လူတိုင်းကို မိတ်ဆွေဖွဲ့ပါ

in #myanmar7 years ago

#လူတိုင်းကို မိတ်ဆွေဖွဲ့ပါ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။
IMG_20180502_170533.jpg
ဒီတစ်ခါ ဆောင်းပါးလေးအမည်ကို "လူတိုင်းကိုမိတ်ဆွေဖွဲ့ပါ"လို့ ကျွန်တော် ခေါင်းစဉ်ပေးထားပါသည်။ဒီအမည်လေးက လူလောကမှာရှိသော သက်ရှိများကို မိတ်ဆွေဖွဲ့စေချင်သော ရည်ရွယ်ချက်လေးနဲ့ ရေးသားလိုက်ပါသည်။ထိုဆောင်းပါးလေးကို ဖတ်ရှုပြီး အသိပညာ တိုးအောင်ယူသွားစေချင်သည်။ဒါကြောင့် စာဖတ်တဲ့နေရာမှာရော စာရေးတဲ့အခါမှာ ဖြစ်သလိုမရေး မဖတ်ပါနဲ့။မိမိအတွက် အကျိုး အသိတွေရအောင် ယူပါ။သူတစ်ပါးဆောင်းပါးတွေကိုလည်း အားသာချက်ကိုအတုယူ အားနည်းချက်ကို ပြုပြင်ပေးကြပါ။သူတစ်ပါး ရေးတဲ့စာတွေအရမ်းကောင်းလျင် ချီးမွမ်းပေးပါ။ဝန်မတိုပါနဲ့။ကိုယ်လည်း သူလိုဖြစ်အောင်ကြိုးစားပါ။
IMG_20180502_170655.jpg
မိတ်ဆွေဖွဲ့နည်း အမျိုးမျိုးရှိကြပါသည်။သို့သော် လူတိုင်းက အမှုမဲ့ အမှတ်တမဲ့နေသောကြောင့် မသိရှိခြင်း ဖြစ်ကောင်းဖြစ်နိင်ပါလိမ့်မည်။သိရှိပြီး မလုပ်တဲ့ သူတွေလည်းရှိသလို သိပြီး လုပ်သောသူတွေလည်း ရှိကြပါသည်။သို့သော် သိပြီး လုပ်သောသူက အလွန်နည်းပါးပြီး လက်ချိုးရေလို့ရပါ၏။မိတ်ဆွေဆိုတာ လူတိုင်းမရှိမဖြစ်လိုအပ်သော အရာပါ။ထိုမိတ်ဆွေဖွဲ့နည်းစကားက အရမ်းလွယ်သလောက် လုပ်တဲ့သူလည်း နည်းသည်။
IMG_20180502_170814.jpg
ပထမဆုံး မိမိတို့အနေနဲ့လူတစ်ယောက်ကို မိတ်ဆွေဖွဲ့ရာတွေ ထိုသူရဲ့အမည်ကို ပထမဆုံး စာအုပ် (သို့မဟုတ်)စိတ်ထဲတွင် မှတ်ထားရမည်။စိတ်ထဲတွင် မှတ်လျင် စွဲနေအောင်မှတ်ပါ။သူကို ဘယ်နေရာမှာ မြင်မြင် မှတ်မိအောင် အမည်မှတ်ခြင်းကို လေ့ကျင့်ရပါမည်။ထိုသူတွေရဲ့အမည်တွေကို မှတ်မိရင်တော့ နောက်တစ်ဆင့်အနေနဲ့ ပြုံးတတ်အောင်လေ့ကျင့်ရမည်။လေ့ကျင့်တဲ့နေရာတွင် မှန်ရှေ့မှာ လေ့ကျင့်ခြင်းသည် ပိုပြီးတတ်လွယ်ပါသည်။အမည်မှတ်ခြင်းနဲ့ပြုံးခြင်းနှစ်ခုကိုလေ့ကျင့်ခြင်းသည် မိတ်ဆွေဖွဲ့ရာတွင် ပိုပြီး ထိရောက်ကာ အထောက်အကူပြုစေပါသည်။အမည်မှတ်ခြင်းသည် မိတ်ဆွေတစ်ယောက်ကို လမ်းတစ်နေရာသော်လည်းကောင်း တွေ့သည်ရှိသော် အမည်ခေါ်၍ နူတ်ခွန်းဆက်ပါ။အမည်ခေါ်၍ နူတ်ဆက်ခြင်းသည် မိမိမိတ်ဆွေကို လေးစားရာ ရောက်သလို့ မိမိမိတ်ဆွေရဲ့စိတ်ထဲမှာလည်း ပီတိဖြစ်ကာ ကျေနပ်စေပါသည်။
IMG_20180502_170926.jpg
နောက်တစ်ခုက မိတ်ဆွေတွေ့တိုင်း အမည်ခေါ်ပြီး မိတ်ဆက်ပေးပါ။ပြုံးရွှင်သောမျက်နှာနဲ့နှုတ်ဆက်ရင်တော့ ပိုပြီးပြည့်စုံပါ၏။မိမိမျက်နှာကိုမြင်ပြီး မိတ်ဆွေဖြစ်သူက အေးချမ်းမှုရသလို ချစ်ခင်မှုလည်း ရရှိစေပါသည်။အမည်ခေါ်မိတ်ဆက်ပြီးနောက် "မင်္ဂလာ" ဆိုတဲ့စကားလေးကို ထည့်သွင်းပြီး တန်ဆာဆင်ပေးကြပါ။ထိုသို နှုတ်ခွန်းဆက်သခြင်းကို အမြဲတမ်းလေ့ကျင့်ပါ။နှုတ်ခွန်းဆက်သခြင်းကို မကြောက်ကြပါနဲ့။အမြဲတမ်းပြောနေကြဆို တစ်ဖြည်းဖြည်း အဆင်ပြေပြီး အသားကျလာပါလိမ့်မည်။ထို မင်္ဂလာ ဆိုတော့ စကားလေးကို အမြဲတမ်းပြောဆိုလျင် မင်္ဂလာရှိသော သူဖြစ်လာပါလိမ့်မည်။
IMG_20180502_171135.jpg
မင်္ဂလာဟုပြောဆိုခြင်းသည် နှုတ်ဆက်ခြင်းတစ်မျိုးဖြစ်ပါသည်။နောက်ဆုံးတစ်ခုက လက်ဆွဲနှုတ်ဆက်ခြင်းဖြစ်ပါသည်။ထိုလက်ဆွဲနှုတ်ဆက်ရာတွင် ယောကျာ်းအချင်းချင်းလက်ဆွဲနှုတ်ဆက်ခြင်းက ပြဿနာမရှိသော်လည်း မိန်းကလေးတွေကိုတော့ လက်ဆွဲနှုတ်ဆက်ရာတွင် မြန်မာယဉ်းကျေးမှုအမြင်နဲ့ဆိုရင် ပြဿနာရှိသည်။ဒါကြောင့် လက်ဆွဲနှုတ်ဆက်ခြင်းကို အခြေအနေကြည့်ပြီး နှုတ်ဆက်ပါ။မိန်းကလေးတွေနဲ့လက်ဆွဲနှုတ်ဆက်ရာတွင် လက်ဖဝါးရဲ့ သုံးပုံတစ်ပုံကိုထိပြီး လက်ဆွဲနှုတ်ဆက်ပါ။နှုတ်ဆက်ရာတွင် လက်ကိုတင်းတင်းဆုပ်ကိုင်ပြီး မလုပ်ပါနဲ့။ဒါတွေကို အထူးရှောင်ရှားသင့်ပါသည်။

