ “ထင်ပေါ် လောဘ၊ စပ်စု” ဖြစ်သည်။ အထွန်းအိမ် နေရာ၏ သဘောမှာ “ထင်ပေါ် စပ်စု၊ ကြွားဝါ” ဖြစ်သည်။
ထို့ကြောင့် (၁)ခုကြွင်း စနေအထွန်းဖွားဥာဉ်သည် ထင်ပေါ်လောဘ နှင့် ထင်ပေါ်စပ်စုကြွားဝါ အင်အားနှစ်ခုပေါင်းသည့စရိုက်ဖြင့် သွားလာ လှုပ်ရှား နေထိုင် ပါက နေရာတစ်ကာပါဝင်တတ်ပြီး နှမ်းဖြူးသည့်သဘောမျိုး လုပ်တတ်မည်။ ပေါ့ပေါ့တန်တန် ပြောဆို လုပ်ကိုင်တတ်မည်။ ဟိတ်ဟန်ကောင်းခြင်း၊ ဟန်ဆောင်ခြင်း၊ ဂုဏ်မက်ကာ အကြွားသန်မှုတို့ကြောင့် အရှက်တကွဲ အကျိုးနဲ ဖြစ်ရပေမည်။
ထိုအဖွားဥာဉ်စရိုက်မျိုး အတိုင်းပြုမူနေထိုင်ကြပါက အနီးကပ်ပူးတွဲသမျှ လူအများနှင့် သော်လည်းကောင်း၊ အိမ်အတွင်းအတူနေ မိဘအုပ်ထိန်းသူ၊ ညီအစ်ကို မောင်နှစ်မများနှင့် သော်လည်းကောင်း၊ ဆန့်ကျင်မှု၊ မသင့်မြတ်မှုများ ဖြစ်ကြရသည့် အပြင်ရည်ရွက်ချက်၊ ပညာများပါထိခိုက်ကြရသည်။ မိတ်ဆွေအပေါင်းအသင်းများနှင့် အိမ်ထောင်ဖက်သားသမီး အတူနေများအပေါ် ထင်ပေါ်လောဘ စပ်စုလိုသော စိတ်နှင့်စိတ်နှင့် ဆက်ဆံမှုများကြောင့် လုပ်ငန်းကိုင်ခန်း၊ စီးပွားရေးများ၌ ယှဉ်ပြိုင်ခံရ ခြင်း၊ အလုပ်အကိုင်စီးပွားရေးများ တစ်ခုမှ တစ်ခုသို့ အမျိုးမျိုး ပြောင်းလဲရခြင်း၊ ရပ်ရေး ရွာရေး နိုင်ငံရေး အသင်းအဖွဲ့များ၊ အုပ်စုများအတွင်း၌လည်း ယှဉ်ပြိုင်မှု ရှုတ်ချမှုများ ခံကြရခြင်း၊ အိမ်ထောင်ဖက်အတူနေသားသမီးများနှင့်လည်း တကျက်ကျက် ဆူဆူ ပူပူ ဖြစ်ကြရသည့်အပြင် အိမ်ထောင်ဖက်နှင့် ကိုယ်ထိလက်ရောက် သတ်ပုတ်ရသည်အထိ ဖြစ်ကြရသည်။
အထွန်းအားဥာဉ် ဆိုးအားကောင်းပါက ကျား၊ မ အားလုံးတို့သည် အိမ်ထောင်ဖက် အတူနေအားလုံးတို့နှင့် ကွဲကြကွာကြရသည့်အပြင် အိမ်ထောင်ဆက် ပါများကြရသည် အထိ တစ်ကွဲတပြားစီဖြစ်ကြရကြောင်း ထိုးထွင်း၍ သိမြင် တတ်ရန် လိုအပ်ပါသည်။
Steemit Myanmar အချင်းချင်း မေတ္တာစိတ်ဖြင့်လက်တွဲခေါ်ဆောင် အောင်မြင်ကြ ပါစေ။
Steemit Myanmarအားလုံးကိုချစ်တဲ့
Author Tin Hlaing Oo
10041922
MSC-069
ဝ ကြွင်း မရဏဉာဉ် ရောက်သေးဘူးလားဗျ
Posted using Partiko Android
၁ ကြွင်းတောင် မကုန်သေးပါဘူးသားရယ်။
Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by tinhlaingoo from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Thank you.
အများကြီးဆိုတော့ မနည်းမှတ်ရမယ်ထင်တယ်ဆရာ။ဘယ်ပညာမဆို မလွယ်ပါဘူး။
ရေပေါက်ရေစက် ကြိမ်ကြိမ်သက်သော် ထဲနက်ကျယ်ဝန်း ပင်လယ်ထွန်း၏ ဆိုသလိုပေါ့ဗျာ။
စာအုပ်ထုတ်လိုက်ပါလားဆာတင်ရယ်
ထုတ်မှာကိုစိုး MSC မဂ္ဂဇင်းမှာဖေါ်ပြပြီးမှ
တစုတခဲ ဖတ်ရအောင် စာအုပ်ထုပ်ဆရာ
ကျွန်တော်လဲ တအုပ်အားပေးမယ်
ထုတ်မှာပါဗျာ။
စနေ အဓိပတိဖွား မို့တွက်ပေးပါ အုံး
တကယ် သိချင်တယ်ဆိုရင်
(၁) သိလိုတဲ့ပြဿနာ
(၂) မွေးနေ့သက္ကရာဇ် (တိတိကျကျမသိရင်) မေးချိန်
တို့နဲ့ https://web.facebook.com/Sayaaungmyin/?modal=admin_todo_tour မှာ မေးလို့ရပါတယ်ဗျာ။ ဆရာ ဟောအေးနေပါတယ်။
ဆရာ စာအုပ်ထုတ်လိုရနေပြီးနော်
Posted using Partiko Android
MSC မဂ္ဂဇင်းမှာဖေါ်ပြပြီးမှ ထုတ်ပါ့မယ်ဗျာ။
ဘာကြွင်းလည်းတော့ သိဘူဆရာ သိုက်ဖွား အဟောလေးလည်း လုပ်ပါအုံး
Posted using Partiko Android
လာမယ် ကြာမယ် အလှည့်ကျမို့
Defended (12.24%)
Everything You Need To Know About Sneaky Ninja
woosh Summoned by @tinhlaingoo Sneaky Ninja supports @youarehope and @tarc with a percentage of all bids.
Thank @sneaky-ninja
Warning! This user is on my black list, likely as a known plagiarist, spammer or ID thief. Please be cautious with this post!
our discord. If you believe this is an error, please chat with us in the #cheetah-appeals channel in