ငွေ
ဒီဆောင်းပါးခေါင်းစဉ်ကို ငွေလို့ ပေးထားပါတယ်။ရည်ရွယ်ချက်ကတော့ လူတိုင်းငွေကို အကျိုးရှိရှိအသုံးချတတ်စေချင်လို့ ဖြစ်ပါတယ်။Steemitအဖွဲ့သားအားလုံး ငွေကို လိုအပ်တဲ့နေရာမှာသုံးတတ်ကြပါစေ။
လူတိုင်းငွေဆိုတဲ့အသံကြားရင် လိုချင်ကြ မက်မောကြပြီး ငွေနောက်ကိုတစ်ကောက်ကောက် လိုက်ကြပါတယ်။လူတွေဟာ ငွေကို ဒုတိယ ဘုရားသခင်လို့လည်း ပြောတတ် ဆိုတတ်သတ်မှတ်ကြတယ်။ငွေဆိုတဲ့အရာက ဘာလဲ။ငွေဟာ လူဘောင်လောကမှာတော့ အရမ်းအသုံးဝင်ပါတယ်။ဘယ်အရာ ဘယ်ပစ္စည်းလိုချင်လိုချင် ငွေနဲ့ဝယ်ရတာ များ၍ ငွေဟာ အသုံးဝင်လာတာပါ။ဒါပေ့မဲ့ ဝယ်လိုမရတဲ့ အရာတွေလည်း ရှိပါတယ်။အကုန်လုံးကို ငွေနဲ့ဝယ်လို့ရတယ်လိုတော့ မထင်ပါနဲ့။သူအရာနဲ့သူတော့ ဝယ်လိုရမယ်။သုံးလို့ရမယ်။
သေမဲ့သူအသက်ကိုတော့ ငွေက မဝယ်နိင်ပါ။သေသွားတဲ့သူကို ပြန်ရှင်အောင် ငွေနဲ့ ယူလို့မရပါဘူး။ယမမင်းဆီက အသက်ပြန်ပေးပါလို့ ငွေနဲ့လှဲယူလို့မရနိင်ပါ။ဒါကြောင့်ငွေဟာ အရာရာ အကုန်ဝယ်လို့ မရပါ။ငွေကို အကျိုးရှိရှိ သုံးတတ်ဖို့လည်းလိုပါတယ်။မသုံးတတ်ရင် ငွေဟာ ဘာမှအသုံးမဝင်ပါ။"ငွေ သုံးတတ်ရင် အကျိုး
ငွေ မသုံးတတ်ရင် အဆိုး
ရေ သုံးတတ်ရင် ကောင်း
ရေ မသုံးတတ်ရင် မကောင်း
မြွေ ဖမ်းတတ်ရင် လွယ်
မြွေ မဖမ်းတတ်ရင် အဆွယ်"တို့ ရှိကြပါတယ်။
ငွေကို လူတိုင်းသုံးတတ်ရင် လူလောကမှ အကူအညီလိုတဲ့နေရာတွေမှာ အကူအညီပေးတတ်ရင် အရမ်းအကျိုးရှိပါတယ်။လောကကိုလည်း အလှဆင်ရာ ရောက်ပါတယ်။ကျော်တို့မြန်မာနိင်ငံမှာဆို အကူအညီလိုတဲ့နေရာတွေ ကျေးရွာ စာသင်ကျောင်း မိဘမဲ့ ဘိုးဘွားရိပ်သာ စတဲ့နေရာတွေမှ ငွေကို အသုံးပြုမယ်ဆိုရင် ဘယ်လောက်တောင် အကျိုးဖြစ်မလဲ ဆိုတာ တွေးကြည့်ယုံနဲ့ အရမ်းပိတိဖြစ်မိပါတယ်။ထိုနေရာမျိုးမှာ လိုအပ်နေတဲ့အတွက် ငွေကို အသုံးပြုစေချင်တယ်။အကျိုးပြုနိင်တဲ့သူတွေလည်း ပေါ်ပေါက်စေချင်တယ်။
ငွေကို လူတွေက မကောင်းတဲ့နေရာတွေမှာ အများဆုံးအသုံးပြုတတ်တာကို တွေ့ရှိရပါတယ်။အပျော်နဲ့ဆိုင်တဲ့နေရာ တွေမှာအများဆုံးအသုံးပြုကြပါတယ်။ကော်ဖီဆိုင် ဘောလုံးပွဲ night club ktv မာဆက်စတာတွေမှာ အသုံးပြုတတ်ကြတယ်။ထိုငွေတွေအတွက် အရမ်းနှမြောဖို့ကောင်းပါတယ်။ဤသို့သော် ငွေတွေကို လိုအပ်ချက်ရှိတဲ့နေရာတွေမှာ အရမ်းအသုံးဝင်ကြပါတယ်။ဒါကြောင့်ငွေကို အသုံးမပြု မသုံးမချတတ်ရင် ဘာမှ ကောင်းကျိုးမပေးဘဲ ဆိုးကျိုးဘဲပေးတတ်ပါတယ်။
ရေဆိုတဲ့အရာကလည်း သုံးတတ်ရင်ကောင်းပါတယ်။ရေရှားပါးတဲ့နေရာတွေ မိုးခေါင်ရေရှားတဲ့နေရာတွေမှာဆို အရမ်းအကျိုးရှိပါတယ်။ရေဟာ လူတွေအတွက် အသက်တစ်ခုလို့ပြောနိင်ပါတယ်။ထမင်းအသက် ၇ရက် ရေအသက် တစ်မနက်ဆိုတဲ့ စကားလည်း ရှိပါတယ်။ထမင်းကို အချိန်ကြာကြာမစားဘဲနေနိင်ပေ့မဲ့ ရေကိုတော့ အချိန်ကြာကြာမသောက်ဘဲ မနေနိင်ပါဘူး။ရေကိုတစ်နေ့တစ်ကြိမ်တော့ အများဆုံးသောက်ကြပါတယ်။ရေဟာ လူတွေအတွက်အကျိုးပေးတတ်သလို ဆိုးကျိုးလည်း ပေးတတ်ပါတယ်။ဒါကို အသုံးချတတ်ဖို့လိုပါတယ်။ရေဟာ လူတွေအတွက် တစ်ခါတစ်ရံမှာ အန္တာရယ်ပေးတတ်ပါတယ်။ရေကြီးတာတို့တွေဖြစ်တတ်ပါတယ်။ဒါကြောင့်ရေကို အကျိုးရှိအောင် သုးူံကြပါ။
မြွေဆိုတဲ့အရာကို ဖမ်းတတ်ရင်လွယ်ပြီး သူတို့သည်းခြေတွေဟာ ဆေးဝါးအဖြစ်အသုံးပြုတတ်တဲ့နေရာမှ အသုံးပြုရင် အကျိုးရှိပါတယ်။ဒါပေ့မဲ့ သူကိုမဖမ်းတတ်ရင်တော့ အဆွယ်နဲ့အပေါက်ခံရပြီး လူအသက်ကိုဆုံးရှုံးတတ်ပါတယ်။နောက်ပြီး မြွေကို အကျိုးရှိရှိ အသုံးချတတ်ရင် လူအသက်တွေအများကြီး ကယ်တင်နိင်ပါလိမ့်မယ်။
ငွေကို မကောင်းဖူးတဲ့သူတွေ ကိုင်ရင် စိတ်ကိုဖောက်ဖြားတတ်ပြီး ဆိုးကျိုးပေးတတ်တယ်။ဒါကြောင့်ငွေဟာ တန်ဖိုးရှိကြောင်း သိရှိနိင်ပြီး လူတွေအကျိုးရှိရှိ အသုံးချတတ်ပါစေ။ငွေ ရေ မြွေ ထို(၃)ခုကို သတိထားပြီး သုံးတတ်ကြပါစေ။
အစဉ်ကြိုးစားလျက်
12.3.2018/12:30pm
Author tunnaingwin
Msc.100
ငွေဆိုတာ ဒုတိယ ဘုရားသခင်လို့ သတ်မှတ်ကျတာပဲဗျာ
That's right.We need to spend my money for good matters.Money is a weapon for improvement.I think the best way to spend our money is donation.
တစ်ယောက်တစ်မျိုးတင်ပြပုံလေးတွေ ကောင်းတယ်ဗျို့
(စကားမစပ် အောက်ဆုံးက Author - @tunnaingwin )ဆိုရေးရင်ပိုလှသွားမှာနော်
ပတ်ချံတေ များရီးဖဲ နဲနဲခွဲပေးပါရား steem လေး ဝယ်ချင်လို့ပါ😋
ငွေဆိုတာသုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေးပါဘဲဗျာ
ငွေကြောင့် ပျက်စီးသလို ငွေကြောင့် ဂုဏ်တင့်တယ်နိုင်ပါတယ်
ဟုတ်ကဲ့ပါ...
ဒီငွေတွေကြောင့်ဘဲ လူတွေရဲ့စိတ်အထွေထွေ ပြောင်းလဲနေကြတယ်
Good post ပါဗျာ
ဟုတ်ကဲ့ သတိထားပါ့မယ်။
ငွေဆိုတာ မရှိမကောင်း ရှိမကောင်း ... ထဲမှာပါတယ်
ငွေနောက်လိုက်လို့ ဘဝပျက်သွားသူတေွများကြီးပါ
ငွေဆိုတာ မရှိမကောင်း ရှိမကောင်း
စနစ်တကျသုံးနိုင်အကောင်းဆုံး
ညီလေးလက်သံပြောင်တယ် good
ဟုတ်တယ်နော်
အရမ်း ကောင်းပါတယ် ငွေဆိုတာဟာ သုံးတပ်ရင် ဆေး ပေါ့ မသုံးတပ် ဘေးအန္တာရာယ်ပါ
ယျောားလေးတွေက ငွေရှိတဲ့ဒဏ်ကို များသောအားဖြင့်
မခံနိုင်ကြဘူး
မရှိမကောင်း ရှိမကောင်း
ရှာမနေတော့ပါဘူး ခွယ်
Money is second God
ငွေများရင် တရားနိုင်တယ်