စာဖတ်သူများလည်း ဒီဆောင်းပါးလေးကိုဖတ်ရှုပြီး အသိပညာတိုးပါစေ။ဝေဖန်အကြမ်းပေးကြပါ။

(စကားလက်ဆောင်)

*လူတိုင်းကို မိတ်ဆွေဖွဲ့ပါ။

*မိတ်ဆွေတွေရဲ့ အမည်များကို အလွတ်ကျက်ပါ။

*မိတ်ဆွေတွေကို အပြုံးမျက်နှာနဲ့ မိတ်ဆက်ပါ။

*မိမိမိတ်ဆွေမြင်တိုင်း မင်္ဂလာ ပါလို့နှုတ်ခွန်းဆက်သပေးပါ။

*မိတ်ဆွေများ၏အရေးကိစ္စကို မိမိတတ်နိင်သလောက်ကူညီပေးပါ။

အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100
23.4.2018
14:30PM

Sort:  

မင်္ဂလာပါဗျာ 😁😁😁

မင်္ဂလာပါအကို

အကြံပြုစရာမလိုအောင်ပြည့်စုံနေပါတယ်.မှန်ကန်ပါတယ်။ဝေဖန်အကြမ်းပေး..အကြံပေး၊အဲဒီသတ်ပုံအမှားတခုပြင်လိုက်နော်..OK..

ဟုတ်ကဲ့အမ။ခုလိုအမှားထောက်ပြတာ ကျေးဇူးပါ။

ဗဟုသတရ​စေပါတယ်

အသိတရားတခုရလိုက်တယ်ဗျာ
ကျွန်တော်ကသူငယ်ချင်းနာမည်တွေအရမ်းမေ့တတ်တာ

ဟုတ်။ကြိုးစားပြီး မှတ်ကြည့်ပါ။မှတ်မိပါလိမ့်မည်

မှတ်​စရာများနှင့်​​ကောင်း​သောပို့စ်​ပါ...စကားလက်​​ဆောင်​အတွက်​လည်း​ကျေးဇူးပါ...

ဟုတ်။ခုလိုအားပေးတာ ကျေးဇူး @aster

မမလဲ တစ်ခါ တစ်ခါ နာမည် မေ့တတ်တယ်အေ မှတ်ထားမယ်နော် ဒါနဲ့ မမ နာမည် မမေ့ပုမလား😉

အယ် မေ့ပါဘူးကွယ်။အမြဲအမှတ်ရပါတယ်ဟီးဟီးဟီး

ဟုတ်​တယ်​ အစ်​ကို မိတ်​​ဆွေဖွဲ့​တော့မယ်​ ဆိုရင်​ ထိုသူရဲ့ အမည်​ကိုအရင်​သိ​အောင်​ကြိုးစားရမယ်​၊

မှန်ပ။အရင်ဆုံး အမည်က အရေးပါတယ်ညီ

Glad to meet you

မင်္ဂလာပါလို့နူတ်ခွန်းဆက်သလိုက်ပါတယ်ဗျာ😊😊

မင်္ဂလာ@lwanwai

ကျနော်ကတော့လူတိုင်းမိတ်ဆွေမဖွဲ့တက်ဘူးဗျ

Why?လူအမျိုးမျိုးစိတ်အထွေထွေရှိတတ်တော့ ခံယူတတ်အုံ အယူအဆမတူတာပါ

bro စာအရေးအသားက ရင်ကိုထိမိ စေပါတယ်ဗျာ မှတ်သားထားပါ့မ်

ခုလို အားပေးတာ ကျေးဇူးပါ

ကောင်းပါ့ဗျာ အ​ရေးအသားက​တော့ အတုယူရအုန်းမယ်​ဗျာ

ကျေးဇူပါ။အားဖြစ်စေပါတယ်

လူချစ်‌လူခင်‌များတာဟာ လာဘ်‌တစ်‌ပါးပါ။ အဓိက က ကိုယ်‌ ကလည်း သူတစ်‌ပါးကို ချစ်‌ခင်‌ဘို့လိုပါတယ်‌။လူတိုင်းကိုယ့်‌နာမည်‌ကို အ‌ခေါ်ခံချင်‌တာ မှန်‌ပါတယ်‌။

ဟုတ်ကဲ့ပါ။

လေ့ကျင့်တော့မယ် အစ်ကိုရယ်

မင်္ဂလာပါအကို

hi မင်္ဂလာပါဗျ

မိတ်ဆွေဖွဲ့ပေမယ့် ကိုယ်ကစကားနည်းတော့ခည်းအခက်သား

Hello!Glad to meet you!