အတုယူစရာဂျပန်လူမျိုးများ

in #myanmar7 years ago

စာရေးသူရုံးတွင်အတူတကွအလုပ်လုပ်ကိုင်လျက်ရှိသောဂျပန်၂ယောက်ရှိသည်။တစ်ယောက်ကလူကြီးပိုင်း၊တစ်ယောက်က လူလတ်ပိုင်းဖြစ်သည်။သူတို့ ကိုကြည့်ပီး အားကျသောစိတ်ဖြစ်သည်။အလုပ်အတူလည်းတွဲလုပ်ဖူးတော့ သူ့တို့ စိတ်ဓါတ်ကိုမလေးစားဘဲမနေနိုင်။ပထမတစ်ချက်က ယဉ်ကျေးသိမ်မွေ့ခြင်းဂျပန်လူမျိုးတွေဟာ အလွန်ယဉ်ကျေးသိမ်မွေ့ကြပါတယ်။မျက်လုံးချင်းဆုံလျှင် ခေါင်းညိတ်၊ပြုံးပြတတ်ကြပြီး၊ မတော်တဆ တိုက်မိကြတဲ့အခါမှာ သူတို့က စတင်ပြီးတောင်းပန်တတ်ကြပါတယ်။ဒုတိယတစ်ချက်က အချိန်ကိုလေးစားခြင်းဂျပန်လူမျိုးတွေဟာ အချိန်ကို အလွန်လေးစားတန်ဖိုးထားကြပါတယ်။ချိန်းဆိုမှုတွေလုပ်တဲ့အခါမှာ အမြဲတမ်း ချိန်းဆိုထားတဲ့အချိန်ထက် စောရောက်နေလေ့ရှိပါတယ်။တတိယတစ်ချက်ကစည်းကမ်းရှိခြင်း
ဂျပန်လူမျိုးတွေဟာ အလွန်စည်းကမ်းရှိကြပါတယ်။အမှိုက်ပစ်တဲ့အခါမှာလည်း အမှိုက်ကို အမှိုက်ပုံးရှိတဲ့နေရာအထိ သယ်ပြန်ပီး အမှိုက်ပုံးထဲမှာပဲပစ်လေ့ရှိပါတယ်။စတုထ္ထအချက်ကတာဝန်ယူမှုရှိခြင်းဂျပန်လူမျိုးတွေဟာ ကိုယ့်တာဝန် ကိုယ်ယူလိုစိတ် ပြင်းထန်ကြပါတယ်။အလုပ်ကြိုးစားခြင်း
ဂျပန်လူမျိုးတွေဟာ အလုပ်အလွန်ကြိုးစားကြပါတယ်။ဝန်ထမ်းတွေဟာ အလုပ်ချိန်ထက် အမြဲတမ်း နာရီဝက် စောလာလေ့ရှိပါတယ်။အလုပ်လုပ်ရတာကို အလွန်နှစ်သက်မြတ်နိုးကြပါတယ်။ဂျပန်လူမျိုးတွေဆီမှာခိုင်မာတဲ့ ပန်းတိုင်နဲ့ အလုပ်ကိုဇွဲမလျော့ဘဲလုပ်သည်ဟုမြင်မိသည်။စာရေးသူအပါအဝင် Steemit သူငယ်ချင်းအားလုံးဂျပန်လူမျိုးတွေရဲ့ ကောင်းသောအကျင့်များကိုအတုယူလိုက်နာကြစေရန်စေတနာဖြင့်ရေးသားတင်ပြလိုက်ပါသည်။
Japan.jpg
Photo Credit By Google Image
Written By Than Than Soe(Steemit)

Sort:  

ဂျပန်လူမျိုးတွေကတော့တကယ်ကိုအားကျအတုယူဖို့ကောင်းပါတယ်အချိန်လည်းတိကျပါတယ်

ဟုတ်ပတစ်ကယ်ကြိုးစားကြတယ်

အလုပ်ကိုတကယ်လေးစာတဲ့လူမျိုးတွေ

ဟုတ်ပ အားကျစရာ

ယင်းနန့်ဇူး သူရို့ လူမျိုးတိအောင်မြင်စော်ဟိပါဖို့ အစ်မ

ဟုတ်ရေ

အတုယူစရာ လေးများပါ။